
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကြ မ်းဖက်စစ်ကောင်စီက ရွေးကောက်ပွဲအမှုဖြင့် ထောင်ဒဏ် ၃နှစ် ထပ်မံချမှတ်ချလိုက်သဖြင့် စုစုပေါင်း ထောင် ဒဏ်
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
၂၀ နှစ်ရှိလာကြောင်း သိရှိရသည်။ အသက် ၇၆နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၁နှစ် ချမှတ်ထားပြီးရာမှ ယနေ့တွင် အမှု ၄ခုအတွက် အမိန့်ချခြင်းဖြစ်ကြောင်း၊ အမှု ၃ခုအတွက်
ထောင်ဒဏ် ၃နှစ်စီ ချမှတ်ပြီး တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချကြောင်း၊ အခြားအမှုတစ်ခုအတွက်လည်း ထောင်ဒဏ် ၃နှစ် ထပ်မံချမှတ်သဖြင့် ယနေ့ အမှု ၄ ခုအတွက် ထောင်ဒဏ် ၆နှစ်ချမှတ်ခြင်းဖြစ်ကြောင်း၊
လက်ရှိတွင် စုစုပေါင်းထောင်ဒဏ် ၁၇ နှစ်ချမှတ်ခံထားရာမှ ယနေ့တွင် ထောင်ဒဏ် ၃နှစ် ထပ်မံ ချမှတ်ခြင်းဖြစ်၍ စုစုပေါင်း ထောင်ဒဏ် ၂၀ နှစ်ရှိလာကြောင်း သိရှိရသည်။ အကြ မ်းဖက်စစ်ခေါင်းဆောင်
မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖ မ်းဆီး၍ ဥပဒေမဲ့ အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply