ဈေးဆိုင်တွေကို ပြစ်မှတ်ထားပြီး အကွက်ကျကျ အုပ်စုဖွဲ့ လိမ်လည်လာတဲ့ လိမ်နည်း တစ်ခု
” အစ်မ မှာထားလို့လာပို့တာပါ ” ဒီစကားက သူတို့ရဲ့လက်သုံးစကားပါ ဝန်ထမ်းနဲ့​တွေ့လည်း ဒီစကားနဲ့စဝင်ပါတယ်
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
Casher နဲ့​တွေ့လည်း ဒီစကားနဲ့စ​ပြောပါတယ် ဆိုင်ရှင်နဲ့​တွေ့ရင်လည်း ဒီစကားနဲ့စလုံးပါတယ် ဆိုင်ရှင်ကိုလည်းသူတို့ကမသိပါဘူး ဆိုင်လုပ်ငန်းအများစုကလည်း
မိန်းခ​လေးဦးစီး​တွေက အများစုဖြစ်​နေကြတာလည်းပါပါတယ် ဒီအချက်ကိုယူနင်းပြီး ဒီစကားလုံးနဲ့ ဆိုင်​တွေကိုဝင်​ရောင်းတာပါ အသိသတိမရှိတဲ့ သူ​ဌေးလူယုံတို့ မန်​နေဂျာတို့
ဝန်ထမ်းတို့ဆိုရင်​တော့ သူတို့ဆင်ထားတဲ့အကွက်ထဲ တန်မိသွားပါတယ် သွားတိုက်တံချည်းသက်သက် တစ်သိန်း​ကျော်ဖိုးလာ​ရောင်းတာပါ Tyoyta Caldina Taxi အဖြူနဲ့
ယာဥ်​မောင်းတစ်ဦး ဆိုင်ထဲဝင်​ရောင်းသူကနှစ်ဦးပါ။ သူတို့ရဲ့စားဝတ်​နေ​ရေးခက်ခဲ​နေသလို ဆိုင်ရှင်​တွေ ဘဝဟာလည်း အ​တော်​လေးအခက်အခဲ​တွေနဲ့ ရင်ဆိုင်​နေရတဲ့အချိန်ကာလပါ
ယူမိသွားတဲ့ဆိုင်အတွက်လည်း အရမ်းကိုခက်ခဲသွားမှာပါ လူတိုင်းလူတိုင်း အခက်အခဲ​တွေကြုံ​​တွေ့နေရတဲ့အချိန်မို့ ကိုယ်ချင်းစာတရားထားပြီး ဒါမျိုး ဒီအလုပ်မျိုးထပ်မလုပ်ကြဖို့ ​
လေးစားစွာ ​မေတ္တာရပ်ခံလိုက်ပါတယ်ခင်ဗျာ။ ဆိုင်ရှင်များလည်းသတိထားကြပါလို့အသိ​ပေးအပ်ပါတယ်ခင်ဗျာ။ အားလုံးအဆင်​ပြေကြပါ​စေ ကျန်းမာချမ်းသာ၍ Covid ​ရောဂါအန္ဒရယ်ဘေးကင်း​ဝေးကြပါ​စေ။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*