ငွေရေးကြေးရေး ခက်ခဲစဉ်ခါက အကြွေးတွေများလွန်းလို့ တိုက်ပေါ်ကခုန်ချဖို့ထိ စိတ်ဒုက္ခရောက်ခဲ့ရကြောင်းရင်ဖွင့်လာတဲ့ နှိုင်းယှဉ်မြင့်မိုရ်
နှိုင်းယှဉ်မြင့်မိုရ်ဆိုတာနဲ့ပရိသတ်တွေချစ်နေရတဲ့သူတစ်ယောက်ပါ။ သူမဟာ အခက်ခဲဆုံးအချိန်တွေကနေကြိုးစားမှုတွေကြောင့်ခုလိုအောင်မြင်မှုတွေရရှိလာတာပါ။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အခုမှာဆို Live Saleလောကမှာအောင်မြင်မှုတွေများစွာရရှိထားပြီးဖြစ်ပါတယ်။သူမဟာအောင်မြင်ပေမယ့်လည်းတစ်ချိန်ကဘဝကိုမမေ့တဲ့သူတစ်ယောက်ပါ။ ဒါကြောင့်လည်းခုလိုပဲ သူမဘဝအကြောင်း
ပင်ပန်းဆင်းရဲခဲ့တာကိုခုလိုပြောပြခဲ့တာပါ။ ကျွန်မ ကယ်တင်ရှင်ကြီးမဟုတ်ပါ ကျွန်မ သိန်းပေါင်းများစွာ အရမ်းချမ်းသာနေတဲ့သူဠေးမကြီးလည်းမဟုတ်ပါ ကျွန်မ အကြွေးသိန်းပေါင်း 180ကျော်
200လောက်ထိ နစ်နေပီး တစ်ယောက်ထည်း ကူကယ်ရာမဲ့ဒုက္ခတွေရောက် ကားရိုက်တွေမရှိ 5ထပ်တိုက်ပေါ်ကခုန်ချချင်စိတ်ဖြစ်တဲ့အထိ သောကတွေဒုက္ခတွေရောက်ခဲ့ဖူးတယ် လွန်ခဲ့တဲ့ 5နှစ်လောက်ကပေါ့
ကျွန်မ အကြွေးတွေပတ်ချာလတ်ဝိုင်းနေတာ ဝိုင်းလှောင်ပီး အတင်းအဖျင်းတွေပြော လူတောမတိုးနိုငိအောင်ခြေထိုးခံခဲ့ကြတယ် ကျွန်မတို့ လင်မယား နှစ်ယောက်ကို ခွဲခြားဆက်ဆံခဲ့ကြတယ် တစ်ချို့က အလုပ်ပေးရင်တောင်
သူတို့လင်မယားကိုခေါ်မရိုက်နဲ့ဆိုပီး ကျွန်မတို့စားမယ့်ထမင်းလုတ်တွေ အကြိမ်များစွာ ပုတ်ချခံခဲ့ရဖူးတယ်။ကျွန်မ တစ်ခါတလေ အခန်းထဲ တစ်ယောက်ထဲ အကြာကြီးထိုင်ငိုဖူး တယ်တစ်ခါတလေ အကြာကြီး ထိုင်ရီဖူးတယ်
ဘုရားရှေ့မှာ လူလူချင်းစကားပြောသလို ဘုရားရှင်ကို ငိုပီး တိုင်ခဲ့ဖူးတယ် သစ္စာတွေပြုပြီး ကျိန်ဆိုခဲ့ဖူးတယ်ဘယ်သူ့အပေါ်မှာမှ မယုတ်မာခဲ့ဘူးမှန်သောသစ္စာစကားကြောင့် ဒီ အခက်အခဲတွေက အမြန်ဆုံး လွတ်ပါစေလို့
ခုလွတ်စပြုလာပြီ ဒါပေမယ့်ကျွန်မအခက်အခဲတွေသောကရောက်ခဲ့တာတွေ FB ပေါ်တစ်ခါမှ တက်မပြောပြခဲ့ဖူးပါ ကျွန်မခု လူတွေကို တတ်နိုင်သလောက် ဘာလို့ကူညီလည်းသိလားအရမ်းကိုယ်ချင်းစာလို့
ကျွန်မဒုက္ခရောက်ခဲ့တုန်းကလို စိတ်သောကတွေဖြစ်မှာစိုးလို့ ငွေအားလူအား တတ်နိုင်သလောက် ကျွန်မကူပေးတယ် ဒါပေမယ့် ကျွန်မကူနေတဲ့ လူတိုင်း ကူခဲ့တဲ့အရာတိုင်းတော့ ကျွန်မ Fb မတင်ဘူး
အလုပ်မရှိတဲ့ လူတွေ အချင်းချင်းတွေအားလုံး အလုပ်ခေါ်ပေးရလောက်အောင်လည်း ကျွန်မက လုပ်ငန်းရှင်ကြီးမဟုတ်ဘူးကျွန်မတောင် သူများအလုပ်တွေကို အချိန်ပိုင်း လုပ်ဆောင်ပေးနေရတဲ့ ဝန်ထမ်းပါ။
ကျွန်မပြောပေးပေမယ့်လည်း တစ်ချို့လုပ်ငန်းရှင်တွေက လက်မခံဘူးရှင့် သူက ကားရိုက်တုန်းက နာမည်ရှိပေမယ့် ဈေးရောင်းရင် လာဘ်မရှိဘူးတို့ ဘာတို့ ကျွန်မပြောပေးကြည့်တယ်နောက်တစ်ခု က
လူတိုင်းရဲ့ အခက်အခဲတွေတော့ကျွန်မ မကူညီနိုင်ဘူးလေ လှုတယ်ဆိုတာကလည်း ကျွန်မသဒ္ဓါပေါက်မှ ကျွန်မလှုမှာပေါ့ရှင်ကျွန်မကို ဟိုနေရာလှုပေးပါ ဒီနေရာကျတော့မလှုဘူးလား ဟိုလူ့ကိုတွဲခေါ်ပါအုန်း
ဒီလူကျတော့ချန်ထားတယ် စသဖြင့် လာမပြောကြပါနဲ့နော်တောင်းပန်ပါတယ် ရှိကြီးခိုးပါရဲ့ကျွန်မဘဝလေးကိုလည်း ကျွန်မကိုယ်တိုင် မခံချင်စိတ်နဲ့ရုန်းထခဲ့ရတာပါ ဘယ်သူမှ ဆွဲပီး ပလ္လင်ပေါ် တင်ပေးခဲ့တာမဟုတ်ပါဘူးရှင်
ဒီလိုခက်ခဲကြပ်တည်းတဲ့ကာလမှာ ပိုပီး ရုန်းပီးကြိုးစားခဲ့တာပါ ကျွန်မအိပ်စက်ချိန် တစ်နေ့ကို 4နာရီ 5နာရီပဲရှိပါတယ်တကယ်ပါ ကျွန်မသားလေး နှစ်ယောက်အတွက် ကျွန်မကိုကံပေးနေတဲ့အချိန်လေးမှာ
ရှာလည်းရှာအဆင်ပြေနိုင်မယ့်သူတွေကိုလည်း အတတ်နိုင်ဆုံးတွဲကူ လှုရမယ့်နေရာတွေကိုလည်းကျွန်မသဒ္ဓါပေါက်သလို လှုတန်းပါတယ်ဇာတ်ပို့ ဇာတ်ရံတွေအကုန်လုံးအလုပ်လိုက်ရှာပေးရအောင်
ကျွန်မကသူတို့ရဲ့လူကြီးလည်းမဟုတ်ပါဘူးကျွန်မ အတတ်နိုင်ဆုံးကူညီပေးခဲ့ပါတယ်တစ်ချို့ကဒီအလုပ်နဲ့ကံမစပ်တာတို့ တစ်ချို့ကရှက်နေတာတို့တစ်ချို့ကို အလုပ်ရှင်တွေမကြိုက်တာတို့လောကမှာ ဘယ်သူမှ
ကိုယ့်စားခွက်ကို ချမပြပါဘူးကိုယ့်အလုပ်ကိုယ်ပဲ လုပ်နေကြတာပါကျွန်မကတော့ ပင်လယ်ရေ ဘယ်သူသောက်သောက် အတတ်နိုင်ဆုံး နှုတ်အိဆောင်မခြင်းပြုပါတယ် ပီးတော့ ကျွန်မက ကျေးဇူးတရားဆိုတာကို
အရမ်းတန်ဖိုးထားတယ် ကျွန်မ အရမ်းဒုက္ခရောက်ခဲ့စဉ်က ကျွန်မကို ကူညီခဲ့ဖူးသူတွေကို ကျွန်မပြန်ကူညီပေးတယ်နောက်တစ်ခု ကျွန်မ ဘယ်သူ့ကိုမှ ပိုက်ဆံ ထပ်မချေးတော့ပါဘူးနော်ကျွန်မလည်းကတိသစ္စာတညိပါတယ်
သူတပါးငွေကိုရအောင်ကြိုးစားဆပ်တယ် အတိုးချိန်အတိုး အရင်းချိန်အရင်းလူတစ်ယောက်က ဘယ်သူအကူအညီမှမပါပဲ အောင်မြင်ဖို့ဆိုတာ ထားတဲ့စိတ်တွေ အကောင်းဆုံးဖြစ်ဖို့ လိုပါတယ် သေချာတာက ကျွန်မတစ်ခါတလေ
အပြောဆိုးရင်ဆိုးမယ် ကျွန်မရဲ့စိတ်ကိုတော့ မယုတ်မာအောင် အောက်တန်းမကျအောင် မနာလိုစိတ်မဖြစ်အောင် ဟိုးတုန်းကတည်းက အများကြီးလေ့ကျင့်ထားတယ် ဆိုပြီးပြောပြခဲ့တာပါ။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*