ဟိုအရင်၆နှစ်လောက်က ညီအမနှစ်ယောက် အတူတူသီဆိုထားတဲ့ သီချင်းဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေလာတဲ့ စန္ဒီမြင့်လွင်

မိတ်ဆွေတို့ရေ စန္ဒီမြင့်လွင်ကတော့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်ထားတဲ့ နိုင်ငံကျော် အဆိုတော် သရုပ်ဆောင် တစ်ယောက်ပဲဖြစ်ပါတယ်။ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

သူမတို့ဇနီးမောင်နှံရဲ့ တစ်ဦးတည်းသော သမီးလေး ထရက်ရှာရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလဲ လူမှုကွန်ယက်ပေါ် အမြဲမျှဝေပေးလေ့ရှိကာ ထရက်ရှာလေးရဲ့ချစ်စရာကောင်းလွန်းတဲ့အပြုအမူလေးတွေက

ကြည့်ရှုသူပရိသတ်တွေရဲ့နှလုံးသားကို အမိအရသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ကတော့ ဒီကနေ့မှာ သူမရဲ့ ဟိုအရင်တချိန်ကအမှတ်တရဗီဒီယိုဖိုင်လေးလးတစ်ခုကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ

မျှဝေဖော်ပြလာခဲ့ပါတယ်။ ဗီဒီယိုလေးကတော့ ညီမဖြစ်သူ စိုးပြည့်သဇင်နဲ့အတူ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဗီဒီယိုလေးကတော့ လွန်ခဲ့တဲ့ (၆)နှစ်ကရိုက်ကူးထားခဲ့တာလို့သိရှိရပြီး ညီအစ်မနှစ်ယောက်

ဂစ်တာလေးတွေကိုယ်စီတီးပြီး “မိုးလေးဖွဲတုန်း သတိရတယ်” သီချင်းလေးကို ပြန်လည်သီဆိုထားတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ညီအစ်မနှစ်ယောက် အပျင်းပြေသီချင်းဆိုရင်းရိုက်ကူးထားခဲ့တဲ့ ဗီဒီယိုလေးဖြစ်ပြီး

ပရိသတ်တွေကတော့ ဒီဗီဒီယိုလေးကို သဘောတွေကျနေခဲ့ကြပါသေးတယ်။ မိတ်ဆွေတို့ထဲက စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ရဲ့ ပရိသတ်တွေအတွက် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်







Be the first to comment

Leave a Reply

Your email address will not be published.


*