ပရိသတ်ကြီးရေ ဝါရင့်မင်းသမီးကြီး ချိုပြုံးကတော့ သူ့ခေတ်သူအခါက ပြိုင်စံရှား မင်းသမီးတစ်လက် ဖြစ်ပြီး အကယ်ဒမီထူးချွန်ဆု များစွာလည်း ရရှိထား တာဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ငယ်စဉ်မှ အခုချိန်ထိ ပရိတ်သတ် ကြီးချစ်ခင် လေးစားရတဲ့ တေးသံရှင်မင်းသမီးကြီး အကယ်ဒမီ ချိုပြုံးဟာ ဒီနေ့မှာ အသက်(၇၆) နှစ်ပြည့်ခါနီးပြီ ဖြစ်ပါတယ်။ သူမဟာ တေးသီချင်းပေါင်း များစွာကို
သီဆိုခဲ့ပြီး သူမရဲ့တေးသီချင်းတိုင်းနီးပါးဟာ ပရိတ်သတ်တွေရဲ့စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့ ပါတယ်။ဒါ့အပြင် ဇာတ်ကားများ စွာမှာလည်း သရုပ်ဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာ
ပရိတ်သ တ်တွေရဲ့ အားပေး မှုများစွာကို ပိုမိုဆွတ် ခူးနိုင်တဲ့အထိကို အောင်မြင်သွားခဲ့ပြီး ပြည်သူချစ် မင်းသမီးဖြစ်လာခဲ့ပြီး ထိပ်တန်းမင်းသမီး တစ်လက်အဖြစ်နဲ့ အကယ်ဒမီဆုများစွာကိုလည်း
ရရှိခဲ့ပြီး ခုအသက်အရွယ် ရောက်လာတဲ့အထိလည်း အမေခန်း အဖွားခန်းများပါ ပီပြင်စွာ ပါဝင်သရုပ်ဆောင် နေနိုင်တဲ့အထိ ကျော်ကြားအောင်မြင် နေဆဲဖြစ်သော ပရိသတ်အချစ်တော် ဝါရင့်အနုပညာရှင် မင်းသမီးကြီးပဲ ဖြစ်ပါတယ်နော်။
ချိုပြုံးရဲ့ ပီပြင်ထိမိလွန်းတဲ့ သရုပ်ဆောင်ချက်များနှင့် ချိုမြကြည်လင်တဲ့ အသံကြောင့်ပရိတ်သတ်တွေရဲ့ချစ်ခင် အားပေးမှုကို ယနေ့ထိတိုင်ရရှိနေတဲ့ အနုပညာ ရှင်တစ်ဦးဖြစ် ပါတယ်။
ဒီနေ့မှာတော့ မင်းသမီးကြီးချိုပြုံးက အောင်မြင်အောင်ကြိုးစားခဲ့ရတဲ့ သူဘဝရဲ့ အခက်အခဲတွေနဲ့ ရုန်းကန်ခဲ့ရတာတွေကို ပြောပြလာ တာ လည်းဖြစ်ပါတယ်။ မင်းသမီးကြီး ချိုပြုံးက “အသက် (၂၄)နှစ်၊
ကလေး (၄)ယောက် မွေးပြီးတဲ့ အချိန်မှ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တယ်။ အောင်မြင်လာသည်နဲ့ အမျှ ပြန်ပေးဆပ်ရတဲ့ အရာတွေ များလာခဲ့တယ်။ ဒီပူပင် သောကတွေ ပြေသွားအောင်
ဘုရား၊ တရား လိုက်စားခဲ့တယ်၊ မေချိုတို့ ၅ပါးသီလလေးကို လုံခြုံအောင် စောင့်ထိန်းတာ မခက်ပါဘူး။ ခက်တယ်ဆို ရင်တော့ ခက်တယ်။ လွယ်တယ် ဆိုရင်လည်း လွယ်ပါတယ်။ မေချိုလည်း ၅ပါးသီလ ဘာတွေကျိုးလည်း
ပြန်စဉ်းစားတယ်။ ကိုယ်လုပ်မိရင်လည်း မလုပ်မိအောင် ပြန်ပြင်ဆင်တယ်။၅ ပါးသီလတော့ လုံအောင်ထိန်း ကြပါ” ဆိုပြီး ပြောလာ ခဲ့တာ ဖြစ်ပါတယ်နော်။ ပရိသတ်ကြီးတို့ထဲမှာကော
မေချိုလို့ ချစ်စနိုးနဲ့ ခေါ်ကြရတဲ့ ချိုပြုံးရဲ့သရုပ်ဆောင်မှုနဲ့ မှတ်မှတ်ရရ ဖြစ်ခဲ့ရတဲ့ ဇာတ်ကားတွေ ရှိရင် ပြောပြပေးခဲ့ ကြပါအုံးနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply