နေအဉ္ဇရာဆိုတဲ့ နာမည်လေးနဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ မင်းသမီးချောလေး ခြူးလေးဟာ သူမရဲ့ပထမဦးဆုံးဇာတ်ကား
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
“ပန်းနုသွေး” ဇာတ်လမ်းတွဲထဲက ခြူးလေး ဆိုတဲ့ နာမည်နဲ့ လူသိများခဲ့တာမို့ သူမရဲ့အနုပညာနာမည်ကို ခြူးလေးဆိုပြီး ပြောင်းလဲခဲ့သူဖြစ်ပါတယ်။
ခြူးလေးဟာ အခုဆိုရင် ကုမ္ပဏီနဲ့စာချုပ်ချုပ်ဆိုခြင်းမရှိတော့ပဲ သူမတစ်ယောက်တည်း အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေပြီး လတ်တလောမှာတော့ ကြော်ငြာတွေကို
ဆက်တိုက်ရိုက်ကူးနေလျက်ရှိတာပဲဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတဲ့ ခြူးလေးဟာ အလုပ်တွေပင်ပန်းလွန်းတာကြောင့် မကြာခဏဆိုသလို
နေထိုင်မကောင်းဖြစ်လေ့ရှိတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ခြူးလေးက အလုပ်တွေဆက်တိုက်လုပ်ကိုင်ခဲ့ပြီးနောက် နေမကောင်းဖြစ်နေခဲ့တာကြောင့် ဆေးကုသမှုခံယူနေရကြောင်းကို
သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောပြလာပါတယ်။ ခြူးလေးကတော့ အလုပ်ကိုတိတိကျကျလုပ်ကိုင်တတ်သူတစ်ယောက်ပီပီ ထောင့်စေ့အောင် အလုပ်လုပ်ရင်း
ပင်ပန်းသွားခဲ့ရတာပဲဖြစ်ပါတယ်။ ခြူးလေးတစ်ယောက် အမြန်ဆုံးနေကောင်းကျန်းမာပါစေလို့ ပရိသတ်ကြီးက ဆုတောင်းပေးကြပါဦးနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply