
လူ ၂၁ သန်းနေထိုင်တဲ့ တ ရုတ်မြို့ကြီးကို လော့ဒေါင်းချမယ့် ကြေညာချက်ကြောင့် ပြည်သူတွေ အလုအယက် ဈေးဝယ်ခဲ့ကြပါတယ်။ ကိုဗစ်ကူးစက်လူနာအသစ် ၁၅၇ ဦး တွေ့လို့ ဆိုကာ အစိုးရက တ ရုတ်နိုင်ငံရဲ့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အဓိကမြို့ကြီး ချန်ဒူးမှာ လော့ဒေါင်းချမယ်ဆိုတဲ့ ကြေညာချက်ကြောင့် မြို့နေထိုင်သူတွေ အထိတ်တလန့်နဲ့ အလုအယက် ဈေး ဝယ်ယူနေကြတာကို တွေ့ရပါ တယ်။ ချန်ဒူးမြို့နေ ပြည်သူ လူကြီးလူငယ်၊ ကလေးပါ မကျန်
ရိက္ခာစုဆောင်းဖို့အတွက် တိုးတိုးကြိတ်ကြိတ် ဝယ်ယူနေကြတဲ့ မြင်ကွင်းက ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကို ဆွံ့အစေပါတယ်။ မြို့ကို ပိတ်ထားပြီး နေအိမ်ကနေ အပြင်မထွက်ရတဲ့ အခြေအနေမှာ အစားအသောက်နဲ့
လိုအပ်တဲ့ ပစ္စည်းတွေကုန်သွားခဲ့ သော် တွေ့လာမယ့် အခက်အခဲတွေကို ကြိုတင်တုန်လှုပ်နေကြတာကြောင့် ပြည်သူတွေက အခုလိုပဲ အရေးပေါ် အလျင်အမြန် ဈေးဝယ်ဖို့ ထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဝက်တွေအကောင်လိုက် ကားပေါ်တင်တာ၊
အေးခဲ အစားသောက်တွေ ကားနောက်ခန်းထဲ ပ စ်ထည့် ထားတာ၊ ကြက်အရှ င်တွေ အတွဲလိုက် ခေါင်မိုးထပ်ချိတ်ဆွဲထားပြီး သယ်ဆောင်သွားတာတွေက သာမန် မြင်ဖူးနေကြမဟုတ်တဲ့ အထိတ်တလန့်နဲ့ ဈေးဝယ်ထားတဲ့ မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေထဲ သာမန်မဟုတ်တဲ့ ထိတ်ထိတ်ပျာပျာ ဈေးဝယ်ယူနေကြတဲ့ တ ရုတ်ပြည်သူတွေက ဈေးဝယ်စင်တာတွေ၊ စတိုးဆိုင်တွေ၊ အသားငါးဈေးတန်းနဲ့ စူပါးမားကတ်တွေမှာ ပစ္စည်းပြတ်လပ်တဲ့အထိကို
ရနိုင်သမျှ စုဆောင်းရှာဖွေ ဝယ်ယူခဲ့ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတွေကတည်းက စလို့ တ ရုတ်မှာ လူဦးရေအများအပြား နေထိုင်တဲ့ မြို့ကြီးတွေမှာ ကိုဗစ် စည်းကမ်းနဲ့ လော့ဒေါင်းချပိတ်ခြင်း တွေ မကြာခဏ ရှိနေပြီး
ကိုဗစ် ဇီးရိုးပေါ်လစီနဲ့ အစိုးရက တင်း တင်းကြပ်ကြပ်ကိုင်တွယ်ထားတာလည်း ဖြစ်ပါတယ်။ ခရက်ဒစ် ဘန်ကောက်လမ်းညွန်ကိုစိုင်း
Zawgyi code ဖြင့် ဖတ်ရန်
လူ ၂၁ သန္းေနထိုင္တဲ့ တ ႐ုတ္ၿမိဳ႕ႀကီးကို ေလာ့ေဒါင္းခ်မယ့္ ေၾကညာခ်က္ေၾကာင့္ ျပည္သူေတြ အလုအယက္ ေဈးဝယ္ခဲ့ၾကပါတယ္။ ကိုဗစ္ကူးစက္လူနာအသစ္ ၁၅၇ ဦး ေတြ႕လို႔ ဆိုကာ အစိုးရက တ ႐ုတ္နိုင္ငံရဲ႕
အဓိကၿမိဳ႕ႀကီး ခ်န္ဒူးမွာ ေလာ့ေဒါင္းခ်မယ္ဆိုတဲ့ ေၾကညာခ်က္ေၾကာင့္ ၿမိဳ႕ေနထိုင္သူေတြ အထိတ္တလန႔္နဲ႕ အလုအယက္ ေဈး ဝယ္ယူေနၾကတာကို ေတြ႕ရပါ တယ္။ ခ်န္ဒူးၿမိဳ႕ေန ျပည္သူ လူႀကီးလူငယ္၊ ကေလးပါ မက်န္
ရိကၡာစုေဆာင္းဖို႔အတြက္ တိုးတိုးႀကိတ္ႀကိတ္ ဝယ္ယူေနၾကတဲ့ ျမင္ကြင္းက ဆိုရွယ္မီဒီယာ အသုံးျပဳသူေတြကို ဆြံ႕အေစပါတယ္။ ၿမိဳ႕ကို ပိတ္ထားၿပီး ေနအိမ္ကေန အျပင္မထြက္ရတဲ့ အေျခအေနမွာ အစားအေသာက္နဲ႕
လိုအပ္တဲ့ ပစၥည္းေတြကုန္သြားခဲ့ ေသာ္ ေတြ႕လာမယ့္ အခက္အခဲေတြကို ႀကိဳတင္တုန္လႈပ္ေနၾကတာေၾကာင့္ ျပည္သူေတြက အခုလိုပဲ အေရးေပၚ အလ်င္အျမန္ ေဈးဝယ္ဖို႔ ထြက္လာခဲ့ၾကတာ ျဖစ္ပါတယ္။ ဝက္ေတြအေကာင္လိုက္ ကားေပၚတင္တာ၊
ေအးခဲ အစားေသာက္ေတြ ကားေနာက္ခန္းထဲ ပ စ္ထည့္ ထားတာ၊ ၾကက္အရွ င္ေတြ အတြဲလိုက္ ေခါင္မိုးထပ္ခ်ိတ္ဆြဲထားၿပီး သယ္ေဆာင္သြားတာေတြက သာမန္ ျမင္ဖူးေနၾကမဟုတ္တဲ့ အထိတ္တလန႔္နဲ႕ ေဈးဝယ္ထားတဲ့ ျမင္ကြင္းေတြပဲ ျဖစ္ပါတယ္။
လူမႈကြန္ရက္ေပၚ ပ်ံ့ႏွံ႕လာတဲ့ ဓာတ္ပုံေတြထဲ သာမန္မဟုတ္တဲ့ ထိတ္ထိတ္ပ်ာပ်ာ ေဈးဝယ္ယူေနၾကတဲ့ တ ႐ုတ္ျပည္သူေတြက ေဈးဝယ္စင္တာေတြ၊ စတိုးဆိုင္ေတြ၊ အသားငါးေဈးတန္းနဲ႕ စူပါးမားကတ္ေတြမွာ ပစၥည္းျပတ္လပ္တဲ့အထိကို
ရနိုင္သမွ် စုေဆာင္းရွာေဖြ ဝယ္ယူခဲ့ၾကတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ လေတြကတည္းက စလို႔ တ ႐ုတ္မွာ လူဦးေရအမ်ားအျပား ေနထိုင္တဲ့ ၿမိဳ႕ႀကီးေတြမွာ ကိုဗစ္ စည္းကမ္းနဲ႕ ေလာ့ေဒါင္းခ်ပိတ္ျခင္း ေတြ မၾကာခဏ ရွိေနၿပီး
ကိုဗစ္ ဇီးရိုးေပၚလစီနဲ႕ အစိုးရက တင္း တင္းၾကပ္ၾကပ္ကိုင္တြယ္ထားတာလည္း ျဖစ္ပါတယ္။ ခရက္ဒစ္ ဘန္ေကာက္လမ္းၫြန္ကိုစိုင္း
Leave a Reply