လူငယ်ကြိုက် အဆိုတော်တစ်ယောက်ဖြစ်တဲ့ လွှမ်းပိုင်ကတော့ အမိုက်စား Rap သီချင်းတွေကိုလည်း သီဆိုသလို
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
R&B သီချင်းတွေနဲ့လည်း အောင်မြင်သူတစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း
ရပ်တည်နေတဲ့ လွှမ်းပိုင်ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားအချို့ကိုလည်း ရိုက်ကူးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
လက်ရှိမှာလည်း လွှမ်းပိုင်က သီချင်းသစ်တွေကို ဖန်တီးနေသလို ဇာတ်လမ်းသစ်တွေမှာလည်း ပါဝင်သရုပ်ဆောင်ဖို့ အချိန်ပေးဖြစ်နေတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ လွှမ်းပိုင်က သူ့ရဲ့ အောင်မြင်မှုတစ်ခုကို ပရိသတ်တွေဆီပြသရင်း ကျေးဇူးတင်စကားပြောလာခဲ့ပါတယ်။ လွှမ်းပိုင်က Youtube ကနေ Follower (100,000) ပြည့်ခဲ့တာကြောင့်
Silver Button Award ကိုရရှိခဲ့ပြီး “ကျွန်တော့် Youtube Channel ကနေ သီချင်းတွေကြည့်ရှု့နားဆင်ပေးလို့အားလုံးပဲကျေးဇူးပါ။” ဆိုပြီး ကျေးဇူးတင်စကားပြောလာခဲ့တာပဲဖြစ်ပါတယ်။လွှမ်းပိုင်က သူ့ရဲ့သီချင်းတွေတင်တဲ့
Hlwan Paing Youtube Channel ကနေသာမကပဲ ဂိမ်း Stream လုပ်တဲ့ BO PAING GYI Youtube Channel ကနေလည်း Silver Button ရရှိခဲ့တာမို့ တစ်ခါတည်းနဲ့ ဆုနှစ်ခုကိုရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply