လူလေးလှသလို အသားအရည်လေးလည်းအရမ်းကောင်းတဲ့ မင်းသမီးချောလေး သွန်းဆက်ဟာ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးရင်းနဲ့ နာမည်ရလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သွန်းဆက်ဟာ လတ်တလောမှာတော့ အနုပညာအလုပ်တွေ နည်းပါးနေလျက်ရှိပြီး သူမရဲ့ အွန်လိုင်းရှော့ပင်ဆိုင်လေးကို အချိန်ပေးလုပ်ကိုင်ဖြစ်နေလျက်ရှိတာပဲဖြစ်ပါတယ်။
အရင်လိုဇာတ်ကားတွေမရိုက်ကူးဖြစ်ပေမယ့် သွန်းဆက်က သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပရိသတ်တွေနဲ့ထိတွေ့နေဆဲပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သွန်းဆက်ဟာ ပရိသတ်တွေကို
စနောက်ကျီစယ်ဖို့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်လာပေးတာကို တွေ့ရပါတယ်။ သွန်းဆက်က ကိုရီးယားမင်းသား Lee Dong Wook နဲ့ Video Call ပြောခဲ့တယ်ဆိုပြီး
ဗီဒီယိုလေးတစ်ခုတင်ပေးခဲ့ကာ “ဟုတယ် အိုပါး နဲ့ video call ပြောနေတာ ” ဒို့ပါ ” ဆိုပြီး ပရိသတ်တွေကို စနောက်ခဲ့တာပဲဖြစ်ပါတယ်။ သွန်းဆက်ကတော့ ပရိသတ်တွေကို မင်းသား Lee Dong Wook နဲ့ ဗီဒီယိုကောပြောတယ်ဆိုပြီး
စနောက်ကျီစယ်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သွန်းဆက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး တကယ်အစစ်လို့ထင်သွားမယ်ဆိုတာ သေချာပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply