အဆိုတော် ဆွိဝတ်ရည်သောင်းကတော့ ပရိသတ်ကြီးအားလုံးသိပြီးသားအတိုင်း သရုပ်ဆောင် အေးဝတ်ရည်သောင်းနဲ့ နှင်းဝတ်ရည်သောင်းတို့ရဲ့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ညီမလေးပဲဖြစ်ပါတယ်။ ဆွိဝတ်ရည်သောင်းဟာ လတ်တလောမှာတော့ အဆိုတော်ကျားပေါက်နဲ့ ချစ်သူတွေဖြစ်နေကြပြီး ပရိသတ်တွေစိတ်ဝင်စားမှုကိုရရှိနေတာပဲဖြစ်ပါတယ်။
ဆွိဝတ်ရည်သောင်း နဲ့ ကျားပေါက်တို့ရဲ့ အချစ်ရေးဟာ အစပိုင်းမှာ ဝေဖန်မှုရရှိခဲ့ပေမယ့် အခုဆိုရင်တော့ အေးအေးဆေးဆေးတည်ငြိမ်ရှိနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ကျားပေါက်က
သူ့ရဲ့ပန်းချီကားတွေကို အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့မှာ ပြသထားတဲ့အကြောင်းကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောပြခဲ့ပါတယ်။ ချစ်သူဆွိဝတ်ရည်သောင်းကလည်း
ကျားပေါက်ရဲ့ပိုစ့်ကို ရှဲ ပြီး “ဘာလုပ်လုပ်ဂုဏ်ယူရသောကျမချစ်သူ ” လို့ ဆိုကာ ဂုဏ်ယူရကြောင်း ပြောလာခဲ့ပါတယ်။ ဆွိဝတ်ရည်သောင်းကတော့ ဂီတ၊ ပန်းချီ၊ အနုပညာမျိုးစုံမှာ ထူးချွန်တဲ့ချစ်သူကြောင့်
အမြဲတမ်း ဘာလုပ်လုပ်ဂုဏ်ယူနေရတာပဲဖြစ်ပါတယ်။ ကျားပေါက်နဲ့ ဆွိဝတ်ရည်သောင်းတို့ချစ်သူနှစ်ယောက် အမြဲတမ်းသာယာချမ်းမြေ့ဖွယ်ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply