
အဆိုတော်ယွန်းမြတ်သူကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက သူမကြေငြာခဲ့တဲ့ ” ချစ်ရင်စိတ်မကောက်ကြေး ” သီချင်းနဲ့ ပတ်သတ်ပြီး ကိုရီးယားအဖွဲ့ဖြစ်တဲ့ GOT7 ရဲ့”Just right” နဲ့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သံစဉ်ချင်းဆင်တူနေတာကြောင့် ကိုရီးယားကေပေါ့အားပေးသူတွေနဲ့ ပြဿနာတွေဖြစ်ခဲ့ရတာပဲဖြစ်ပါတယ်။ ထိုကိစ္စနဲ့ပတ်သက်ပြီး ” ချစ်ရင်စိတ်မကောက်ကြေး ” သီချင်းကိုရေးသားသူ တေးရေးဗျတ္တက
ပရိသတ်တွေကို တရားဝင်တောင်းပန်လာခဲ့ပါတယ်။ ဗျတ္တက “” ချစ်ရင်စိတ်မကောက်ကြေး ” သီချင်းနဲ့ ပတ်သတ်ပြီး ရှင်းပြ ပါရစေ ခင်ဗျာ ဦးစွာပထမ GOT7 နဲ့ GOT7 ပရိတ်သတ် များအား လေးစားစွာတောင်းပန်ပါတယ်။
သေချာနားထောင်ကြည့်တော့ Chorous က melody တစ်ချို့က တစ်ကယ်လဲ ဆင်နေပါတယ်။ ကျွန်တော် သီချင်းရေးတိုင်း စဉ်းစားတဲ့ melody လေးတွေ တခြားသီချင်းနဲ့တူမှာ စိုးလို့ အမြဲ ရှောင်ရေးပါတယ်/ ဒီ သီချင်းမှာတော့
တိုက်တိုက်ဆိုင်ဆိုင်ကို တူသွားခဲ့ပါတယ် / ” ချစ်ရင် စိတ်မကောက်ကြေး ” ရေးတုန်းကလဲ အဲ့သီချင်းကို နားမထောင်ခဲ့ဖူးတာလဲ ပါပါတယ် (ဒါက လဲ သီချင်းနားထောင်မှု အားနည်းတဲ့ ကျွန်တော့် အပစ်လို့ပဲခံယူရမှာပါ )
သီချင်းဖန်တီးသူ အချင်းချင်းတော့ ဒါမျိုးအဖြစ်ပျက်ကို နားလည်ပေးနိုင်ပေမဲ့ ပရိတ်သတ်တွေ အနေနဲ့ကတော့ ဒေါပွစရာအမှန်ပါပဲ။ နိုင်ငံခြား သီချင်းနဲ့တူတာမဟုတ်ပဲ မြန်မာသီချင်း အချင်းချင်းကို တူခဲ့တဲ့
သာဓက တွေလဲ အများကြီးရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အမှားတစ်ခုက ရိုးသားဖို့လိုပါတယ်။ လေးစားစွာလဲ တောင်းပန်ပါတယ်။ ကျွန်တော့်ကို ဝိုင်းဆဲနေတာမျိုးမဟုတ်လို့ မသိချင်ယောင်ဆောင် လိုက်ရင် ရပေမဲ့
ကိုယ်ရေးတဲ့ သီချင်းမို့လို့ကို တာဝန်ယူပြီးတောင်းပန်းတာပါ ခင်ဗျာ (ပရိတ်သတ်ကိုလဲ လေးစားလို့ပါ ) ကျွန်တော့်ကို သိတဲ့ ပရိတ်သတ်များအနေနဲ့လဲ ကျွန်တော် တစ်ပုဒ်မှ co py မရေးခဲ့ဖူးတာ သိပြီးသားဖြစ်မှာပါ ခင်ဗျ ”
“” ရှင်းချင်တာတွေ ထပ်ရှင်းပါရစေ ” ဒီသီချင်း ကို လုံးဝ မတင်စေချင်ခဲ့တာ အမှန်ပါ။ မတင်စေချင်ဘူးလို့ လဲ ပြောထားခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံရေးအခြေအနေနဲ့ နိုင်ငံရဲ့ အဆင်မပြေမှုတွေကို ထောက်ထားပြီး
မတင်စေချင်ခဲ့တာပါ။ ဒါပေမဲ့လဲ သီချင်းတင်ဖို့ တခြားအကြောင်းအရင်းက ရှိနေတော့ နားလည်ပေးယုံမှ တစ်ပါး အခြားမရှိပါ။ ကျွန်တော် ” ချစ်ရင် စိတ်မကောက်ကြေး ” MV ကို ကျွန်တော့် fb acc မှာရော page မှာရော
လုံးဝလုံးဝမတင်ခဲ့ မ share ခဲ့ပါဘူး သီချင်း တင်ချင်စိတ်လဲ မရှိသလို အဲ့သီချင်းရဲ့ ကောင်းခြင်း ဆိုးခြင်း ဘာ attention တစ်ခုမှကို မလိုချင်လို့ မတင်ခဲ့တာပါ။ ဒါပေမဲ့လဲ ဒီလိုအကြောင်းအရာတွေ ဖြစ်ပေါ် လာတော့
ကျွန်တော် ခေါင်းခံပြီး ရှင်းပြ တောင်းပန် ရ ခြင်း ဖြစ်ပါတယ်။ ဒီ post ကြောင့် တလရ အတွက် အနှောင့်အယှက်ဖြစ်သွားခဲ့ရင် လေးလေးစားစား တောင်းပန်ပါတယ်ခင်ဗျ။ ဒီသီချင်းနဲ့ ပတ်သတ်ပြီး
ထပ်ရှင်းတော့မည် မဟုတ်ပါ”ဆိုပြီး ပြောခဲ့တာပဲဖြစ်ပါတယ်။ ယွန်းမြတ်သူကတော့ ထိုသီချင်းနဲ့ ပတ်သက်ပြီး ကေပေါ့ပရိသတ်တွေကို လှောင်ပြောင်ထားတဲ့ Status တွေကို ဖျက်ခဲ့ပြီးဖြစ်သလို
တေးရေးဗျတ္တကလည်း တရားဝင် တောင်းပန်ခဲ့ပြီမို့ ပရိသတ်တွေအနေနဲ့ နားလည် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
အဆိုေတာ္ယြန္းျမတ္သူကေတာ့ ၿပီးခဲ့တဲ့ရက္ပိုင္းက သူမေၾကျငာခဲ့တဲ့ ” ခ်စ္ရင္စိတ္မေကာက္ေၾကး ” သီခ်င္းနဲ႕ ပတ္သတ္ၿပီး ကိုရီးယားအဖြဲ႕ျဖစ္တဲ့ GOT7 ရဲ႕”Just right” နဲ႕
သံစဥ္ခ်င္းဆင္တူေနတာေၾကာင့္ ကိုရီးယားေကေပါ့အားေပးသူေတြနဲ႕ ျပႆနာေတြျဖစ္ခဲ့ရတာပဲျဖစ္ပါတယ္။ ထိုကိစၥနဲ႕ပတ္သက္ၿပီး ” ခ်စ္ရင္စိတ္မေကာက္ေၾကး ” သီခ်င္းကိုေရးသားသူ ေတးေရးဗ်တၱက
ပရိသတ္ေတြကို တရားဝင္ေတာင္းပန္လာခဲ့ပါတယ္။ ဗ်တၱက “” ခ်စ္ရင္စိတ္မေကာက္ေၾကး ” သီခ်င္းနဲ႕ ပတ္သတ္ၿပီး ရွင္းျပ ပါရေစ ခင္ဗ်ာ ဦးစြာပထမ GOT7 နဲ႕ GOT7 ပရိတ္သတ္ မ်ားအား ေလးစားစြာေတာင္းပန္ပါတယ္။
ေသခ်ာနားေထာင္ၾကည့္ေတာ့ Chorous က melody တစ္ခ်ိဳ႕က တစ္ကယ္လဲ ဆင္ေနပါတယ္။ ကြၽန္ေတာ္ သီခ်င္းေရးတိုင္း စဥ္းစားတဲ့ melody ေလးေတြ တျခားသီခ်င္းနဲ႕တူမွာ စိုးလို႔ အၿမဲ ေရွာင္ေရးပါတယ္/ ဒီ သီခ်င္းမွာေတာ့
တိုက္တိုက္ဆိုင္ဆိုင္ကို တူသြားခဲ့ပါတယ္ / ” ခ်စ္ရင္ စိတ္မေကာက္ေၾကး ” ေရးတုန္းကလဲ အဲ့သီခ်င္းကို နားမေထာင္ခဲ့ဖူးတာလဲ ပါပါတယ္ (ဒါက လဲ သီခ်င္းနားေထာင္မႈ အားနည္းတဲ့ ကြၽန္ေတာ့္ အပစ္လို႔ပဲခံယူရမွာပါ )
သီခ်င္းဖန္တီးသူ အခ်င္းခ်င္းေတာ့ ဒါမ်ိဳးအျဖစ္ပ်က္ကို နားလည္ေပးနိုင္ေပမဲ့ ပရိတ္သတ္ေတြ အေနနဲ႕ကေတာ့ ေဒါပြစရာအမွန္ပါပဲ။ နိုင္ငံျခား သီခ်င္းနဲ႕တူတာမဟုတ္ပဲ ျမန္မာသီခ်င္း အခ်င္းခ်င္းကို တူခဲ့တဲ့
သာဓက ေတြလဲ အမ်ားႀကီးရွိခဲ့ပါတယ္။ ဘာပဲျဖစ္ျဖစ္ အမွားတစ္ခုက ရိုးသားဖို႔လိုပါတယ္။ ေလးစားစြာလဲ ေတာင္းပန္ပါတယ္။ ကြၽန္ေတာ့္ကို ဝိုင္းဆဲေနတာမ်ိဳးမဟုတ္လို႔ မသိခ်င္ေယာင္ေဆာင္ လိုက္ရင္ ရေပမဲ့
ကိုယ္ေရးတဲ့ သီခ်င္းမို႔လို႔ကို တာဝန္ယူၿပီးေတာင္းပန္းတာပါ ခင္ဗ်ာ (ပရိတ္သတ္ကိုလဲ ေလးစားလို႔ပါ ) ကြၽန္ေတာ့္ကို သိတဲ့ ပရိတ္သတ္မ်ားအေနနဲ႕လဲ ကြၽန္ေတာ္ တစ္ပုဒ္မွ co py မေရးခဲ့ဖူးတာ သိၿပီးသားျဖစ္မွာပါ ခင္ဗ် ”
“” ရွင္းခ်င္တာေတြ ထပ္ရွင္းပါရေစ ” ဒီသီခ်င္း ကို လုံးဝ မတင္ေစခ်င္ခဲ့တာ အမွန္ပါ။ မတင္ေစခ်င္ဘူးလို႔ လဲ ေျပာထားခဲ့ၿပီးျဖစ္ပါတယ္။ နိုင္ငံေရးအေျခအေနနဲ႕ နိုင္ငံရဲ႕ အဆင္မေျပမႈေတြကို ေထာက္ထားၿပီး
မတင္ေစခ်င္ခဲ့တာပါ။ ဒါေပမဲ့လဲ သီခ်င္းတင္ဖို႔ တျခားအေၾကာင္းအရင္းက ရွိေနေတာ့ နားလည္ေပးယုံမွ တစ္ပါး အျခားမရွိပါ။ ကြၽန္ေတာ္ ” ခ်စ္ရင္ စိတ္မေကာက္ေၾကး ” MV ကို ကြၽန္ေတာ့္ fb acc မွာေရာ page မွာေရာ
လုံးဝလုံးဝမတင္ခဲ့ မ share ခဲ့ပါဘူး သီခ်င္း တင္ခ်င္စိတ္လဲ မရွိသလို အဲ့သီခ်င္းရဲ႕ ေကာင္းျခင္း ဆိုးျခင္း ဘာ attention တစ္ခုမွကို မလိုခ်င္လို႔ မတင္ခဲ့တာပါ။ ဒါေပမဲ့လဲ ဒီလိုအေၾကာင္းအရာေတြ ျဖစ္ေပၚ လာေတာ့
ကြၽန္ေတာ္ ေခါင္းခံၿပီး ရွင္းျပ ေတာင္းပန္ ရ ျခင္း ျဖစ္ပါတယ္။ ဒီ post ေၾကာင့္ တလရ အတြက္ အေႏွာင့္အယွက္ျဖစ္သြားခဲ့ရင္ ေလးေလးစားစား ေတာင္းပန္ပါတယ္ခင္ဗ်။ ဒီသီခ်င္းနဲ႕ ပတ္သတ္ၿပီး
ထပ္ရွင္းေတာ့မည္ မဟုတ္ပါ”ဆိုၿပီး ေျပာခဲ့တာပဲျဖစ္ပါတယ္။ ယြန္းျမတ္သူကေတာ့ ထိုသီခ်င္းနဲ႕ ပတ္သက္ၿပီး ေကေပါ့ပရိသတ္ေတြကို ေလွာင္ေျပာင္ထားတဲ့ Status ေတြကို ဖ်က္ခဲ့ၿပီးျဖစ္သလို
ေတးေရးဗ်တၱကလည္း တရားဝင္ ေတာင္းပန္ခဲ့ၿပီမို႔ ပရိသတ္ေတြအေနနဲ႕ နားလည္ ခြင့္လႊတ္ေပးဖို႔ ေမွ်ာ္လင့္ပါတယ္ေနာ္။ ခရက္ဒစ္
Leave a Reply