
စစ်အာဏာရှင်ကိုတော်လှန်တို က်ထုတ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ဝေဟင်ကနေ စစ်ဆင်ရေးတွေပြုလုပ်နေတဲ့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ မကြာခင် စစ်ကိုင်းဘက်မှာ စစ်ဆင်ရေးစတင်ဖို့ရှိနေတဲ့အတွက် ရန်ပုံငွေရှာတဲ့ အစီအစဉ်ကိုလည်း စတင်လုပ်ဆောင်နေပါတယ်။ ကော့ကရိတ်ရဲစခန်း၊ ကြာအင်းဆိပ်ကြီးရဲစခန်း၊
ခလရ (၃၂) ဗျူဟာကုန်းတွေမှာ စစ်ဆင်ရေးတွေပြုလုပ်ခဲ့ပြီး အခုအချိန်ထိ မစ်ရှင်အကြိမ်ရေ ၁၀၀ ကျော် ရှိခဲ့ကာ ၈၁ မမ ၅၆ လုံး၊ ၆၀ မမ အလုံး ၈၀ နဲ့ တို က်ပွဲဝင်ခဲ့တယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
တို က်ပွဲတွင်း အထိအခိုက် စာရင်းထဲမှာတော့ ဒုရဲအုပ်၊ ဒုတပ်ခွဲမှူး အဆင့်ရှိတဲ့သူတွေလည်း ပါသလို အကြမ်းဖက် စစ်ကောင်စီဘက်က အယောက် ၅၀ ကျော် ေသဆုံးခဲ့ပြီး ၈၀ ကျော်
ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။ အာဏာရှင်စစ်တပ်ကို တိုက်ခိုက်ဖို့ လျှို့ဝှက်လှုပ်ရှားနေတဲ့ Project တွေ အောင်မြင်လာပြီး တိုက်ပွဲဝင်အဆင့်အတန်းကို ရောက်ရှိနေပြီဖြစ်တာကြောင့်
အများပြည်သူရှေ့ ထွက်လာခဲ့တာဖြစ်ပြီးတော့ တို က်ပွဲနယ်မြေ နေရာအနှံ့အပြားမှာ တိုင်းရင်းသားတပ်ဖွဲ့တွေ၊ PDF တပ်ဖွဲ့တွေနဲ့အတူ Federal Wings တပ်ဖွဲ့ဟာ လွတ်လပ်ရေးအတွက် တို က်ပွဲဝင်နေကြတယ်လို့ ဆိုပါတယ်။ လတ်တလောမှာတော့
ကရင်ပြည်နယ်နဲ့ ကယားပြည်နယ် စစ်ဆင်ရေးတွေအပြင် Federal Wings ဟာ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းကို ကူညီတော့မှာဖြစ်ပြီး ဒီမိုကရေစီအတွက် အသ က်သွေးချွေး ပေးဆပ်သွားကြတဲ့
အာဇာနည်သူရဲကောင်းတွေအတွက် မြေပြင်မှာတော့ တပ်အင်အားတွေကို ချဲ့ထွင်ပြီး ဆက်တိုက်လှုပ်ရှားနေကာ အနာဂတ် ဖက်ဒရယ်နိုင်ငံတော်အတွက် တိုက်ပွဲဝင်နေတယ်လို့ ပြောပါတယ်။Federal Wings တပ်ဖွဲ့က
“ဒရုန်းဆိုတာ ‘ရော့’ ‘အင့်’ တို က်ကြတော့လို့ ပေးလိုက်လို့မရဘူး။ Operation ဝင်ခါနီးတိုင်း ‘ဘာလိုလဲ’ စစ်ဆေးရတယ်။ စက်ပစ္စည်းမို့ ချို့ယွင်းချက်ရှိတဲ့ အပိုင်းကို အစားထိုးဖို့ ပြင်ဆင်ဖို့ ချက်ချင်းလုပ်ရတယ်။ အဲ့ဒါကြောင့် Federal Wings က
ကူပြီဆိုရင် Spare Parts အပြည့်အစုံနဲ့ Package လိုက်ကူတယ်။ ဒရုန်းတလုံးမှာ Laptop တလုံးပါပြီး သုံးရမယ့် Software တွေကစ အကုန်ပါတယ်။ တစီး နှစ်စီး ဘယ်တော့မှ မပေးဘူး။ မရောင်းဘူး။ ဒီဒရုန်းတွေကို
