မိဘနှစ်ပါးမှ သားဖြစ်သူ PRA ခေါင်းဆောင် ဗိုလ်ဂျပန်ကို စစ်အာဏာရှင် တော်လှန်ရေးတွင် အသုံးပြုနိုင်ရန် မင်္ဂလာဦး လက်ဝတ်ရတနာများ လှူဒါန်း
ပြည်သူ့တော်လှန်ရေး တပ်မတော် People revolution army (PRA)၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ဂျပန်၏ မိဘနှစ်ဦးက သားဖြစ်သူ လုပ်ကိုင်နေသော စစ်အာဏာရှင် တော်လှန်ရေးတွင်
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အသုံးပြုနိုင်ရန်အတွက် မင်္ဂလာဦး လက်ဝတ်ရတနာများကို လှူဒါန်းကြောင်း ဗိုလ်ဂျပန်က YGN ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ “ကျနော့်မိဘအရင်းဆီမှာ ကျနော်သွားအလှူခံလာတာပါ။
မိဘနှစ်ဦးရဲ့ မင်္ဂလာဦးနေ့ကတည်းက ယနေ့အချိန်ထိ စုဆောင်းထားတဲ့ လက်ဝတ်ရတနာလေးတွေ တော်လှန်ရေးကာလမှာ အရေးပေါ် လိုအပ်လာလို့ အကုန်လုံးလှူပေးလိုက်ပါတယ်။
မေမေ့သား တော်လှန်ရေး လုပ်တော့မှ နားက နားကပ်လေးတောင် မကျန်တဲ့ မေမေ ဒီပွဲက လုံးဝအရှုံးခံလို့ မရတဲ့ပွဲမို့ နားလည်ပေးပါ ဖေဖေ နဲ့‌ မေမေ” ဟု ဗိုလ်ဂျပန်က ပြောဆိုသည်။ ပြည်သူ့တော်လှန်ရေး တပ်မတော်
People revolution army (PRA)သည် မကွေးနှင့်စစ်ကိုင်းအစပ်တွင် အခြေစိုက်ပြီး စစ်အာဏာရှင်တော်လှန်ရေး တက်ကြွစွာ ရှေ့တန်းမှ ပါဝင်တို က်ခိုက်နေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ခုလည်းဖြစ်သည်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*