လှူတာကို အကြောင်းပြပြီး၊ သူများပန်းချီတွေပုံတူခိုး ကူးဆွဲတယ် စီးပွားရှာတယ်ဆိုပြီး ပွဲဖြစ်နေကြတဲ့ အပေါ် ဖြေရှင်းလာတဲ့ ပိုင်တံခွန်
ပရိသတ်ကြီး မင်းသားချောပိုင်တံခွန်ကတော့ ပြည်တွင်းသာ မက ပြည်ပထိပါ အောင်မြင် နေတဲ့သူတစ်ယောက်ဖြ စ်ပြီး နှုတ်ခမ်းနီမလေးတွေ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အသည်းစွဲအားပေးမှုကိုလည်း ရရှိ ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သရုပ်ဆောင် ပိုင်တံခွန်က အနုပညာအ လုပ်ချို့ကိုသာ ပြန်လုပ်နေပြီး သူဝါသနာပါတာတွေကို
အချိန် ပေးလုပ်ကိုင်နေတာဖြစ်ပါတယ်။ပိုင်တံခွန်က သ ကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားလေးကို သိန်း၅၀နဲ့ရောင်း လိုက်ပြီး ရရှိလာတဲ့ ပိုက်ဆံတွေကို လိုအပ်နေတဲ့သူတွေ အတွက်
အားလုံးပြန်လှူပေးနေတာလည်းဖြစ်ပါတယ်။ ယခုအခါမှာတော့သူများပန်းချီတွေပုံတူခိုး ကူးဆွဲတယ်ပြီး ဝေဖန်ပြောဆိုကြတဲ့သူတွေနဲ့ ပိုင်တဲ့ခွန်ရဲ့ ပရိသတ်တွေဟာ ပွဲဖြစ်နေကြတာပါ။
ဒီခိုးကူးတယ်ဆိုတဲ့အပေါ် ပိုင်တံခွန် က အခုလိုဖြေရှင်းလာခဲ့ပါတယ်။ ပန်းချီဆွဲတာက ကျွန်တော့ professional မဟုတ်ဘူးဆို တာ လူတိုင်းသိပါတယ်။ အခု လူတွေပြောနေတဲ့ ပုံတချို့ က မှန်ပါတယ်။
တချို့ ပန်းချီ တွေကို ကျနော် ကြိုးစားပြီး တတ်နိုင်သလောက် ဓာတ်ပုံကြည့်ဆွဲထားတာတွေ ရှိပါ တယ်။ တချို့ကို ကျနော့်စိတ်ကူးနဲ့ ပုံဖော်ဆွဲထားတာပဲ။ ကျနော့်ကို ပန်းချီဆရာထင်နေတာလား ။ ကျွန်တော့ စိတ်ခံစားမှုနဲ့တူတဲ့ ပုံတွေဆို
သဘောကျလို့ ကျနော်အလုပ်အားတဲ့ အချိန် မှာ သူများနိုင်ငံက ပန်းချီ ဆရာတွေ ဆွဲပြထားတဲ့ video တွေ လေ့လာပြီးပြန်ဆွဲထား တာ။ ပြီးတော့ ပုံတပုံဆွဲတော့မယ်ဆိုတိုင်း Paing Takhon ရဲ့ Facebook acc Myday မှာ ဘယ်ပုံကို ဘယ်လို ကြည့်ပြီးဆွဲထားလဲ
အမြဲ video တင်ပေးခဲ့ပါတယ်။ ခင်များတို့က စိတ်မှမဝင်စားတာ။ ပန်းချီပြခန်းတွေမှာ တင် ထားတာလဲ မဟုတ်ပါဘူး။ ကျနော့်အခန်းမှာပဲ ဆွဲပြီးထား ထားတာတွေပါ။ ကိုယ့်ဘာသာ ဆွဲပြီး သိမ်းထားတာတွေကို ဝယ်ချင်တဲ့ သူတွေ လာလာမေးလို့
အားလုံးထုတ်ရောင်း ပေးတာ။ ဘယ်လောက်နဲ့ ဝယ်ဝယ် ဒါက သူ့အလုပ်ပါ။ လှူတာကို အကြောင်းပြတယ်ဖြစ်မှာစိုးလို့ ဘာမှ မရေးပါဘူး။ အခုလဲ ကြိုက်လို့ဝယ်ချင်တဲ့ မိတ်ဆွေတွေကို ရောင်းပေး နေတုန်းပါပဲ ဟု ပိုင်တံခွန်က သူ၏လူမှုကွန်ယက်တွင်ရေး သားထားခဲ့ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*