အိမ်ထောင်သက်(၂)နှစ်ကျော်မှာ အမြဲတမ်းတောင့်တမျှော်လင့်ခဲ့ရတဲ့ ရင်သွေးရတနာလေးကို လွယ်ထားရပြီဖြစ်ကြောင်း အသိပေးလာတဲ့ မေဧကရီထူး
သရုပ်ဆောင် မေဧကရီထူးကိုတော့ ပရိသတ်ကြီး MRTV 4 ဇာတ်လမ်းတွဲတွေမှာ မြင်တွေ့ရင်းနှီးပြီးသားဖြစ်မှာပါ။ မေဧကရီထူးဟာ “အမုန်းမှသည်”၊ “မှော်ပလ္လင်”၊ “မမထိပ်နှင့်အမွေစံအိမ်”၊
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
“မာန်”၊ “ကိုလူပျို”၊ “ချစ်ခြင်းတရားတို့ရှိရာ”၊ “နှလုံးသားနှင့်အနီးဆုံး” စတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နာမည်ရခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း
ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး မေဧကရီထူးကတော့ စကားပြောလိုက်ရင် အရမ်းကို ချစ်ဖို့ကောင်းသူလေးပါ။ မေဧကရီထူးက
ပြီးခဲ့တဲ့ (၂၀၂၀) ဒီဇင်ဘာလ ၂၀ ရက်နေ့ကပဲ ချစ်ရသူနဲ့ ရွှေလက်တွဲလိုက်ပြီဆိုတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ သူမကို အရမ်းချစ်တဲ့ ချစ်သူကို ပိုင်ဆိုင်ခွင့်ရတဲ့ မေဧကရီထူးကတော့
ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး ကောင်မလေးပါပဲနော်။လက်ရှိမှာတော့ မေဧကရီထူးဟာဆိုရင် အိမ်ထောင်ရှင်တစ်ယောက်ဖြစ်လို့နေပြီပဲဖြစ်ပါတယ်။ အိမ်ထောင်သက် နှစ်နှစ်ကျော်ရှိပြီဖြစ်တဲ့ မေဧကရီထူးဟာ
ဒီတစ်ခါမှာတော့ သူမအရမ်းလိုချင်ခဲ့ရတဲ့ ရင်သွေးလေးကို ရရှိခဲ့ပြီဖြစ်ကြောင်းကို “ဆုတောင်းသမျှတွေ ပြည့်ခဲ့ပြီ ဘုရားကပေးတဲ့လက်ဆောင်လေး ဖေဖေနဲ့မေမေ ဖြစ်လာခဲ့ပြီကွယ်” ဆိုပြီး
သူမရဲ့ အပျော်တွေကို မျှဝေလာပါတယ်။ မေဧကရီထူးကတော့ သူမ အရမ်းမျှော်လင့်တောင့်တပြီး ဆုတောင်းနေခဲ့ရတဲ့ ရင်သွေးရတနာလေးကို လွယ်ဆောင်ထားရပြီပဲဖြစ်ပါတယ်။
မေဧကရီထူးတစ်ယောက် ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ခွင့်ရရှိပြီး ရင်သွေးလေးကိုလည်း ကျန်းကျန်းမာမာမွေးဖွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*