
Steel Structure တွေ ခေတ်စားလာတော့ လက်သမားကလဲ ငါးသောင်းတန် ဝရိန်ပုံးလေးဝယ်ပြီး သံရိုက်တာနဲ့ ဝရိန်တို့တာပဲ ကွာတယ် ၊ ကျန်တာ အတူတူပါပဲ ဆိုပြီးဆော်တယ် ၊ ပန်းရံကလဲ သံလျှက်ပစ်ချပြီး ဆော်တယ် ၊ ချီကွေးကလဲ ဆော်တယ် ၊ သူတို့က ဆောက်လုပ်ရေး နယ်ပယ်ကမို့ ထားဦးး ။
ကားဘော်ဒီ ထုတဲ့ကောင်ကလဲ ကားသစ်တွေ ဝင်လာတော့ ခေတ်ပျက်ပြီး structure ဝင်ဆော်တယ် ။ ဆိုက္ကားသမားကလဲ ဆော်တယ် ၊ ဘုံဆိုက်မှာ ဘီအီး ငါးဆယ်ဖိုးသောက်တဲ့ ကောင်ကလဲ ဆော်တာ ပဲ ။သွားကြည့်တော့ အံသြစရာကောင်းလောက်အောင် နည်းပညာတွေနဲ့ လုပ်နေတာ တွေ့ရတယ်။
Connection ဆက်နွယ်မှုမသိ ၊ Building တစ်ခုဟာ ခုနှစ်နှစ် ကြာပြီးနောက် ကွေးခြင်း ဆန့်ခြင်း ဖြစ်တက်တယ်ဆိုတာ မသိ ၊ Steel ရဲ့ သဘောတရား နားမလဲ ၊ ရှင်းရှင်း ပြောရရင် ကိုယ်ဆော်နေတဲ့ ဝရိန် အသားရ မရ မသိ ၊ မီးပွင့်ရင် ပြီးကော ဆော် ၊ အံမယ် ဒါတောင် ဘိုးတော်တွေက ဝရိန်တစ်ချက် ဆင်တစ်သက်တို့ ၊ Save ဖြစ်သွားပြီလို့တောင် ပြောကြသေးတယ် ဗျ ။
ဆိုးတာက ပညာရှင်တွေ တန်ရာတန်ကြေး စျေးဖြတ်ထားတာကို သူတို့က ဖျက်လုပ်တယ် ။ ပညာရှင်တွေ တစ်ရာ ခေါ်ထားရင် သူတို့က ငါးဆယ်နဲ့ လုပ်တယ် ။ ဘယ်သူတွေ နစ်နာလဲ ၊ ပညာရှင်တွေ မနစ်နာဘူး မလုပ်ရလို့ ဘာမှ မဖြစ်ဘူ း၊ အိမ်ရှင်တွေ အရမ်းနစ်နာတာ ။
အိမ်ရှင်တွေကတော့ သနားစရာပါပဲ ။ သူတို့က ဝရိန်မီးလေး ဖျက် ဖျက်နဲ့ ပွင့်နေရင် ဆရာထင်နေတာ ။ စျေးကလဲ အောက်စျေးနဲ့ ခိုင်းရထားတော့ သဒ္ဒါတွေ ပိုနေတာပေါ့ ဗျာ ၊ ကိုယ်တွေနဲ့ တွေ့ရင်တောင် စျေးတောင်းကြမ်းလို့ဆိုပြီး ဂျင်းကောင်တွေ ဆိုပြီး အကြည့်နဲ့ ကြည့်တာဗျ ၊ ဂျင်းကောင် အစစ်က သူတို့ အိမ်ဆောက်ပေးနေတာ မသိရှာဘူး။
အိမ်ရှင်တွေ အနေနဲ့ သိန်း ရာချီကုန်ပြီး သားစဉ် မြေးဆက်နေမယ့် အဆောက်အဦးတွက် တစ်ကယ်တက်ကျွမ်း နားလည်သူသာ အပ်သင့်ပါတယ် ။သုံးနှစ်လောက်ပဲ သုံးရမယ့် ဖုန်းတစ်လုံးကို အမျိုးအစား သေချာရွေးသလိုပေါ့ ၊ ဒါက သိန်းဂဏန်းပဲ ရှိတယ်သေးတယ် ၊ အိမ်တစ်လုံးဆောက်မယ် သိန်း ရာချီကုန်မယ်၊ သားစဉ်မြေးဆက်နေ ရမယ် ၊ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေ ပညာရှင်တွေ မအပ်သင့်ဖူးလား ၊ အင်ဂျင်နီယာ မပါလဲ ဖြစ်တယ် ဆိုတဲ့ သဘောလား ။
ဒါတွေ ထားပါ ။ ပြောချင်တာက ၊ ခင်ဗျားတို့ အနေနဲ့ အင်ဂျင်နီယာ ၊ ပညာရှင် မပါပဲ အောက်စျေးနဲ့ အိမ်ဆောက်မိလျှင် နီးစပ်ရာ အင်ဂျင်နီယာ ပညာရှင်ကို ပြပါ မေးပါ ၊ ပိုက်ပိုက် မတောင်းပါဘူး အလာကား ပြောပြပါလိမ့်မယ် ။ မာန မကြီးပါဖူးဗျ ။ (Ko Kyaw Naing Construction)
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ေခတ္စားလာတဲ့ Steel Structure၊ သိန္းရာခ်ီကုန္မယ့္ သနားစရာ အိမ္ပိုင္ရွင္ေတြနဲ႕ ဂ်င္မမိၾကေစဖို႔..
Steel Structure ေတြ ေခတ္စားလာေတာ့ လက္သမားကလဲ ငါးေသာင္းတန္ ဝရိန္ပုံးေလးဝယ္ၿပီး သံရိုက္တာနဲ႕ ဝရိန္တို႔တာပဲ ကြာတယ္ ၊ က်န္တာ အတူတူပါပဲ ဆိုၿပီးေဆာ္တယ္ ၊ ပန္းရံကလဲ သံလွ်က္ပစ္ခ်ၿပီး ေဆာ္တယ္ ၊ ခ်ီေကြးကလဲ ေဆာ္တယ္ ၊ သူတို႔က ေဆာက္လုပ္ေရး နယ္ပယ္ကမို႔ ထားဦးး ။
ကားေဘာ္ဒီ ထုတဲ့ေကာင္ကလဲ ကားသစ္ေတြ ဝင္လာေတာ့ ေခတ္ပ်က္ၿပီး structure ဝင္ေဆာ္တယ္ ။ ဆိုကၠားသမားကလဲ ေဆာ္တယ္ ၊ ဘုံဆိုက္မွာ ဘီအီး ငါးဆယ္ဖိုးေသာက္တဲ့ ေကာင္ကလဲ ေဆာ္တာ ပဲ ။သြားၾကည့္ေတာ့ အံၾသစရာေကာင္းေလာက္ေအာင္ နည္းပညာေတြနဲ႕ လုပ္ေနတာ ေတြ႕ရတယ္။
Connection ဆက္ႏြယ္မႈမသိ ၊ Building တစ္ခုဟာ ခုႏွစ္ႏွစ္ ၾကာၿပီးေနာက္ ေကြးျခင္း ဆန့္ျခင္း ျဖစ္တက္တယ္ဆိုတာ မသိ ၊ Steel ရဲ႕ သေဘာတရား နားမလဲ ၊ ရွင္းရွင္း ေျပာရရင္ ကိုယ္ေဆာ္ေနတဲ့ ဝရိန္ အသားရ မရ မသိ ၊ မီးပြင့္ရင္ ၿပီးေကာ ေဆာ္ ၊ အံမယ္ ဒါေတာင္ ဘိုးေတာ္ေတြက ဝရိန္တစ္ခ်က္ ဆင္တစ္သက္တို႔ ၊ Save ျဖစ္သြားၿပီလို႔ေတာင္ ေျပာၾကေသးတယ္ ဗ် ။
ဆိုးတာက ပညာရွင္ေတြ တန္ရာတန္ေၾကး ေစ်းျဖတ္ထားတာကို သူတို႔က ဖ်က္လုပ္တယ္ ။ ပညာရွင္ေတြ တစ္ရာ ေခၚထားရင္ သူတို႔က ငါးဆယ္နဲ႕ လုပ္တယ္ ။ ဘယ္သူေတြ နစ္နာလဲ ၊ ပညာရွင္ေတြ မနစ္နာဘူး မလုပ္ရလို႔ ဘာမွ မျဖစ္ဘူ း၊ အိမ္ရွင္ေတြ အရမ္းနစ္နာတာ ။
အိမ္ရွင္ေတြကေတာ့ သနားစရာပါပဲ ။ သူတို႔က ဝရိန္မီးေလး ဖ်က္ ဖ်က္နဲ႕ ပြင့္ေနရင္ ဆရာထင္ေနတာ ။ ေစ်းကလဲ ေအာက္ေစ်းနဲ႕ ခိုင္းရထားေတာ့ သဒၵါေတြ ပိုေနတာေပါ့ ဗ်ာ ၊ ကိုယ္ေတြနဲ႕ ေတြ႕ရင္ေတာင္ ေစ်းေတာင္းၾကမ္းလို႔ဆိုၿပီး ဂ်င္းေကာင္ေတြ ဆိုၿပီး အၾကည့္နဲ႕ ၾကည့္တာဗ် ၊ ဂ်င္းေကာင္ အစစ္က သူတို႔ အိမ္ေဆာက္ေပးေနတာ မသိရွာဘူး။
အိမ္ရွင္ေတြ အေနနဲ႕ သိန္း ရာခ်ီကုန္ၿပီး သားစဥ္ ေျမးဆက္ေနမယ့္ အေဆာက္အဦးတြက္ တစ္ကယ္တက္ကြၽမ္း နားလည္သူသာ အပ္သင့္ပါတယ္ ။သုံးႏွစ္ေလာက္ပဲ သုံးရမယ့္ ဖုန္းတစ္လုံးကို အမ်ိဳးအစား ေသခ်ာေ႐ြးသလိုေပါ့ ၊ ဒါက သိန္းဂဏန္းပဲ ရွိတယ္ေသးတယ္ ၊ အိမ္တစ္လုံးေဆာက္မယ္ သိန္း ရာခ်ီကုန္မယ္၊ သားစဥ္ေျမးဆက္ေန ရမယ္ ၊ ကြၽမ္းက်င္တဲ့ အင္ဂ်င္နီယာေတြ ပညာရွင္ေတြ မအပ္သင့္ဖူးလား ၊ အင္ဂ်င္နီယာ မပါလဲ ျဖစ္တယ္ ဆိုတဲ့ သေဘာလား ။
ဒါေတြ ထားပါ ။ ေျပာခ်င္တာက ၊ ခင္ဗ်ားတို႔ အေနနဲ႕ အင္ဂ်င္နီယာ ၊ ပညာရွင္ မပါပဲ ေအာက္ေစ်းနဲ႕ အိမ္ေဆာက္မိလွ်င္ နီးစပ္ရာ အင္ဂ်င္နီယာ ပညာရွင္ကို ျပပါ ေမးပါ ၊ ပိုက္ပိုက္ မေတာင္းပါဘူး အလာကား ေျပာျပပါလိမ့္မယ္ ။ မာန မႀကီးပါဖူးဗ် ။ (Ko Kyaw Naing Construction)
Leave a Reply