မြန်မာပြည်မှ ပတ္တမြားငမောက် အပါအဝင် ဗြိတိန်ဘုရင်မကြီး သိမ်းပိုက်ထားသော ကမ္ဘာတဝှမ်းမှ စိတ်ဝင်စားဖွယ်ရာ ရတနာများ

ဗြိတိန်ဘုရင်မ အဲလိဇဘက် ကွယ်လွန်ပြီးနောက် ၄င်း ၏သရဖူမှ ရတနာအချို့ကို ပြန်လည်ရရှိရေးအတွက် အာဖရိကနှင့် အိန္ဒိယရှိ ပြည်သူများ၏ တောင်းဆိုသံများ ထွက်ပေါ်နေပါတယ်။ ကျန်ရစ်ခဲ့သော သရဖူအပါအဝင် ၄င်း၏အသုံးအဆောင်များတွင် ကမ္ဘာ့အရှားပါဆုံးနှင့် ဈေးအကြီးဆုံး ကျောက်မျက်ရတနာများ စီချယ်ထားကာ ယင်းကျောက်မျက်ရတနာများကို ဗြိတိသျှကိုလိုနီနိုင်ငံများမှ သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး မူလနိုင်ငံများနှင့် ပိုင်ဆိုင်မှု အငြင်းပွားနေပါတယ်။

ပြန်လည်ရရှိရေး တောင်းဆိုနေကြသည့် ရတနာများထဲမှ ထင်ရှားသည့်ရတနာနှစ်ခုမှာ အိန္ဒိယနိုင်ငံမှ Koh- i-noor စိန်နှင့် Great Star of Africa တို့ဖြစ်ပြီး ခန့်မှန်းတန်ဖိုး တလုံးလျှင် ဒေါ်လာ သန်း (၄၀၀) ခန့် တန်ကြေးရှိကြောင်း သိရပါတယ်။

Koh-i-noor စိန်သည် အလေးချိန် (၁၀၅.၆) ကာရက်ရှိကာ ၁၃၀၀ ပြည့်နှစ် အစောပိုင်းကာလများက အိန္ဒိယတောင်ပိုင်းမှ တူးဖော်ရရှိခဲ့သည်ဟု သိရပြီး ၁၉၃၇ ခုနှစ်တွင် အဲလိဇဘက်၏ မိခင်ဖြစ်သူ အဲလိဇဘက် အိန်ဂျလာမာဂရိဘိုးစ်လီယွန်းအတွက် ပြုလုပ်သည့် သရဖူ ၏ထိပ်ဖူးတွင် တပ်ဆင်လိုက်ပါတယ်။မဂိုဧကရာဇ်များ၊ အီရန်ဘုရင်များ၊ အာဖဂန်နစ္စတန်ဘုရင်များနှင့် ဆစ်ခ် မဟာရာဂျာများမှ မူလပိုင်ရှင်အဖြစ် အဆိုပြုကာ ပြန်လည်ရရှိလိုကြောင်း တောင်းဆိုနေကြပါတယ်။

ထိုစိန်ပွင့်မှာ အသက်ဆယ်နှစ်အရွယ် မဟာရာဂျာ Duleep Singh ထံမှ အရှေ့အိန္ဒိယကုမ္ပဏီက ၁၈၄၉ ခုနှစ်တွင် ရယူခဲ့ခြင်းဖြင့် ဗြိတိသျှတို့၏လက်ထဲသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်ပါတယ်။ ပထမ အင်္ဂလိပ်-ဆစ်ခ် စစ်ပွဲ စစ်ပြေငြိမ်းရေး စာချုပ်ဖြစ်သည့် လာဟိုးစာချုပ်တွင် Koh-i-noor စိန်ကို ဗြိတိန်ဘုရင်မကြီး ဗစ်တိုးရီးယားထံ ပေးအပ်ရမည်ဟု ထည့်သွင်းချုပ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။

အိန္ဒိယလွတ်လပ်ရေး ရပြီးတဲ့အခါမှာတော့ စိန်ကြီးကို ပြန်ပေးဖို့ ဗြိတိန်ဘုရင်မကြီးထံတောင်းဆိုခဲ့ပေမယ့် ပြန်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ၁၉၅၃ခုနှစ်မှာ နောက် တစ်ကြိမ်ထပ်တောင်းပါတယ်။ ဒါပေမယ့် ထပ်ငြင်းဆန်ခဲ့ပါတယ်။ အကြိမ်ပေါင်းများစွာတောင်းဆိုခဲ့သော်ငြား ငြင်းပယ်ခြင်းကိုသာခံခဲ့ရပါတယ်။ ဗြိတိသျှတို့ဟာ လက်အောက်ခံနိုင်ငံတွေက လုယူသိမ်းပိုက်ခဲ့တဲ့ မည်သည့်ရတနာကိုမှ ပြန်လည်ပေးအပ်ခြင်းမရှိခဲ့ပါဘူး။

ထို့အတူ Great Star of Africa အမည်ရ ကမ္ဘာအကြီးဆုံး Cullinan စိန်တုံးကြီးကို အာဖရိကတွင် ၁၉၀၅ ခုနှစ်က တွေ့ရှိခဲ့ပါတယ်။ ၃၁၀၆ ကာရက်ရှိ Cullinan စိန်တုံးကို စိန်ပွင့်ကြီး(၉)ပွင့်နှင့် စိန်ပွင့်ငယ်(၉၆)ပွင့်အထိ ဖြတ်ထုတ်ခဲ့ပြီး အများအပြားမှာ ဗြိတိသျှတို့၏ လက်ဝယ်တွင်ရှိနေပါတယ်။

Great Star of Africa သည် ဘုရင်မကြီး၏တောင်ဝှေ့တွင် ထည့်သွင်း အလှဆင်ထားပြီး Cullinan II ဟု လူသိများသည့် စိန်ကြီးကတော့ အင်ပီရီရယ်သရဖူတွင် တပ်ဆင်ထားပါတယ်။ ၄င်းသရဖူမှာ အဲလိဇဘက်ဘုရင်မ၏ ဖခင်ဖြစ်သူ ဆဌမမြောက် ဂျော့ဘုရင်အတွက် ၁၉၃၇ ခုနှစ်တွင် ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ၁၈၃၇ ခုနှစ်က ဗစ်တိုးရီးယားဘုရင်မကြီးအတွက် ပြုလုပ်သည့် သရဖူပုံစံကို အခြေခံထားခြင်း ဖြစ်ပါတယ်။

အင်ပီရီရယ်သရဖူတွင် စိန်(၂၈၆၈)လုံး၊ နီလာ(၁၇)လုံး၊ မြ (၁၁) လုံး၊ ပုလဲ(၂၆၉)လုံးနှင့် ပတ္တမြား(၄)လုံးပါဝင်ကာ ယင်းသရဖူကို ကွယ်လွန်သွားသည့် အဲလိဇဘက်ဘုရင်မကြီးက ၂၀၁၇ ခုနှစ်အထိ ပါလီမန်ဖွင့်ပွဲများတွင် ဝတ်ဆင်ခဲ့ပြီး ၄င်းသရဖူသည် အသက်(၉၀) အရွယ် ဘုရင်မကြီးအတွက် လေးလံလွန်းသဖြင့် ၂၀၁၉ ခုနှစ်တွင် George VI Diamond Diadem ကို ပြောင်းလဲဝတ်ဆင်ခဲ့ကြောင်း သိရသည်။

မြန်မာတို့၏ ကုန်းဘောင်ခေတ် နန်းစဉ်ရတနာကြီးဖြစ်သည့် ပတ္တမြားငမောက်ကို ဗြိတိသျှတို့ သိမ်းယူသွားကာ အင်ပီရီယယ် သရဖူတွင် တပ်ဆင်ထားသည်ဟု နာမည်ကြီးသော်လည်း ယခုအချိန်ထိ မြန်မာပြည်မှ မည်သူကမျှ ပြန်လည်တောင်းဆိုသံ မကြားမိသေးပါ။ အသက်(၉၆)ခုနှစ်အရွယ် ကမ္ဘာကျော် ဓမြကြီးသည် စက်တင်ဘာ(၈)ရက်က သေဆုံးသွားပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ျမန္မာျပည္မွ ပတၱျမားငေမာက္ အပါအဝင္ ၿဗိတိန္ဘုရင္မႀကီး သိမ္းပိုက္ထားေသာ ကမာၻတဝွမ္းမွ ရတနာမ်ား..

ၿဗိတိန္ဘုရင္မ အဲလိဇဘက္ ကြယ္လြန္ၿပီးေနာက္ ၄င္း ၏သရဖူမွ ရတနာအခ်ိဳ႕ကို ျပန္လည္ရရွိေရးအတြက္ အာဖရိကႏွင့္ အိႏၵိယရွိ ျပည္သူမ်ား၏ ေတာင္းဆိုသံမ်ား ထြက္ေပၚေနပါတယ္။ က်န္ရစ္ခဲ့ေသာ သရဖူအပါအဝင္ ၄င္း၏အသုံးအေဆာင္မ်ားတြင္ ကမာၻ႔အရွားပါဆုံးႏွင့္ ေဈးအႀကီးဆုံး ေက်ာက္မ်က္ရတနာမ်ား စီခ်ယ္ထားကာ ယင္းေက်ာက္မ်က္ရတနာမ်ားကို ၿဗိတိသွ်ကိုလိုနီနိုင္ငံမ်ားမွ သိမ္းပိုက္ခဲ့ျခင္းျဖစ္ၿပီး မူလနိုင္ငံမ်ားႏွင့္ ပိုင္ဆိုင္မႈ အျငင္းပြားေနပါတယ္။

ျပန္လည္ရရွိေရး ေတာင္းဆိုေနၾကသည့္ ရတနာမ်ားထဲမွ ထင္ရွားသည့္ရတနာႏွစ္ခုမွာ အိႏၵိယနိုင္ငံမွ Koh- i-noor စိန္ႏွင့္ Great Star of Africa တို႔ျဖစ္ၿပီး ခန႔္မွန္းတန္ဖိုး တလုံးလွ်င္ ေဒၚလာ သန္း (၄၀၀) ခန႔္ တန္ေၾကးရွိေၾကာင္း သိရပါတယ္။

Koh-i-noor စိန္သည္ အေလးခ်ိန္ (၁၀၅.၆) ကာရက္ရွိကာ ၁၃၀၀ ျပည့္ႏွစ္ အေစာပိုင္းကာလမ်ားက အိႏၵိယေတာင္ပိုင္းမွ တူးေဖာ္ရရွိခဲ့သည္ဟု သိရၿပီး ၁၉၃၇ ခုႏွစ္တြင္ အဲလိဇဘက္၏ မိခင္ျဖစ္သူ အဲလိဇဘက္ အိန္ဂ်လာမာဂရိဘိုးစ္လီယြန္းအတြက္ ျပဳလုပ္သည့္ သရဖူ ၏ထိပ္ဖူးတြင္ တပ္ဆင္လိုက္ပါတယ္။မဂိုဧကရာဇ္မ်ား၊ အီရန္ဘုရင္မ်ား၊ အာဖဂန္နစၥတန္ဘုရင္မ်ားႏွင့္ ဆစ္ခ္ မဟာရာဂ်ာမ်ားမွ မူလပိုင္ရွင္အျဖစ္ အဆိုျပဳကာ ျပန္လည္ရရွိလိုေၾကာင္း ေတာင္းဆိုေနၾကပါတယ္။

ထိုစိန္ပြင့္မွာ အသက္ဆယ္ႏွစ္အ႐ြယ္ မဟာရာဂ်ာ Duleep Singh ထံမွ အေရွ႕အိႏၵိယကုမၸဏီက ၁၈၄၉ ခုႏွစ္တြင္ ရယူခဲ့ျခင္းျဖင့္ ၿဗိတိသွ်တို႔၏လက္ထဲသို႔ ေရာက္ရွိသြားခဲ့ျခင္းျဖစ္ပါတယ္။ ပထမ အဂၤလိပ္-ဆစ္ခ္ စစ္ပြဲ စစ္ေျပၿငိမ္းေရး စာခ်ဳပ္ျဖစ္သည့္ လာဟိုးစာခ်ဳပ္တြင္ Koh-i-noor စိန္ကို ၿဗိတိန္ဘုရင္မႀကီး ဗစ္တိုးရီးယားထံ ေပးအပ္ရမည္ဟု ထည့္သြင္းခ်ဳပ္ဆိုခဲ့ျခင္း ျဖစ္ပါတယ္။

အိႏၵိယလြတ္လပ္ေရး ရၿပီးတဲ့အခါမွာေတာ့ စိန္ႀကီးကို ျပန္ေပးဖို႔ ၿဗိတိန္ဘုရင္မႀကီးထံေတာင္းဆိုခဲ့ေပမယ့္ ျပန္ေပးဖို႔ ျငင္းဆန္ခဲ့ပါတယ္။ ၁၉၅၃ခုႏွစ္မွာ ေနာက္ တစ္ႀကိမ္ထပ္ေတာင္းပါတယ္။ ဒါေပမယ့္ ထပ္ျငင္းဆန္ခဲ့ပါတယ္။ အႀကိမ္ေပါင္းမ်ားစြာေတာင္းဆိုခဲ့ေသာ္ျငား ျငင္းပယ္ျခင္းကိုသာခံခဲ့ရပါတယ္။ ၿဗိတိသွ်တို႔ဟာ လက္ေအာက္ခံနိုင္ငံေတြက လုယူသိမ္းပိုက္ခဲ့တဲ့ မည္သည့္ရတနာကိုမွ ျပန္လည္ေပးအပ္ျခင္းမရွိခဲ့ပါဘူး။

ထို႔အတူ Great Star of Africa အမည္ရ ကမာၻအႀကီးဆုံး Cullinan စိန္တုံးႀကီးကို အာဖရိကတြင္ ၁၉၀၅ ခုႏွစ္က ေတြ႕ရွိခဲ့ပါတယ္။ ၃၁၀၆ ကာရက္ရွိ Cullinan စိန္တုံးကို စိန္ပြင့္ႀကီး(၉)ပြင့္ႏွင့္ စိန္ပြင့္ငယ္(၉၆)ပြင့္အထိ ျဖတ္ထုတ္ခဲ့ၿပီး အမ်ားအျပားမွာ ၿဗိတိသွ်တို႔၏ လက္ဝယ္တြင္ရွိေနပါတယ္။

Great Star of Africa သည္ ဘုရင္မႀကီး၏ေတာင္ေဝွ႕တြင္ ထည့္သြင္း အလွဆင္ထားၿပီး Cullinan II ဟု လူသိမ်ားသည့္ စိန္ႀကီးကေတာ့ အင္ပီရီရယ္သရဖူတြင္ တပ္ဆင္ထားပါတယ္။ ၄င္းသရဖူမွာ အဲလိဇဘက္ဘုရင္မ၏ ဖခင္ျဖစ္သူ ဆဌမေျမာက္ ေဂ်ာ့ဘုရင္အတြက္ ၁၉၃၇ ခုႏွစ္တြင္ ျပဳလုပ္ေပးခဲ့ျခင္းျဖစ္ၿပီး ၁၈၃၇ ခုႏွစ္က ဗစ္တိုးရီးယားဘုရင္မႀကီးအတြက္ ျပဳလုပ္သည့္ သရဖူပုံစံကို အေျခခံထားျခင္း ျဖစ္ပါတယ္။

အင္ပီရီရယ္သရဖူတြင္ စိန္(၂၈၆၈)လုံး၊ နီလာ(၁၇)လုံး၊ ျမ (၁၁) လုံး၊ ပုလဲ(၂၆၉)လုံးႏွင့္ ပတၱျမား(၄)လုံးပါဝင္ကာ ယင္းသရဖူကို ကြယ္လြန္သြားသည့္ အဲလိဇဘက္ဘုရင္မႀကီးက ၂၀၁၇ ခုႏွစ္အထိ ပါလီမန္ဖြင့္ပြဲမ်ားတြင္ ဝတ္ဆင္ခဲ့ၿပီး ၄င္းသရဖူသည္ အသက္(၉၀) အ႐ြယ္ ဘုရင္မႀကီးအတြက္ ေလးလံလြန္းသျဖင့္ ၂၀၁၉ ခုႏွစ္တြင္ George VI Diamond Diadem ကို ေျပာင္းလဲဝတ္ဆင္ခဲ့ေၾကာင္း သိရသည္။

ျမန္မာတို႔၏ ကုန္းေဘာင္ေခတ္ နန္းစဥ္ရတနာႀကီးျဖစ္သည့္ ပတၱျမားငေမာက္ကို ၿဗိတိသွ်တို႔ သိမ္းယူသြားကာ အင္ပီရီယယ္ သရဖူတြင္ တပ္ဆင္ထားသည္ဟု နာမည္ႀကီးေသာ္လည္း ယခုအခ်ိန္ထိ ျမန္မာျပည္မွ မည္သူကမွ် ျပန္လည္ေတာင္းဆိုသံ မၾကားမိေသးပါ။ အသက္(၉၆)ခုႏွစ္အ႐ြယ္ ကမာၻေက်ာ္ ဓျမႀကီးသည္ စက္တင္ဘာ(၈)ရက္က ေသဆုံးသြားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*