လက်သုံးချောင်းထောင်ပြခဲ့ပြီး သောက်ရှက်မရှိ စစ်ဘောမနေတဲ့ တင်မောင်ဆန်းမင်းဝင်းနဲ့ ပတ္တမြားကေခိုင်တို့ကို အားမနာတမ်းပြောလာတဲ့ လူရွှင်တော် ပိုးလေး
လူရွှင်တော်ပိုးလေးကတော့ ဟားငါးကောင် လူရွှင်တော်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သလို ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်တဲ့ ဟာသသရုပ်ဆောင်တစ်ယောက်ဆိုလည်း မမှားပါဘူး။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပိုးလေးဟာ လက်ရှိစစ်အာဏာသိမ်းမှုဖြစ်စဉ်မှာ တရားတဲ့ဓမ္မဘက်ကနေ ရပ်တည်ပြီး ပြည်သူတွေရှိရာဘက်ကို ရဲရဲဝံ့ဝံ့မျက်နှာမူခဲ့သူတစ်ယောက်ဖြစ်ပြီး စစ်အာဏာရှင်လူတစ်စုကို ဆန့်ကျင်တော်လှန်နိုင်ဖို့
လွတ်မြောက်နယ်မြေမှာ နေထိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ မတရားမှုကို ရွံမုန်းပြီး မတရားတာကို မတရားတာမှန်းသိသိလျက်နဲ့ နေစိမ့်လွန်းသူတွေကိုလည်း ဝေဖန်သရော်ဖို့ဝန်မလေးတဲ့ ပိုးလေးဟာ ဒီတစ်ခါမှာလည်း
အလင်္ကာကျော်စွာရွှေမန်းတင်မောင်ရဲ့မြေး တင်မောင်ဆန်းမင်းဝင်းနဲ့ ပတ္တမြားကေခိုင်တို့ကို သရော်လာခဲ့ပါတယ်။ တင်မောင်ဆန်းမင်းဝင်းနဲ့ ပတ္တမြားကေခိုင်တို့ဟာ စစ်အာဏာသိမ်းမှုအစမှ ဟန်ဆောင်ပြီး ဆန္ဒထုတ်ဖော်ပွဲတွေလိုက်ပါခဲ့ပေမယ့်
အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှာတော့ ခိုင်မာချက်၊ ရပ်တည်ချက်တွေပြောင်းလဲပြီး စစ်ကောင်စီကစီစဉ်တဲ့ တံခါးမှုးဒတ္တ ဇာတ်သဘင်ကို ဦးစီးကပြေနေလျက်ရှိတဲ့အတွက် ပိုးလေးက “တံခါးမှူး ဒတ္ထ မဖြစ်ခင်ကပေါ့ဗျာ။
ကျွန်တော့နောက်က နှစ်ယောက်က ဘယ်သူတွေလဲ သိကြလား” ဆိုပြီး လက်သုံးချောင်းထောင်ဆန္ဒထုတ်ဖော်ခဲ့ဖူးတဲ့ တင်မောင်ဆန်းမင်းဝင်းနဲ့ ပတ္တမြားကေခိုင်တို့ရဲ့ ပုံရိပ်ကို ချပြလာခဲ့တာပဲဖြစ်ပါတယ်။ တံခါးမှူးဒတ္ထဇတ်ဟာ CDMဝန်ထမ်းတွေကို
သင်ခန်းစာပေးတဲ့ပုံစံမျိုး တင်ဆက်ထားတာဖြစ်ပြီး ပတ္တမြားကေခိုင်တို့အဖွဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတာနဲ့ ပတ်သက်လို့ သဘင်အသိုင်းအဝန်းနဲ့ နီးစပ်တဲ့သူတွေကြားမှာ
အပြောများနေတာဖြစ်ပြီး အနုပညာအသိုင်းအဝိုင်းမှာလည်း ဝေဖန်မှုတွေမြင့်တက်နေလျက်ရှိတာပဲဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*