Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေတဆင့် လူသိများလာခဲ့တဲ့ အဆိုတော်မလေး ပိုးမီကိုတော့ ပရိသတ်တွေအားလုံးသိပြီးသားဖြစ်မှာပါ။ ပိုးမီဟာ သူမဝါသနာပါတဲ့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဂီတလမ်းကြောင်းကို လျှောက်လှမ်းရင်း တစ်ဖက်မှာလည်း သူမရဲ့နှလုံးသား အလိုကျအတိုင်း သူမမြတ်နိုးရတဲ့ ချစ်သူလေးနဲ့လည်း ကြည်နူးစရာကောင်းတဲ့ အချစ်ရေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။
ပိုးမီတို့ ချစ်သူနှစ်ယောက်ကတော့ ပြီးခဲ့တဲ့လက ကားအက်ဆီဒင့်တစ်ခုဖြစ်ခဲ့ပြီး ဒီကနေ့မှာတော့ ကံအညံ့တွေပျောက်စေဖို့ ကုသိုလ်အတူတူပြုဖြစ်ခဲ့တဲ့အကြောင်းကို မျှဝေလာပါတယ်
ပိုးမီတို့ ချစ်သူနှစ်ယောက်က ဒီကနေ့ စက်တင်ဘာလ (၈) ရက်နေ့မှာ သီလရှင်ဝတ်ကုသိုလ်ယူခဲ့ကြတာပဲဖြစ်ပါတယ်။ ပိုးမီက သူမတို့နှစ်ယောက်ရဲ့ ကုသိုလ်လေးကို “ဆရာလေး ဒေါ်ပုညနန္ဒီ နှင့် ဒေါ်ခေမာနန္ဒီ အဖြစ်
သာသနာ့ဘောင်သို့ ဝင်ရောက်ပြီးပါပြီ။ ပြုပြုသမျှ ကုသိုလ် များ ၇ ရက် သားသမီး အားလုံး ထပ်တူရကြပါစေသောဝ်” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေပေးလာပါတယ်။ပိုးမီတို့ချစ်သူနှစ်ယောက်ကတော့
ကံအညံ့တွေပြေပျောက်ရအောင် သာသနာ့ဘောင်ထဲကို အတူတူဝင်ပြီး ကုသိုလ်ယူခဲ့ကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုးမီတို့ချစ်သူနှစ်ယောက်အတွက် ထပ်တူပီတိဖြစ်ပြီး သာဓုခေါ်ဆိုပေးကြပါဦးနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply