
မင်းအောင်လှိုင်က လွန်ခဲ့တဲ့ နှစ်လကျော်တုန်းက ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးအစည်းအဝေးမှာ သာမာန်အရပ်သားပြည်သူတွေကို ပြောလေ့မရှိတဲ့ စစ်ရေးဆိုင်ရာအချက်အလက်တွေနဲ့ သူတို့ရဲ့စစ်တပ်က ဖွဲ့စည်းပုံပျက်နေတဲ့အကြောင်းတွေ၊ စစ်သင်တန်းတွေက ပေးလိုက်တဲ့သင်ခန်းစာတွေကို လက်တွေ့မှာအသုံးမချနိုင်တဲ့အကြောင်းတွေကို ပြောဆိုခဲ့ပါတယ်။
အဲဒီအကြောင်းတွေကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ဆင်ရေးခန်စမမှာ ပထမလေးလပတ် တပ်မတော်(ကြည်း၊ရေ၊လေ)စစ်ဆင်ရေး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ အစည်းအဝေးမှာ မင်းအောင်လှိုင်ကအဖွင့်မိန့်ခွန်း ပြောကြားတဲ့အထဲမှာ ထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ကြည့်ရင် ရန်သူ့အင်အားများပြားလာတာလား၊ သူတို့စစ်တပ်အင်အားနည်းပါးတာလားဆိုတာကို သုံးသပ်ကြည့်ရင် သူ့စစ် တပ်ကသာ တိုက်ပွဲတိုင်းမှာ အားနည်းချက်တွေရှိပြီး တပ်နေရာချထားမှုတွေ မမှန်ကန်တာ၊ ချီတက်ရှင်းလင်းမှုတွေမမှန်ကန်တာနဲ့ တပ်တည်ရှိမှုနေရာတွေကို လိမ် လည်တင်ပြတာတွေကြောင့်ဖြစ်တယ်လို့ မင်းအော င်လှိုင်က အဲဒီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် စစ်သင်တန်းကျောင်းတွေမှာ သင်ကြားပေးထားတဲ့ စစ်အတတ်ပညာဖြစ်တဲ့ စစ်နည်းဗျူဟာတွေ၊ ပစ်ခတ်မှုစနစ်တွေကို အသုံးမချနိုင်ခဲ့ဘဲ သူတို့သင်ပေးထားတဲ့ သမားရိုးကျစစ်နည်းဗျူဟာတွေကို အသုံးချနိုင်ဖို့ပြင်ဆင်ထားရပေမယ့် အပြည့်အဝမသုံးချနိုင်ခဲ့တာတွေက ခေါင်းဆောင်ပိုင်းအားနည်းချက်တွေကြောင့်ဖြစ်ပြီး အရေအတွက်များများမွေးထုတ်ခဲ့တဲ့ ပြသနာကြောင့်အခုလိုဖြစ်နေရတာလို့လည်း မင်းအောင်လှိုင်က ဆင်ခြေပေးခဲ့ပါတယ်။
စစ်တပ်ရဲ့အောင်မြင်မှုဆိုတာ အသက်နဲ့လုပ်ရတဲ့ကိစ္စဖြစ်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ အောင်မြင်မှုမျိုးကို လုပ်နိုင်ဖို့ အသက်ပေးရတဲ့ လက်ဆင့်ကမ်းအမွေကို မပေးထားနိုင်ခဲ့ကြဘူးလို့ မစာမနာ ပြောဆိုခဲ့ပါသေးတယ်။
သူတို့လေ့ကျင့်သင်ကြားပေးတဲ့ စစ်နည်းဗျူဟာအပိုင်းတွေနဲ့ လက်နက်တွေကို ထိထိရောက်ရောက်အသုံးမချနိုင်သလို တပ်နေရာချထားမှုကို လွယ်လွယ်လုပ်ဆောင်နေကြပြီး စစ်ထွက်တွေကိုလည်း လိမ်လည်တင်ပြနေတာတွေကို သိတယ်လို့ လွန်ခဲ့တဲ့ နှစ်လကျော်ကတည်းက မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။
ဇော်ဂျီ ဖောင့် ဖြင့် အောက်မှာ ဆက်လက် ဖတ်ရှု အားပေး နိုင် ပါသည်
သူ့စစ်သားတွေ အသက်မပေးလို့ အောင်မြင်မှုမရတာလို့မင်းအောင်လှိုင်ပြော၊ တိုက်ပွဲတိုင်းမှာ ရန်သူ့အင်အားကြောင့်မဟုတ်ဘဲ သူ့စစ်တပ်အသုံးမကျလို့ သေဆုံးတာများနေတာလို့ဆို
Leave a Reply