
မြန်မာ့ဂီတလောကအကြောင်းတွေကိုပြောရရင် ရှမ်းတိုင်းရင်းသားအဆိုတော်ကြီး စိုင်းဆိုင်မောဝ်ကို ချန်ထားခဲ့လို့မရပါဘူး။ အားလုံးကြိုက်နှစ်သစ်ပြီး လေးစားရတဲ့ ရှမ်းအဆိုတော်ကြီးစိုင်းဆိုင်မောဝ်ဟာ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပရိသတ်တွေနားထဲစွဲနေပြီး ရှမ်းပြည်ကိုမျက်လုံးထဲတန်းပြီးမြင်နိုင်လောက်အောင် ရှမ်းသီချင်းကောင်းတွေအများကြီး ဆိုခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် အသက်အရွယ်လည်း ရလာပြီဖြစ်တဲ့ စိုင်းဆိုင်မောဝ်ဟာ
ကျန်းမာရေးကြောင့် သီချင်းတွေဆက်မဆိုနိုင်တာလည်းကြာပြီဖြစ်ပါတယ်။ အသက် ၇၇နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်ကြီး စိုင်းဆိုင်မောဝ်ဟာ နေမကောင်းဖြစ်နေပြီး မန္တလေးမှာ ဆေးရုံတင်ထားရကြောင်း
သူ့ရဲ့ဇနီး ဒေါ်ကေလာမိုးရဲ့ လူမှုကွန်ယက်မှ တဆင့်သိရပါတယ်။ စိုင်းဆိုင်မောဝ်ဟာ ၂၀၂၀ ခုနှစ်ကလည်း ကျောက်ကပ်မှာအစိုင်အခဲတွေ့ရှိတာကြောင့် မန္တလာဆေးရုံကိုတက်ပြီး ခွဲစိတ်မှုခံယူခဲ့ရပါသေးတယ်။
အဲ့ဒီတုန်းကတော့ စိုင်းဆိုင်မောဝ်ဟာ စိတ်ပူပေးတဲ့ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ကြောင်းပြောခဲ့ဖူးပါတယ်။ အခုလည်း ဆေးရုံတက်နေရတဲ့ နာမည်ကျော်အဆိုတော်ကြီး စိုင်းဆိုင်မောဝ် ကျန်းမာရေးအခြေအနေ
အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့ ဆုတောင်းရင်း စိုင်းဆိုင်မောဝ့်ကိုချစ်ခင်ကြတဲ့ပရိသတ်တွေအတွက် ယခုအကြောင်းအရာလေးကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply