မင်္ဂလာပါ ပရိသတ်ကြီးရေ ယဥ်ယဥ်လေးနဲ့ ချောတဲ့ အလှမယ် သင်းသင်းကိုတော့ အားလုံး သိရှိပြီးသား ဖြစ်မှာပါနော်။ သင်းသင်းဟာ ဆိုရင် မြန်မာနိုင်ငံရဲ့ အလှမယ် တစ်ယောက်ဖြစ်ပြီး လွန်ခဲ့သော နှစ်အနည်းငယ်မှာ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
လူမှုရေးပြဿနာ အရှုပ်အထွေးတွေကို ကြုံတွေ့ခဲ့ရသူ တစ်ဦးဖြစ်ပြီး ပရိသတ်တွေရဲ့ စာနာမှုကို ရရှိခဲ့သလို တချို့တွေရဲ့ ဝေဖန်မှုတွေကိုလည်း ခံခဲ့ရပါသေးတယ်နော်။
အလှမယ်သင်းသင်းဟာ ရိုးသားပွင့်လင်းသူ တစ်ဦးဖြစ်ပြီး စကားပြောရင်လည်း ပွင့်လင်းစွာ ပြောတတ်သူ ဖြစ်သလို မိသားစုအတွက် ရုန်းကန်ကာ စီးပွားရှာ လုပ်ကျွေးနေရှာသူလေး လည်း ဖြစ်ပါတယ်။
ယခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေ ရပ်နားထားတဲ့ သင်းသင်းဟာ မိသားစု စားဝတ်နေရေးအတွက် ဦးဆောင်ကြိုးစားနေရသာပီပီ Live Salesများ လွှင့်ကာ မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်သော
လူမှုကွန်ယက် ဖေ့ဘုတ်စ်ထက်မှာ ရောင်းချပေးနေတာကို တွေ့ရပြီး ပရိသတ်တွေရဲ့ အားပေးမှုကြောင့် Live Salesရောင်းချဖို့ အဆက်မပြတ်ဆိုသလို ဆက်သွယ်ငှားရမ်းလာကြသဖြင့် အလုပ်လေးတွေ မပြတ်ဆိုသလို
လုပ်နေရတာကိို တွေ့မြင်ရပါတယ်နော်။ အခုတစ်ခါမှာတော့ ပရိသတ်အချစ်တော် သင်းသင်းက သူမအနေနဲ့ အိမ်ငှားခနဲ့ စားဝတ်နေရေးအတွက် အလုပ်မလုပ်လို့ မဖြစ်သလို လှူဒါန်းမှုလေးတွေ ပြုလုပ်ချင်သေးတာကြောင့်
အလုပ်လေးတစ်ခုကို ထပ်လုပ်သွားမယ့်အကြောင်း ပြောပြလာပါတယ်။ပရိတ်သတ်အချစ်တော် အလှမယ်သင်းသင်း ပြောပြလာတဲ့ အလုပ်လေးကတော့ လစာကို နိုင်ငံခြားငွေနဲ့ ရတဲ့အလုပ်လေး ဖြစ်ပြီး
စိတ်ပါဝင်စားသူများလည်း ဆက်သွယ်နိုင်ကြောင်း ပြောပြ မိတ်ဆက်ပေးလာတာ ဖြစ်ပါတယ်နော်။ အလှမယ်သင်းသင်းက “ကျမလည်း ဒေါ်လာစျေးတွေ အရမ်းတက်နေလို့
BIGO Liveလေးလည်း ပြန်လွှင့်နေပါပြီရှင့်။ လစာကို ဒေါ်လာပေါက်စျေးနဲ့ ရှင်းပေးလို့ပါ။ အလုပ်မလုပ်လို့လည်း မရ၊ ရန်ကုန်မှာ တိုက်ခန်းလေး ငှားနေရတဲ့ဘဝမို့ ခုဆိုပိုဆိုးပြီ။ အိမ်စရိတ်က နှစ်ဆဖြစ်နေ၊ မရှိတဲ့ကြားက လှူချင်သေးလို့ပါ။
စားဖို့နေဖို့ လှူဖို့ ပိုပိုရုန်းကန်ရတဲ့ သုညဘဝက လာတာမလို့ ထူးပြီးတော့လည်း မလွမ်းတော့ဘူး”လို့ ပြောပြ လာခဲ့သလို “ဒါနဲ့ BiGoလွှင့်ချင်တဲ့ ခပ်ချောချော ညီမလေးတွေ မောင်လေးတွေ စိတ်ဝင်စားလို့ လွှင့်ချင်ရင် ပြောပါ” ဆိုပြီး
ခက်ခဲနေသော ကာလမှာ အွန်လိုင်းထက်ကနေ ရိုးသား ကြိုးစားစွာနဲ့ Liveလွှင့်ကာ ငွေရှာလိုချင်လျှင် Bigoမှာ Live လွှင့်ပြီး အွန်လိုင်း အသုံးပြုပြီး ဒေါ်လာနဲ့ ငွေရသောအလုပ်ကို စိတ်ဝင်စားပါက
သူမကို ဆက်သွယ်ပေးဖို့ ပြောလာတာပဲ ဖြစ်ပါတယ်နော်။ ပရိသတ်ကြီးတို့ထဲမှာလည်း အွန်လိုင်း အသုံးပြုရင်း ဝင်ငွေရမယ့် အလုပ်လေးကို စိတ်ဝင်တစားရှိသူများ ပါဝင်ပါက
အလှမယ်သင်းသင်းရဲ့ အကောင့်ကိုဆက်သွယ်ပြီး အလုပ်အကြောင်း လုပ်ပုံလုပ်နည်း မည်သို့ လုပ်ကိုင်ရမည် စသည့် အသေးစိပ် အချက်အလက်များကို ဆက်သွယ်မေးမြန်း ကြည့်ကြပါနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply