နဝဒေးတံတားဖြစ်စဉ်မှ သားအမိနှစ်ဦး၏ ရုပ်အေ-ာင်းရှာဖွေမှုအား အပြီးတိုင်ရပ်ဆိုင်း

ဩဂုတ်လ (၂၈)ရက်နေ့က (၂၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး နဲ့ သူမရဲ့သမီးဖြစ်သူ (၃)နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးတို့ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာရှိတဲ့ နဝဒေးတံတားပေါ်ကနေ ခု န်ချသွားခဲ့တဲ့ ဖြစ်စဉ်

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဆိုပါသားအမိဟာ နဝဒေးတံတားရဲ့ တံတားတိုင်အမှတ်(၂)နဲ့ (၃)ကြားမှာခု န်ချပြီး ၎င်းနေ့လယ်ပိုင်းက အဆိုပါသားအမိ ခု န်ချတာကို အနီးမှာအလုပ်လုပ်နေသူတချို့ မြင်တွေ့ခဲ့တာကြောင့်

ကယ်ဆယ်ရေးတွေကိုဖုန်းဆက်တိုင်ခဲ့ကြတာဖြစ်ပါတယ်။ ယင်းကဲ့သို့ ဖုန်းဆက်တိုင်တန်းမှုများကြောင့် ကယ်ဆယ်ရေးများအနေနဲ့ ဩဂုတ်(၂၉)ရက်နေ့မီစတင်ကာ ၎င်းတို့ရဲ့ ရုပ်အေ-ာင်းများကို ဆက်တိုက်ဆိုသလို

ရှာဖွေရေးများပြုလုပ်ခဲ့ကြပါတယ်။ ခု န်ချသူရဲ့ အမျိုးသားပါ လာရောက်ရှာဖွေနေခဲ့ပြီး လက်ရှိအချိန်အထိ စက်တပ်လှေ(၃)စီးနဲ့ ရှာဖွေရေးများပြုလုပ်နေပြီး ရှာဖွေရေးကို ရေပေါ် ရေအောက် (၂)ပိုင်းလုံးမှာ

သေချာရှာဖွေနေခဲ့ပေမယ့်လည်း ယမန်နေ့ စက်တင်ဘာ (၂)ရက်နေ့ ညနေ(၄)နာရီခွဲအထိ ဘာဆိုဘာမှရှာမတွေ့ခဲ့ကြပါဘူး။ ဒါကြောင့်မို့ ကျန်ရစ်သူမိသားစုရဲ့ဆန္ဒဖြင့် အဆိုပါသားအမိရဲ့ ရုပ်အေ-ာင်း ရှာဖွေမူကို

အပြီးတိုင် ရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။ နောက်ဘဝတွေမှာ ဘယ်လိုအကြောင်းအရာတွေကြောင့်ပဲဖြစ်ဖြစ် အခုလိုအဖြစ်ဆိုးမျိုးမကြုံပါစေနဲ့လို့ဆုတောင်းပေးလိုက်ရပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်







Be the first to comment

Leave a Reply

Your email address will not be published.


*