
လက်ရှိအချိန်မှာ နိုင်ငံစီးပွားရေး ပြိုလဲမှုကြောင့် ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီး ပြည်သူလူထု အနေနဲ့ ကျပ်တည်းမှုကို ခါးစည်းခံနေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အပြင်စီးပွားရေး လုပ်နေတဲ့သူတွေ သာမက လခစား များအနေနဲ့လည်း ဝင်ငွေ တိုးမလာဘဲ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ ဒဏ်ကို အလူးအလဲ ခံနေရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အရှိဆုံး
၂၀၁၀ – ၂၀၂၀ ကာလအတွင်းမှာ အများအပြား ဖွင့်လှစ်ခဲ့တဲ့ ကုမ္ပဏီတွေဟာ ကိုဗစ်နဲ့ အာဏာသိမ်းမှုကြောင့် နိုင်ငံစီးပွားရေး ပြိုလဲမှု ဒဏ်တွေ ခံရပြီး ပြန်လည် ပိတ်သိမ်းနေရပြီ ဖြစ်ပါတယ်။
နိုင်ငံခြား ရင်းနှီးမြှပ်နှုံမှုတွေလည်း ပြန်လည် ထွက်ခွာသွားသလို အကျိုးတူ ပူးပေါင်းထားတဲ့ ကုမ္ပဏီတွေလည်း တခုပြီး တခု ဆုတ်ခွာသွားတာကြောင့် အဆိုပါ ကုမ္ပဏီတွေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေလည်း
အလုပ်မရှိတဲ့ အနေအထားကို ရောက်ရှိနေကြပါတယ်။ ယင်းကဲ့သို့ ဖြစ်နေတဲ့အချိန်မှာ ဝန်ထမ်းဆိုတာ ပိုင်ရှင်သူဌေးရဲ့ မျက်နှာကို ထောက်ထားတဲ့အနေနဲ့ ဒီလို အချိန်မှာ လစာ တိုးမတောင်းသင့်ဘူးဆိုတဲ့
အယူအဆတွေလည်း ပျံ့နှံ့လာပါတယ်။ ဒါပေမယ့် မည်သို့ပင် စဉ်းစားကြည့်ပါစေ။ စားဝတ်နေရေး ကျပ်တည်းနေတဲ့ ဝန်ထမ်းက လူအများစု ဖြစ်ပြီး အလုပ်မဖြစ်ဘူးလို့ ညည်းနေတဲ့ သူဌေးကတော့ အခြေအနေမပျက်ဘဲ
ရပ်တည်နေနိုင်တာကို တွေ့ရပါတယ်။လက်ရှိအချိန်မှာ လခစား ဝန်ထမ်းတွေ မည်မျှလောက် ဒုက္ခရောက်နေရတဲ့ အကြောင်းကို ဝန်ထမ်းပေါင်း ထောင်ကျော်ကို လစာ မပေးနိုင်တဲ့ မီဒီယာ ကုမ္ပဏီကြီး တခုကို
ဥပမာ ပေးပြီး ဖောက်သည် ချချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ မီဒီယာလောကမှာ ဦးဆောင်နေတယ်လို့ သတ်မှတ်နိုင်တဲ့ အဆိုပါ ကုမ္ပဏီကြီးဟာ ၂၀၂၀ ခုနှစ် ကိုဗစ်ဖြစ်ကတည်းက ဝန်ထမ်းတွေရဲ့ လစာကို ရာခိုင်နှုန်းနဲ့
လျှော့ချခဲ့ပြီး ၂၀၂၁ မေလမှ စတင်ကာ ဝန်ထမ်း အများအပြားကို လစာ လုံးဝ မပေးတော့ဘူးလို့ သိရပါတယ်။ ကုမ္ပဏီကြီးအနေနဲ့ ဝန်ထမ်းများကို လျှော့ချခြင်း ပြုခဲ့မယ်ဆိုရင် မြန်မာနိုင်ငံ အလုပ်သမား ဥပဒေနဲ့
လျော်ကြေး အများအပြား ပေးရမှာ ဖြစ်တာကြောင့် အလုပ်လည်း မထုတ်၊ လစာလည်း မပေး၊ အလုပ်လည်း မခိုင်းဘဲ ဝေ့လည်ကြောင်ပတ် ပုံစံနဲ့ နားလှည့်ပါးလှည့် လုပ်ပြီး ဆက်သွားနေတာကို တွေ့ရပါတယ်။
အလုပ်ရှိလို့ လစာ ရနေတဲ့ သူတွေအနေနဲ့လည်း လစဉ် လစာ မရရှိဘဲ တလနဲ့ တလခွဲ ကြာပြီးမှသာ လစာ ရရှိတယ်လို့ သိရပါတယ်။ ဝန်ထမ်းများအနေနဲ့လည်း ၁၀ နှစ်ကျော်ကြာ လုပ်လာတဲ့ သံယောဇဉ်ကြောင့်
ဆက်လက် လုပ်ကိုင်နေရကာ ဝန်ထမ်းကတ်သာ ရှိပြီး ဝန်ထမ်းနာမည် ခံထားပေမယ့် လစာမရ၊ အလုပ် မလုပ်ရ၊ အဆက်အသွယ် မရတာတွေကြောင့် စိုးရိမ် ဝမ်းနည်းပြီး စိတ်ဓာတ်ကျနေ ကြတယ်လို့ သိရပါတယ်။
ထိုကဲ့သို့ အနေအထားမျိုး ကုမ္ပဏီကြီး အတော်များများမှာ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဝန်ထမ်းကို အလုပ်ဖြုတ်ပ စ်ရင်လည်း ပေးရမယ့် လျော်ကြေးများပြားခြင်း၊ လုပ်ငန်းဆက်လက် လည်ပတ်ရင်လည်း
အရှုံးပေါ်နေခြင်း၊ ဘာမှ မလုပ်ဘဲ ထိုင်နေရင်လည်း စရိတ်ကုန်ကျခြင်း စတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ ကုမ္ပဏီကြီးတွေ အနေနဲ့ ဒီလို အခြေအနေအတိုင်း ဘယ်ကာလအထိ ဆက်သွားမှာလဲ၊ ဘယ်လို ဆက်သွားမှာလဲ ဆိုတာ
ပြတ်ပြတ်သားသား ဆုံးဖြတ်သင့်တဲ့ အချိန်ကို ရောက်ရှိနေပါပြီ။ ဝန်ထမ်း တချို့တဝက်ကို လျော်ကြေးပေးပြီး လျှော့ချမလား၊ ရာခိုင်နှုန်း အနည်းငယ်လျော့ပြီး လစာ ပေးမလား စတဲ့ သင့်တော်တဲ့
နည်းလမ်းတွေကို ရွေးချယ်မှသာ သစ္စာရှိစွာ လက်တွဲလုပ်လာခဲ့တဲ့ ဝန်ထမ်းတွေကို ထောက်ထားရာ ကျမယ်လို့ HR အကြံပေး တဦးက သုံးသပ်ပါတယ်။ ဝန်ထမ်းတွေ အနေနဲ့လည်း ဒီလိုကုမ္ပဏီမျိုးမှာ ဆက်လက် အလုပ်လုပ်ချင်သေးလား၊
တခြား အလုပ်တခုကို ပြောင်းမလား ဆိုတာကိုလည်း ရွေးချယ်ရမှာ ဖြစ်ပါတယ်။ လက်ရှိကာလမှာ အလုပ်အကိုင်အသစ် ရရှိမှုနှုန်းကလည်း နည်းပါးလွန်းတာကြောင့်
သေသေချာချာ စဉ်းစား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေ အပေါ်ကို ကြည့်ရှုစောင့်ရှောက်တဲ့ အလုပ်ရှင်တွေနဲ့ပဲ ဆုံတွေ့ရပါစေလို့ ဆုတောင်းပေးရင်း…။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
လက္ရွိအခ်ိန္မွာ နိုင္ငံစီးပြားေရး ၿပိဳလဲမႈေၾကာင့္ ကုန္ေဈးႏႈန္းေတြ အဆမတန္ျမင့္တက္ေနၿပီး ျပည္သူလူထု အေနနဲ႕ က်ပ္တည္းမႈကို ခါးစည္းခံေနရတဲ့ အခ်ိန္လည္း ျဖစ္ပါတယ္။
အျပင္စီးပြားေရး လုပ္ေနတဲ့သူေတြ သာမက လခစား မ်ားအေနနဲ႕လည္း ဝင္ေငြ တိုးမလာဘဲ ကုန္ေဈးႏႈန္း ႀကီးျမင့္တဲ့ ဒဏ္ကို အလူးအလဲ ခံေနရတာ ျဖစ္ပါတယ္။ ျမန္မာနိုင္ငံရဲ႕ စီးပြားေရး ဖြံ႕ၿဖိဳးမႈ အရွိဆုံး
၂၀၁၀ – ၂၀၂၀ ကာလအတြင္းမွာ အမ်ားအျပား ဖြင့္လွစ္ခဲ့တဲ့ ကုမၸဏီေတြဟာ ကိုဗစ္နဲ႕ အာဏာသိမ္းမႈေၾကာင့္ နိုင္ငံစီးပြားေရး ၿပိဳလဲမႈ ဒဏ္ေတြ ခံရၿပီး ျပန္လည္ ပိတ္သိမ္းေနရၿပီ ျဖစ္ပါတယ္။
နိုင္ငံျခား ရင္းႏွီးျမႇပ္ႏႈံမႈေတြလည္း ျပန္လည္ ထြက္ခြာသြားသလို အက်ိဳးတူ ပူးေပါင္းထားတဲ့ ကုမၸဏီေတြလည္း တခုၿပီး တခု ဆုတ္ခြာသြားတာေၾကာင့္ အဆိုပါ ကုမၸဏီေတြမွာ အလုပ္လုပ္ေနတဲ့ ဝန္ထမ္းေတြလည္း
အလုပ္မရွိတဲ့ အေနအထားကို ေရာက္ရွိေနၾကပါတယ္။ ယင္းကဲ့သို႔ ျဖစ္ေနတဲ့အခ်ိန္မွာ ဝန္ထမ္းဆိုတာ ပိုင္ရွင္သူေဌးရဲ႕ မ်က္ႏွာကို ေထာက္ထားတဲ့အေနနဲ႕ ဒီလို အခ်ိန္မွာ လစာ တိုးမေတာင္းသင့္ဘူးဆိုတဲ့
အယူအဆေတြလည္း ပ်ံ့ႏွံ႕လာပါတယ္။ ဒါေပမယ့္ မည္သို႔ပင္ စဥ္းစားၾကည့္ပါေစ။ စားဝတ္ေနေရး က်ပ္တည္းေနတဲ့ ဝန္ထမ္းက လူအမ်ားစု ျဖစ္ၿပီး အလုပ္မျဖစ္ဘူးလို႔ ညည္းေနတဲ့ သူေဌးကေတာ့ အေျခအေနမပ်က္ဘဲ
ရပ္တည္ေနနိုင္တာကို ေတြ႕ရပါတယ္။လက္ရွိအခ်ိန္မွာ လခစား ဝန္ထမ္းေတြ မည္မွ်ေလာက္ ဒုကၡေရာက္ေနရတဲ့ အေၾကာင္းကို ဝန္ထမ္းေပါင္း ေထာင္ေက်ာ္ကို လစာ မေပးနိုင္တဲ့ မီဒီယာ ကုမၸဏီႀကီး တခုကို
ဥပမာ ေပးၿပီး ေဖာက္သည္ ခ်ခ်င္ပါတယ္။ ျမန္မာနိုင္ငံရဲ႕ မီဒီယာေလာကမွာ ဦးေဆာင္ေနတယ္လို႔ သတ္မွတ္နိုင္တဲ့ အဆိုပါ ကုမၸဏီႀကီးဟာ ၂၀၂၀ ခုႏွစ္ ကိုဗစ္ျဖစ္ကတည္းက ဝန္ထမ္းေတြရဲ႕ လစာကို ရာခိုင္ႏႈန္းနဲ႕
ေလွ်ာ့ခ်ခဲ့ၿပီး ၂၀၂၁ ေမလမွ စတင္ကာ ဝန္ထမ္း အမ်ားအျပားကို လစာ လုံးဝ မေပးေတာ့ဘူးလို႔ သိရပါတယ္။ ကုမၸဏီႀကီးအေနနဲ႕ ဝန္ထမ္းမ်ားကို ေလွ်ာ့ခ်ျခင္း ျပဳခဲ့မယ္ဆိုရင္ ျမန္မာနိုင္ငံ အလုပ္သမား ဥပေဒနဲ႕
ေလ်ာ္ေၾကး အမ်ားအျပား ေပးရမွာ ျဖစ္တာေၾကာင့္ အလုပ္လည္း မထုတ္၊ လစာလည္း မေပး၊ အလုပ္လည္း မခိုင္းဘဲ ေဝ့လည္ေၾကာင္ပတ္ ပုံစံနဲ႕ နားလွည့္ပါးလွည့္ လုပ္ၿပီး ဆက္သြားေနတာကို ေတြ႕ရပါတယ္။
အလုပ္ရွိလို႔ လစာ ရေနတဲ့ သူေတြအေနနဲ႕လည္း လစဥ္ လစာ မရရွိဘဲ တလနဲ႕ တလခြဲ ၾကာၿပီးမွသာ လစာ ရရွိတယ္လို႔ သိရပါတယ္။ ဝန္ထမ္းမ်ားအေနနဲ႕လည္း ၁၀ ႏွစ္ေက်ာ္ၾကာ လုပ္လာတဲ့ သံေယာဇဥ္ေၾကာင့္
ဆက္လက္ လုပ္ကိုင္ေနရကာ ဝန္ထမ္းကတ္သာ ရွိၿပီး ဝန္ထမ္းနာမည္ ခံထားေပမယ့္ လစာမရ၊ အလုပ္ မလုပ္ရ၊ အဆက္အသြယ္ မရတာေတြေၾကာင့္ စိုးရိမ္ ဝမ္းနည္းၿပီး စိတ္ဓာတ္က်ေန ၾကတယ္လို႔ သိရပါတယ္။
ထိုကဲ့သို႔ အေနအထားမ်ိဳး ကုမၸဏီႀကီး အေတာ္မ်ားမ်ားမွာ ႀကဳံေတြ႕ေနရတယ္လို႔ သိရပါတယ္။ ဝန္ထမ္းကို အလုပ္ျဖဳတ္ပ စ္ရင္လည္း ေပးရမယ့္ ေလ်ာ္ေၾကးမ်ားျပားျခင္း၊ လုပ္ငန္းဆက္လက္ လည္ပတ္ရင္လည္း
အရႈံးေပၚေနျခင္း၊ ဘာမွ မလုပ္ဘဲ ထိုင္ေနရင္လည္း စရိတ္ကုန္က်ျခင္း စတဲ့ အခက္အခဲေတြနဲ႕ ႀကဳံေတြ႕ေနရပါတယ္။ ကုမၸဏီႀကီးေတြ အေနနဲ႕ ဒီလို အေျခအေနအတိုင္း ဘယ္ကာလအထိ ဆက္သြားမွာလဲ၊ ဘယ္လို ဆက္သြားမွာလဲ ဆိုတာ
ျပတ္ျပတ္သားသား ဆုံးျဖတ္သင့္တဲ့ အခ်ိန္ကို ေရာက္ရွိေနပါၿပီ။ ဝန္ထမ္း တခ်ိဳ႕တဝက္ကို ေလ်ာ္ေၾကးေပးၿပီး ေလွ်ာ့ခ်မလား၊ ရာခိုင္ႏႈန္း အနည္းငယ္ေလ်ာ့ၿပီး လစာ ေပးမလား စတဲ့ သင့္ေတာ္တဲ့
နည္းလမ္းေတြကို ေ႐ြးခ်ယ္မွသာ သစၥာရွိစြာ လက္တြဲလုပ္လာခဲ့တဲ့ ဝန္ထမ္းေတြကို ေထာက္ထားရာ က်မယ္လို႔ HR အႀကံေပး တဦးက သုံးသပ္ပါတယ္။ ဝန္ထမ္းေတြ အေနနဲ႕လည္း ဒီလိုကုမၸဏီမ်ိဳးမွာ ဆက္လက္ အလုပ္လုပ္ခ်င္ေသးလား၊
တျခား အလုပ္တခုကို ေျပာင္းမလား ဆိုတာကိုလည္း ေ႐ြးခ်ယ္ရမွာ ျဖစ္ပါတယ္။ လက္ရွိကာလမွာ အလုပ္အကိုင္အသစ္ ရရွိမႈႏႈန္းကလည္း နည္းပါးလြန္းတာေၾကာင့္
ေသေသခ်ာခ်ာ စဥ္းစား ဆုံးျဖတ္ရမွာ ျဖစ္ပါတယ္။ ဝန္ထမ္းေတြ အေပၚကို ၾကည့္ရႈေစာင့္ေရွာက္တဲ့ အလုပ္ရွင္ေတြနဲ႕ပဲ ဆုံေတြ႕ရပါေစလို႔ ဆုေတာင္းေပးရင္း…။ ခရက္ဒစ္
Leave a Reply