
မိတ်ဆွေတို့ရေ အဆိုတော် နေဝင်းနဲ့ Travel Bloggerမလေး အိမ့်ချစ်ချောတို့ ဇနီးမောင်နှံကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာ မလိုအောင် အားလုံး ချစ်ခင်ရင်းနှီးပြီးသား ဖြစ်မယ် ထင်ပါတယ်။ အဆိုတော်နေဝင်းရဲ့ ဇနီးဖြစ်သူ အိမ့်ချစ်ချောအပေါ်
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
ချစ်သူရည်းစားဘဝတည်းက အမြတ်တနိုးနဲ့ တန်ဖိုးထားပြီး ချစ်တတ်ပုံလေးတွေကြောင့် နှစ်ယောက်လုံးကို ပရိသတ်တွေက လေးစားနှစ်သက်ကာ အားပေးမှုတွေ အပြည့်ပေးခဲ့ကြတာပါ။ နေဝင်းရဲ့ဂရုစိုက်မှု၊ အိမ်ချစ်ချောရဲ့ အလေးပေးမှုတို့နဲ့ တစ်ယောက်အပေါ်တစ်ယောက်
နားလည်မှုတွေနဲ့တည်ဆောက်ထားတဲ့ သူတို့နှစ်ဉီးဟာ ချစ်သက်တမ်း (၁၀)နှစ်ကျော် လက်ထပ်ပြီးချိန်မှာလည်း မြင်သာကာ ကြည်နူးဖွယ်ရာအတိမို့ ပရိသတ်တွေရဲ့ဝန်းရံ ချစ်ခင် အားကျမှုတို့ကို ပိုင်ဆိုင်ထားနိုင်တဲ့ စုံတွဲလေးတစ်တွဲလို့ ဆိုရမှာပါနော်။ ယနေ့မှာတော့ အဆိုတော်နေဝင်းက
အဆိုတော်ယုန်လေး တင်ထားတဲ့ ပို့စ်မှာ သူ့နာမည် ပါလာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်များအား ဖြေရှင်း ပြောလာတာကို တွေ့ရပါတယ်။ ယုန်လေးဟာဆိုရင် တိုင်းပြည် ယခုလက်ရှိကာလို အာဏာသိမ်းမခံရခင်အချိန်ကာလထဲက ပရိသတ်တွေနဲ့ အကြိမ်ကြိမ်
သဘောထားကွဲလွဲကာ ထိပ်တိုက်တွေ့ခဲ့ရသူ တစ်ဉီးဖြစ်ပြီး အခါခါ ကန်တော့ တောင်းပန်လိုက်၊ ထပ်ပြီး ပရိသတ်ပြည်သူများ လက်မခံနိုင်တဲ့ ကိစ္စရပ်များ ထလုပ်လိုက် ပြန်တောင်းပန်လိုက် ကန်တော့လိုက်နဲ့ သံသရာလည်နေသူလို့ ဆိုရမှာပါ။ တိုင်းပြည်အာဏာ သိမ်းခံရပြီး
နာက်ပိုင်းမှာလည်း ပရိသတ်ပြည်သူတွေရဲ့ ဝေဖန်မှုကို အကြိမ်ကြိမ်ဆိုသလို ကြုံတွေ့ခဲ့ရတဲ့ ယုန်လေးဟာ ကာလအတန်ကြာ ငြိမ်သက်နေခဲ့ရာမှာ မနေ့ကတော့ သူ့ရဲ့ကားကို ရောင်းရငွေများအား မ,တည်ကာ အရင်လို လိုအပ်သူတွေကိုကူတဲ့အစီအစဉ်တွေ ပြန်စမယ်ဆိုပြီး
ပို့စ်တင်ပြောကာ သူနဲ့အတူ ဝိုင်းဝန်းပါဝင် လှူဒါန်းကြဖို့ ဖိတ်ခေါ်ပြောဆိုလာရင်း သူ့ထံသို့ လှူဒါန်းပေးပို့ထားသော အလှူရှင်များ စာရင်းဆိုပြီး နာမည်စာရင်းနှင့် ငွေပမာဏတွေ တွဲပြီး တင်လာခဲ့ပါတယ်။ ထိုသို့ အမည်စာရင်းတင်လာတဲ့အထဲမှာ အဆိုတော်နေဝင်းရဲ့နာမည်
ပါဝင်နေပြီး ထိုကိစ္စနဲ့ပတ်သက်ပြီး နေဝင်းက “အလှူစာရင်းမှာ ကျွန်တော့်နံမည် ပါနေလို့၊ ကျွန်တော် မလှူထားပါဘူးခင်ဗျာ။ ဘာလို့ နံမည်ပါလဲတော့ ကျွန်တော်မသိပါဘူး။ ကာယကံရှင်က ဖျ က်ပေးပေမယ့် SSတွေနဲ့ ရေးတင်ကျ shareကျ ပြီးတော့ recordကျန်ခဲ့တာရယ်ကြောင့်
အမှန်ထင်သွားမှာ စိုးလို့ ပြောပြရခြင်းဖြစ်ပါတယ်။ ကျွန်တော့်နံမည်ပါလာလို့ ကျွန်တော့်ပရိတ်သတ်တွေကို ကျွန်တော်ရှင်းပြတာပါ ကျန်တဲ့လူတွေတော့ ကျွန်တော်မသိပါဘူး” ဆိုပြီး ပြောလာခဲ့တာကို တွေ့ရပါတယ်။ ယုန်လေး တင်လာတဲ့ လှူဒါန်းထားသူများစာရင်းမှာ
သူလည်း မလှူထားဘဲနဲ့ သူ့နာမည်ထည့်ကာ ဖော်ပြထားတာဖြစ်ပြီး အဘယ့်ကြောင့် ထိုကဲ့သို့ နာမည်ပါနေရကြောင်း၊ နာမည်ထည့်ရေးထားကြောင်း သူ မသိဘူးလို့ နေဝင်းက အတိအလင်း ဖြေရှင်း ပြောကြားလာတာပဲ ဖြစ်ပါတယ်နော် ပရိသတ်ကြီး။
ယုန်လေးကတော့ သူတင်ထားတဲ့ လှူဒါန်းထားတဲ့ အလှူရှင်စာရင်းပို့စ်ကို အကြိမ်ကြိမ် editလုပ် ပြုပြင်ထားတာ တွေ့ရပြီး စာရင်းပါ လူဉီးရေတွေ တဖြည်းဖြည်းလျော့သွားရာမှ နောက်ဆုံးမှာတော့ အမည်စာရင်း အကုန်ဖျက်ကာ ငွေပမာဏကိုသာ ပြင်ဆင်ဖော်ပြထားတာကို
တွေ့ရပါတယ်။ ထိုကဲ့သို့ အမည်စာရင်းများ ပြုပြင်ပြောင်းလဲပြီး ပြန်လည်ဖြုတ်ချသွားရတဲ့အကြောင်းအရင်းကတော့ နေဝင်းကဲ့သို့ ကိုယ်တိုင်မသိရှိဘဲ ကာယကံရှင်က ပါဝင်ဆောင်ရွက်ခြင်းမရှိဘဲ နာမည်ထည့်ခံထားရသူတွေ ရှိနေသေးလို့ ကာယကံရှင်တွေက သွားရာက်ပြောကြ၍
စာရင်းပြန်လျော့ရင်းမှ နောက်ဆုံး ပြန်ဖြုတ်ချသွားတာလား သို့မဟုတ် အကြောင်းအမျိုးမျိုးကြောင့် နာမည်စာရင်း မတင်ချင်တော့လို့ ပြန်လည်ဖြုတ်ချလိုက် တာလားဆိုတာတော့ ယုန်လေးကိုယ်တိုင်သာ အသိဆုံးပဲ ဖြစ်မှာပါနော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ျဖင့္ ဖတ္ရန္
မိတ္ေဆြတို႔ေရ အဆိုေတာ္ ေနဝင္းနဲ႔ Travel Bloggerမေလး အိမ့္ခ်စ္ေခ်ာတို႔ ဇနီးေမာင္ႏွံကိုေတာ့ အထူးအေထြ မိတ္ဆက္ေပးစရာ မလိုေအာင္ အားလံုး ခ်စ္ခင္ရင္းႏွီးၿပီးသား ျဖစ္မယ္ ထင္ပါတယ္။ အဆိုေတာ္ေနဝင္းရဲ႕ ဇနီးျဖစ္သူ အိမ့္ခ်စ္ေခ်ာအေပၚ
ခ်စ္သူရည္းစားဘဝတည္းက အျမတ္တႏိုးနဲ႔ တန္ဖိုးထားၿပီး ခ်စ္တတ္ပံုေလးေတြေၾကာင့္ ႏွစ္ေယာက္လံုးကို ပရိသတ္ေတြက ေလးစားႏွစ္သက္ကာ အားေပးမႈေတြ အျပၫ့္ေပးခဲ့ၾကတာပါ။ ေနဝင္းရဲ့ဂရုစိုက္မႈ၊ အိမ္ခ်စ္ေခ်ာရဲ့ အေလးေပးမႈတို႔နဲ႔ တစ္ေယာက္အေပၚတစ္ေယာက္
နားလည္မႈေတြနဲ႔တည္ေဆာက္ထားတဲ့ သူတို႔ႏွစ္ၪီးဟာ ခ်စ္သက္တမ္း (၁၀)ႏွစ္ေက်ာ္ လက္ထပ္ၿပီးခ်ိန္မွာလည္း ျမင္သာကာ ၾကည္ႏူးဖြယ္ရာအတိမို႔ ပရိသတ္ေတြရဲ့ဝန္းရံ ခ်စ္ခင္ အားက်မႈတို႔ကို ပိုင္ဆိုင္ထားႏိုင္တဲ့ စံုတြဲေလးတစ္တြဲလို႔ ဆိုရမွာပါေနာ္။ ယေန့မွာေတာ့ အဆိုေတာ္ေနဝင္းက
အဆိုေတာ္ယုန္ေလး တင္ထားတဲ့ ပို႔စ္မွာ သူ႔နာမည္ ပါလာတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ပရိသတ္မ်ားအား ေျဖရွင္း ေျပာလာတာကို ေတြ႕ရပါတယ္။ ယုန္ေလးဟာဆိုရင္ တိုင္းျပည္ ယခုလက္ရိွကာလို အာဏာသိမ္းမခံရခင္အခ်ိန္ကာလထဲက ပရိသတ္ေတြနဲ႔ အႀကိမ္ႀကိမ္
သေဘာထားကြဲလြဲကာ ထိပ္တိုက္ေတြ့ခဲ့ရသူ တစ္ၪီးျဖစ္ၿပီး အခါခါ ကန္ေတာ့ ေတာင္းပန္လိုက္၊ ထပ္ၿပီး ပရိသတ္ျပည္သူမ်ား လက္မခံႏိုင္တဲ့ ကိစၥရပ္မ်ား ထလုပ္လိုက္ ျပန္ေတာင္းပန္လိုက္ ကန္ေတာ့လိုက္နဲ႔ သံသရာလည္ေနသူလို႔ ဆိုရမွာပါ။ တိုင္းျပည္အာဏာ သိမ္းခံရၿပီး
နာက္ပိုင္းမွာလည္း ပရိသတ္ျပည္သူေတြရဲ့ ေဝဖန္မႈကို အႀကိမ္ႀကိမ္ဆိုသလို ႀကံဳေတြ့ခဲ့ရတဲ့ ယုန္ေလးဟာ ကာလအတန္ၾကာ ၿငိမ္သက္ေနခဲ့ရာမွာ မေန့ကေတာ့ သူ႔ရဲ့ကားကို ေရာင္းရေငြမ်ားအား မ,တည္ကာ အရင္လို လိုအပ္သူေတြကိုကူတဲ့အစီအစဥ္ေတြ ျပန္စမယ္ဆိုၿပီး
ပို႔စ္တင္ေျပာကာ သူနဲ႔အတူ ဝိုင္းဝန္းပါဝင္ လႉဒါန္းၾကဖို႔ ဖိတ္ေခၚေျပာဆိုလာရင္း သူ႔ထံသို႔ လႉဒါန္းေပးပို႔ထားေသာ အလႉရွင္မ်ား စာရင္းဆိုၿပီး နာမည္စာရင္းႏွင့္ ေငြပမာဏေတြ တြဲၿပီး တင္လာခဲ့ပါတယ္။ ထိုသို႔ အမည္စာရင္းတင္လာတဲ့အထဲမွာ အဆိုေတာ္ေနဝင္းရဲ့နာမည္
ပါဝင္ေနၿပီး ထိုကိစၥနဲ႔ပတ္သက္ၿပီး ေနဝင္းက “အလႉစာရင္းမွာ ကြၽန္ေတာ့္နံမည္ ပါေနလို႔၊ ကြၽန္ေတာ္ မလႉထားပါဘူးခင္ဗ်ာ။ ဘာလို႔ နံမည္ပါလဲေတာ့ ကြၽန္ေတာ္မသိပါဘူး။ ကာယကံရွင္က ဖ် က္ေပးေပမယ့္ SSေတြနဲ႔ ေရးတင္က် shareက် ျပီးေတာ့ recordက်န္ခဲ့တာရယ္ေၾကာင့္
အမွန္ထင္သြားမွာ စိုးလို႔ ေျပာျပရျခင္းျဖစ္ပါတယ္။ ကြၽန္ေတာ့္နံမည္ပါလာလို႔ ကြၽန္ေတာ့္ပရိတ္သတ္ေတြကို ကြၽန္ေတာ္ရွင္းျပတာပါ က်န္တဲ့လူေတြေတာ့ ကြၽန္ေတာ္မသိပါဘူး” ဆိုၿပီး ေျပာလာခဲ့တာကို ေတြ့ရပါတယ္။ ယုန္ေလး တင္လာတဲ့ လႉဒါန္းထားသူမ်ားစာရင္းမွာ
သူလည္း မလႉထားဘဲနဲ႔ သူ႔နာမည္ထည့္ကာ ေဖာ္ျပထားတာျဖစ္ၿပီး အဘယ့္ေၾကာင့္ ထိုကဲ့သို႔ နာမည္ပါေနရေၾကာင္း၊ နာမည္ထည့္ေရးထားေၾကာင္း သူ မသိဘူးလို႔ ေနဝင္းက အတိအလင္း ေျဖရွင္း ေျပာၾကားလာတာပဲ ျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး။
ယုန္ေလးကေတာ့ သူတင္ထားတဲ့ လႉဒါန္းထားတဲ့ အလႉရွင္စာရင္းပို႔စ္ကို အႀကိမ္ႀကိမ္ editလုပ္ ျပဳျပင္ထားတာ ေတြ့ရၿပီး စာရင္းပါ လူၪီးေရေတြ တျဖည္းျဖည္းေလ်ာ့သြားရာမွ ေနာက္ဆံုးမွာေတာ့ အမည္စာရင္း အကုန္ဖ်က္ကာ ေငြပမာဏကိုသာ ျပင္ဆင္ေဖာ္ျပထားတာကို
ေတြ့ရပါတယ္။ ထိုကဲ့သို႔ အမည္စာရင္းမ်ား ျပဳျပင္ေျပာင္းလဲၿပီး ျပန္လည္ျဖဳတ္ခ်သြားရတဲ့အေၾကာင္းအရင္းကေတာ့ ေနဝင္းကဲ့သို႔ ကိုယ္တိုင္မသိရိွဘဲ ကာယကံရွင္က ပါဝင္ေဆာင္ရြက္ျခင္းမရိွဘဲ နာမည္ထည့္ခံထားရသူေတြ ရိွေနေသးလို႔ ကာယကံရွင္ေတြက သြားရာက္ေျပာၾက၍
စာရင္းျပန္ေလ်ာ့ရင္းမွ ေနာက္ဆံုး ျပန္ျဖဳတ္ခ်သြားတာလား သို႔မဟုတ္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ နာမည္စာရင္း မတင္ခ်င္ေတာ့လို႔ ျပန္လည္ျဖဳတ္ခ်လိုက္ တာလားဆိုတာေတာ့ ယုန္ေလးကိုယ္တိုင္သာ အသိဆံုးပဲ ျဖစ္မွာပါေနာ္။ ေလးစားစြာျဖင့္ ခရက္ဒစ္
Leave a Reply