‘အထိုင်ချမဲ့နေရာ’ ‘လုံခြုံရေး’ ‘စစ်သည်အင်အား’ ‘လ က်နက်အင်အား’ အားလုံးပြည့်စုံ အဆင်ပြေမှ အစီးရေ ၄ စင်းကစပြီး package လိုက် အကူအညီပေးတယ်” လို့ ဆိုပါတယ်။ လက်ရှိမှာတော့ တပ်ဖွဲ့ရဲ့ ဒရုန်းတွေကို စစ်ဆင်ရေးနယ်မြေဒေသအနှံ့မှာ
တပ်ဖြန့်ထားနိုင်ဖို့နဲ့ လတ်တလော တပ်ဖြန့်ထားတဲ့ ဒရုန်းတွေရဲ့ စစ်ဆင်ရေးတွေမှာ သုံးစွဲဖို့ ဗုံ းသီးတွေ လုံလောက်စွာ ဖြည့်တင်းနိုင်ဖို့တွေအတွက် အဓိကရည်ရွယ်ပြီး Fundraise လုပ်ရတာ ဖြစ်ပြီးတော့ Federal Wings က
ကိုယ်တိုင်စိုက်ထုတ်နိုင်တဲ့ ငွေကြေးပမာဏနဲ့ မလုံလောက်နိုင်တော့ဘဲ ပြည်သူလူထုရဲ့ အင်အားနဲ့မှ မြန်မြန်ဆန်ဆန် ခရီးတွင်မှာ ဖြစ်တယ်လို့လည်း Federal Wings က ပြောပါတယ်။ အများပြည်သူပါဝင်နိုင်တဲ့ ဒီ
Fundraising Program ကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ ညွှန်ကြားမှုနဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန (MOCIT) က ဦးစီးပြီး
ဆောင်ရွက်တာလို့ သိရပါတယ်။ ကူညီလှူဒါန်းလိုတဲ့ ပြည်သူတွေအနေနဲ့ Federal Wings ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာနဲ့ ဝက်ဘ်ဆိုက်ဒ်တွေကတဆင့် ပါဝင်ကူညီလှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
စစ္အာဏာရွင္ကိုေတာ္လွန္တို က္ထုတ္ဖို႔ တိုင္းရင္းသားလက္နက္ကိုင္တပ္ေတြ၊ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႕ ပူးေပါင္းကာ ေဝဟင္ကေန စစ္ဆင္ေရးေတြျပဳလုပ္ေနတဲ့
Federal Wings ဒ႐ုန္းတပ္ဖြဲ႕အေနနဲ႕ မၾကာခင္ စစ္ကိုင္းဘက္မွာ စစ္ဆင္ေရးစတင္ဖို႔ရွိေနတဲ့အတြက္ ရန္ပုံေငြရွာတဲ့ အစီအစဥ္ကိုလည္း စတင္လုပ္ေဆာင္ေနပါတယ္။ ေကာ့ကရိတ္ရဲစခန္း၊ ၾကာအင္းဆိပ္ႀကီးရဲစခန္း၊
ခလရ (၃၂) ဗ်ဴဟာကုန္းေတြမွာ စစ္ဆင္ေရးေတြျပဳလုပ္ခဲ့ၿပီး အခုအခ်ိန္ထိ မစ္ရွင္အႀကိမ္ေရ ၁၀၀ ေက်ာ္ ရွိခဲ့ကာ ၈၁ မမ ၅၆ လုံး၊ ၆၀ မမ အလုံး ၈၀ နဲ႕ တို က္ပြဲဝင္ခဲ့တယ္လို႔ Federal Wings ဒ႐ုန္းတပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။
တို က္ပြဲတြင္း အထိအခိုက္ စာရင္းထဲမွာေတာ့ ဒုရဲအုပ္၊ ဒုတပ္ခြဲမႉး အဆင့္ရွိတဲ့သူေတြလည္း ပါသလို အၾကမ္းဖက္ စစ္ေကာင္စီဘက္က အေယာက္ ၅၀ ေက်ာ္ ေသဆုံးခဲ့ၿပီး ၈၀ ေက်ာ္
ထိခိုက္ဒဏ္ရာ ရခဲ့တယ္လို႔ ထုတ္ျပန္ထားတာပါ။ အာဏာရွင္စစ္တပ္ကို တိုက္ခိုက္ဖို႔ လွ်ို႔ဝွက္လႈပ္ရွားေနတဲ့ Project ေတြ ေအာင္ျမင္လာၿပီး တိုက္ပြဲဝင္အဆင့္အတန္းကို ေရာက္ရွိေနၿပီျဖစ္တာေၾကာင့္
အမ်ားျပည္သူေရွ႕ ထြက္လာခဲ့တာျဖစ္ၿပီးေတာ့ တို က္ပြဲနယ္ေျမ ေနရာအႏွံ႕အျပားမွာ တိုင္းရင္းသားတပ္ဖြဲ႕ေတြ၊ PDF တပ္ဖြဲ႕ေတြနဲ႕အတူ Federal Wings တပ္ဖြဲ႕ဟာ လြတ္လပ္ေရးအတြက္ တို က္ပြဲဝင္ေနၾကတယ္လို႔ ဆိုပါတယ္။ လတ္တေလာမွာေတာ့
ကရင္ျပည္နယ္နဲ႕ ကယားျပည္နယ္ စစ္ဆင္ေရးေတြအျပင္ Federal Wings ဟာ ေျမျပင္တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ စစ္ကိုင္းတိုင္းကို ကူညီေတာ့မွာျဖစ္ၿပီး ဒီမိုကေရစီအတြက္ အသ က္ေသြးေခြၽး ေပးဆပ္သြားၾကတဲ့
အာဇာနည္သူရဲေကာင္းေတြအတြက္ ေျမျပင္မွာေတာ့ တပ္အင္အားေတြကို ခ်ဲ့ထြင္ၿပီး ဆက္တိုက္လႈပ္ရွားေနကာ အနာဂတ္ ဖက္ဒရယ္နိုင္ငံေတာ္အတြက္ တိုက္ပြဲဝင္ေနတယ္လို႔ ေျပာပါတယ္။Federal Wings တပ္ဖြဲ႕က
“ဒ႐ုန္းဆိုတာ ‘ေရာ့’ ‘အင့္’ တို က္ၾကေတာ့လို႔ ေပးလိုက္လို႔မရဘူး။ Operation ဝင္ခါနီးတိုင္း ‘ဘာလိုလဲ’ စစ္ေဆးရတယ္။ စက္ပစၥည္းမို႔ ခ်ိဳ႕ယြင္းခ်က္ရွိတဲ့ အပိုင္းကို အစားထိုးဖို႔ ျပင္ဆင္ဖို႔ ခ်က္ခ်င္းလုပ္ရတယ္။ အဲ့ဒါေၾကာင့္ Federal Wings က
ကူၿပီဆိုရင္ Spare Parts အျပည့္အစုံနဲ႕ Package လိုက္ကူတယ္။ ဒ႐ုန္းတလုံးမွာ Laptop တလုံးပါၿပီး သုံးရမယ့္ Software ေတြကစ အကုန္ပါတယ္။ တစီး ႏွစ္စီး ဘယ္ေတာ့မွ မေပးဘူး။ မေရာင္းဘူး။ ဒီဒ႐ုန္းေတြကို
‘အထိုင္ခ်မဲ့ေနရာ’ ‘လုံၿခဳံေရး’ ‘စစ္သည္အင္အား’ ‘လ က္နက္အင္အား’ အားလုံးျပည့္စုံ အဆင္ေျပမွ အစီးေရ ၄ စင္းကစၿပီး package လိုက္ အကူအညီေပးတယ္” လို႔ ဆိုပါတယ္။ လက္ရွိမွာေတာ့ တပ္ဖြဲ႕ရဲ႕ ဒ႐ုန္းေတြကို စစ္ဆင္ေရးနယ္ေျမေဒသအႏွံ႕မွာ
တပ္ျဖန႔္ထားနိုင္ဖို႔နဲ႕ လတ္တေလာ တပ္ျဖန႔္ထားတဲ့ ဒ႐ုန္းေတြရဲ႕ စစ္ဆင္ေရးေတြမွာ သုံးစြဲဖို႔ ဗုံ းသီးေတြ လုံေလာက္စြာ ျဖည့္တင္းနိုင္ဖို႔ေတြအတြက္ အဓိကရည္႐ြယ္ၿပီး Fundraise လုပ္ရတာ ျဖစ္ၿပီးေတာ့ Federal Wings က
ကိုယ္တိုင္စိုက္ထုတ္နိုင္တဲ့ ေငြေၾကးပမာဏနဲ႕ မလုံေလာက္နိုင္ေတာ့ဘဲ ျပည္သူလူထုရဲ႕ အင္အားနဲ႕မွ ျမန္ျမန္ဆန္ဆန္ ခရီးတြင္မွာ ျဖစ္တယ္လို႔လည္း Federal Wings က ေျပာပါတယ္။ အမ်ားျပည္သူပါဝင္နိုင္တဲ့ ဒီ
Fundraising Program ကိုေတာ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းရဲ႕ ၫႊန္ၾကားမႈနဲ႕ ဆက္သြယ္ေရး၊ သတင္းအခ်က္အလက္ႏွင့္ နည္းပညာဝန္ႀကီးဌာန (MOCIT) က ဦးစီးၿပီး
ေဆာင္႐ြက္တာလို႔ သိရပါတယ္။ ကူညီလႉဒါန္းလိုတဲ့ ျပည္သူေတြအေနနဲ႕ Federal Wings ရဲ႕ တရားဝင္ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္ စာမ်က္ႏွာနဲ႕ ဝက္ဘ္ဆိုက္ဒ္ေတြကတဆင့္ ပါဝင္ကူညီလႉဒါန္းနိုင္မွာ ျဖစ္ပါတယ္။ ခရက္ဒစ္
Leave a Reply