ငါးစိမ်းသည်မဟု ဆိုကာ ပြောဆိုဝေဖန်တိုက်ခိုက်လာသူအပေါ် ပညာသားပါပါဖြင့် ပါးနပ်စွာ တုန့်ပြန်‌ပြောဆိုလာတဲ့ အာဗြဲစိန်
အွန်လိုင်းပေါ်မှာ သူမ ဝါသနာပါလွန်းသော ဟင်းတွေ ချက်ကာ ဟင်းချက်နည်းတွေ တင်ပေးနေရာ ကနေနောက်ပိုင်း live Salesတွေ လွှင့်ကာ ဈေးရောင်းရာမှာလည်း အောင်မြင်နေတဲ့သူ ကတော့ အာဗြဲစိန်လို့ လူသိများတဲ့ သန္တာနေမျိုးအောင်ပဲ ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သူမကတော့ အားလုံးချစ်ကြ အားပေးကြရသော နိုင်ငံကျော်သရုပ်ဆောင် သဘာဝမင်းသားကြီး နေမျိုးအောင်ရဲ့ချစ်ဇနီးလည်း ဖြစ်ပါတယ်နော်။မင်းသားကြီး နေမျိုးအောင်နဲ့ ဇနီးအာဗြဲစိန်တို့ဟာ ချစ်ခြင်းတူညီ လိုက်ဖက်ညီကာ ပျော်ရွှင်စရာ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထား ကြသူတွေပါ။
အာဗြဲစိန်ဟာ ပွင့်လင်းစွာ ပြောဆိုတတ်သူ တစ်ဉီးဖြစ်တာကြောင့် နာရီပိုင်းအတွင်း မြေကွက်တွေကို သိန်းထောင်ချီဖိုးထိ ရောင်းချပေးနိုင် တာကြောင့် သူမကိုအသည်းအသန် live လွှင့် ရောင်းချဖို့ကမ်းလှမ်းခံနေရ သူလည်းဖြစ်ပါတယ်။
အွန်လိုင်းပေါ်မှာပါ အောင်မြင်လူသိများလာမှု နှင့်အတူ မကြာခဏဆိုသလိုပဲ ဝေဖန်မှုတွေ တိုက်ခိုက်မှုတွေခံနေရတာကို တွေ့မြင်ရပါတယ်။ ခုမှာလည်း အာဗြဲစိန်က သူမကို တိုက်ခိုက်လာနေတဲ့ လူတွေကို ပညာသားပါလွန်းစွာနဲ့ အခုလို ပြောကြားကာ ဒဲ့ရှင်းလာတာပဲ ဖြစ်ပါတယ်။
ပရိတ်သတ်ကြီးရေ အခုတစ်ခါမှာဆိုရင် အာဗြဲစိန်က ငါးစိမ်းသည်ဆိုပြီး ဝေဖန်ခံရတဲ့အပေါ် ပညာသားပါပါနဲ့ ပါးနပ်စွာ အခုလိုပဲ ပြန်လည်တုံ့ပြန်လိုက်ပါ တယ်နော်။ အာဗြဲစိန် က “ဒီနေ့ Live လွှင့်ချိန် ၂ ယောက်လောက် ထင်တယ်၊ လာတို က်ခိုက်ကြတာ၊ င်္သချိုင်းမြေမှာ ဘာလုပ်နေတာလဲ အမတဲ့
ကံကောင်းစွာနဲ့ အဲ့မန့်ကို မြင်မိတယ်၊ မမြင်လိုက်လို့ ပြန်မပြောမိ၊ ရန်ကုန်က မင်မင်က ဘန်းမိလိုက်ရင် ကြည့်နေတဲ့သူတွေ အတွက် ဝေဝါးသွားမယ်၊ ဟုတ်လို့ ပြန်မပြောဘူး၊ ဘန်းလိုက်တယ်လို့ ထင်သွားနိုင်တယ်၊နောက်တစ်ယောက်က ပြုံးပြုံးလေးပြန်ပြောတော့ ငါးစိမ်းသယ်မတဲ့။
ဘာမှမဖြစ် ကိုယ်မှ ဈေးမှာ ငါးမရောင်းတာ၊ ဪ ငါးရောင်းစားတဲ့ငါးစိမ်းသယ်က ဘာဖြစ်လို့လည်း၊ ငါးရောင်းတော့ ငါးစိမ်းသည်၊ ကုန်စိမ်းရောင်းတော့ ကုန်စိမ်းသည်၊ ကုန်ခြောက်ရောင်းရင် ကုန်ခြောက်သည်၊ ပန်းရောင်းရင် ပန်းသည်၊ အဲ့တာနဲ့ပဲ မကောင်းတာပြောချင်တာနဲ့
ငါးစိမ်းသည်နဲ့ နှိုင်းရအောင် ငါးစိမ်းသည်က နင့်တက်~တ်နေလို့လား၊ ငါးစိမ်းသည်တွေ မကြိုက်ရင် နင့်တို့တစ်မိသားစုလုံး ဈေးက ငါးဝယ်မစားနဲ့ အငတ်နေလေ။ ကျွန်မကတော့ လူအားလုံး တူတူပါပဲ၊ နီးစပ်ရာ အလုပ်လုပ်နေကြတာ လူကိုလူလိုပဲ မြင်ပေးကြပါ၊ ပါးစပ်ကြမ်းတိုင်း ငါးစိမ်းသည်နဲ့ မနှိုင်းကြပါနဲ့
လူတိုင်းသူ့ဘဝနဲ့သူပါ။ ကိုယ့်စိတ်ရင်းအတိုင်း အကျိုးပေးကြပါစေရှင့်” ဆိုပြီးတော့ သူမကို တိုက်ခိုက်ဝေဖန် နေကြတဲ့ အပေါ် သူမအနေနဲ့ ဘာမှ မဖြစ်ပေမယ့် ငါးစိမ်းသည်ဆိုပြီး ခိုင်းနှိုင်းပြောဆိုတာဟာ ငါးရောင်းတဲ့သူတွေမှာ ဘာအပြစ်ရှိလို့ နှုတ်ကြမ်းတဲ့သူ အမြင်မကြည်တဲ့သူတွေကို
ငါးစိမ်းသည်ဆိုပြီး ပြောဆို ခိုင်းနှိုင်းရတာလဲ။ လူတိုင်းလူတိုင်းဟာ ကိုယ်အဆင်ပြေရာ ကိုယ်နဲ့နီးစပ်ရာ အလုပ်ကို လုပ်ကိုင်ကြရတာ ဖြစ်တဲ့အတွက် သူတို့လုပ်ကိုင်နေတဲ့ အလုပ်ကို နှိမ့်ချပြီး သူတစ်ပါးကို ပြောဆိုတဲ့နေရာမှာ ခိုင်းနှိုင်းကာ မသုံးသင့်ကြောင်း အာဗြဲစိန်က ပြောလာခဲ့တာပဲ ဖြစ်ပါတယ် နော် ပရိသတ်ကြီး။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*