မင်္ဂလာ ပရိသတ်ကြီးရေ နိုင်ငံကျော် အကပညာရှင် တစ်ယောက်လည်းဖြစ်သလို အဆိုတော် သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်တဲ့ ခေမီကို ကိုတော့ပရိသတ်ကြီးအားလုံး
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သိရှိပြီးသားဖြစ်မှာပါနော်။ ခေမီကိုဟာ ဆိုရင် အနုပညာရှင် တစ်ယောက်အဖြစ်လည်း လူသိများသလို အကပညာရှင်တစ်ယောက်အဖြစ်လည်း ပိုမို ကျော်ကြားသူလေးပဲ ဖြစ်ပါတယ်။
လတ်တလောမှာ သူမရဲ့အနုပညာနဲ့ ပတ်သက်တဲ့အလုပ်တွေ မှန်သမျှ အားလုံးကို ရပ်နားထားတဲ့ ခေမီကိုဟာသြစတေးလျ နိုင်ငံမှာ အခြေချ နေထိုင်နေလျက် ရှိတာပဲ ဖြစ်ပါတယ်။
အိမ်ထောင်ပြုသင့်တဲ့ အသက်အရွယ် တစ်ခု ကိုလည်းရောက်ရှိနေပြီဖြစ်တဲ့ ခေမီကို ဟာ ဒီကနေ့ မှာတော့ ဝမ်းမြောက်ဖွယ်ရာ သူမရဲ့မင်္ဂလာသတင်းလေးကို ပရိသတ်တွေဆီ ပို့စ်လေးတင်ကာ
ပြောပြလာ ခဲ့ပါတယ်။ခေမီကိုက သူမရဲ့ မင်္ဂလာဖိတ်စာလေးကို သူမရဲ့လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာ ထက်မှာ တင်ကာ သူမအနေနဲ့ မကြာခင် လက်ထပ်တော့မှာဖြစ်တဲ့ အကြောင်းကို
ပရိသတ်တွေကို အသိပေးရင်း ဖိတ်ကြားလာခဲ့တာပဲဖြစ် ပါတယ်နော်။ပရိသတ်အချစ်တော် ခေမီကိုကတော့ လာမယ့် စက်တင်ဘာလ (၉)ရက်နေ့မှာ သြစတေးလျနိုင်ငံမှာပဲ
လက်ထပ် မင်္ဂလာပွဲလေး ဆင်နွှဲမှာ ဖြစ်ပါတယ်တဲ့နော်။ ခေမီကိုတို့ ချစ်သူ နှစ်ယောက် သက်ဆုံးတိုင် ရွှေလက်တွဲပြီး သားသားမီးမီးတွေနဲ့ ပျော်စရာကောင်းတဲ့ဘဝလေးတစ်ခုကို ပိုင်ဆိုင်နိုင်ကာ
အေးချမ်းသာယာသော အသိုက်အမြုံလေးကို ထူထောင် နိုင်ကြပါစေလို့ စေတနာပေါ် မေတ္တာဆင့်လို့ ချစ်ခင်မှုအပြည့်နဲ့ ဆုတောင်းပေးလိုက် ရပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply