မိတ်ဆွေတို့ရေ အဆိုတော်ပိုးမီကိုတော့ အားလုံးသိကြမယ်လို့ထင်ပါတယ်။ အဆိုတော်ပိုးမီက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ခရီးတစ်ခုကအပြန် အမြန်လမ်းပေါ်မှာ ကားအက်ဆီးဒန့် ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ရတယ်လို့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သူ့ရဲ့လူမှုကွန်ယက်စာမျက်ှာထက်မှာ ရေးသားမျှဝေထားပါတယ်။ “ကားတစ်စီးလုံး စု တ်ပြတ်သက်သွားတဲ့အထိ ပြင်းထန်ခဲ့ပေမဲ့ ခေါင်းကို ထိ ခိုက်မိပြီး ၆ချက်ချုပ်ရုံကလွဲလို့ အပွ န်းအပဲ့အကျို းအပဲ့ အထိအခိုက်တစ်စုံတစ်ရာတောင်
မရခဲ့ပါဘူး ကံကောင်းခဲ့တယ်လို့ပဲ တွေးမိတော့တယ်။ တစ်စက္ကန့် နှစ်စက္ကန့်အတွင်း ဖြစ်သွားခဲ့သမျှသတိတချက်မလွတ်ခဲ့လို့ အစ/အဆုံး အက်ရှင်ကားထဲက ဇာတ်ဝင်ခန်းလိုပါပဲ ေ သွးနည်းနည်းမြင်ရင်တောင်
တုန်ယင်ပြီး ကြောက်တတ်ခဲ့ပေမယ့် တကယ်တမ်း ရင်ဆိုင်ရတဲ့အခါ တည်ငြိမ်ပြီး သတိမလွတ်တဲ့ ကိုယ့်ကိုကိုယ်တောင် အံ့ဩရပါတယ်။ အခုလို အက်ဆီးဒန့်ဖြစ်ပြီးသွားတဲ့နောက် တွေးမိသွားခဲ့တာက
ကံပါလာရင် ဘယ်အရာကိုမှ ရှောင်လွှဲလို့မရပါဘူး။ ကြိုမမြင်ရတဲ့ ကံကြမ္မာဟာ အချိန်အခါမရွေးကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ရွေးချယ်ခွင့်မရှိ ကြုံကိုကြုံရမယ်ဆိုတာပါပဲ။ ကိုယ် မမျှော်လင့်ထားပါပဲ ဘုရားတည်ခွင့်ရခဲ့သလို
ကိုယ် မမျှော်လင့်ထားပါပဲ ကား အက်ဆီးဒန့်ဖြစ်ခဲ့တယ်။အကောင်းရော အဆိုးရော တစ်နှစ်တည်းမှာပဲ ကြုံဖူးခဲ့ပါပြီ။ ရှေ့ဆက်လဲ ဘာတွေကြုံလာဦးမလဲ ကြိုမသိနိုင်တဲ့ လောကကြီးမှာ မတော်တဆ ရုတ်တရက်
ေ သဆုံးခဲ့ရင်တောင်မှ အဆင်သင့်ဖြစ်နေဖို့ လိုပါတယ် ဒါကြောင့် ဘုရား တရား လုံးဝမမေ့ပါနဲ့ ဘုရား တရား လုံးဝ မမေ့ပါနဲ့ ဘုရား တရား လုံးဝ မမေ့ပါနဲ့ ေ သသွားတဲ့အခါ ဘယ်အရာမှ ကိုယ့်နောက်မပါနိုင်သလို
ဘယ်အရာကမှ ကိုယ်ရောက်ချင်တဲ့ဘဝကို တွန်းမပို့ပေးနိုင်ပါဘူး အသိနဲ့သတိလေး မလစ်ပဲ ဆင်ခြင်ဖို့လိုပါပြီ သတင်းကြားပြီး စိတ်ပူနေကြတဲ့ မိတ်ဆွေအပေါင်းအသင်းတွေ ကို စိတ်အေးစေချင်တာကြောင့်ရော
ပိုးမီ ကြုံတွေ့ရတဲ့အခြေအနေကနေ ဆင်ခြင်မိခဲ့တဲ့အရာတွေကို ပြောချင်တာရော ကိုယ့်လို မဖြစ်ရလေအောင် သတိချပ်စေချင်တာရောကြောင့် ဒီနေ့ ဒီစာလေးကို ရေးလိုက်တာပါ။ ပိုးမီ အခု သက်သာနေပါပြီ
မကြာမီ ချုပ်ရိုးဖြည်ရပါမယ်၊ ပြီးရင်တော့ လူဝတ်လဲပြီး သာသနာ့ဘောင်ကို ခဏ ဝင်ဖြစ်ပါမယ်ရှင့် “ဆိုပြီးတော့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပိုးမီက အခုလို မျှဝေပြောပြလာပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply