သရုပ်ဆောင်ထူးခန့်ကျော်ကတော့ အနုပညာလောကမှာ ကျင်လည်တာကြာပြီဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ထူးခန့်ကျော်ကတော့ အခုဆိုရင် သရုပ်ဆောင်တစ်ယောက်အဖြစ်ရော အကြောပြင်ဆရာတစ်ယောက်အဖြစ်ရော ရပ်တည်နေကာ အနုပညာအလုပ်တွေအပြင် ပရဟိတအလုပ်တွေကိုပါ လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။
ထူးခန့်ကျော်က ဒီကနေ့မှာတော့ “ဝိပါက” ဇာတ်လမ်းတွဲထုတ်လွှင့်မယ့် အထိမ်းအမှတ်အဖြစ် ပရိသတ်တွေကို ကံစမ်းမဲမဲဖောက်ပေးမယ်ဆိုပြီး အခုလိုပဲပြောလာပါတယ်။ ထူးခန့်ကျော်က “၆-၉-၂၀၂၂မှာပြသမည့်
ဝိပါကဇာတ်လမ်းတွဲအတွက်ရော အစစအရာရာအဆင်မပြေမှု့များအားတုန့်ပြန်သောအားဖြင့် ကျွန်တော်ရင်ဘတ်နဲ့ချစ်ခင်ခဲ့ရသောအမျိုးများအားလုံးကိုမနက်ဖြန်၂-၉-၂၀၂၂သောကြာနေ့တွင်
Liveလွှင့်ပြီးဖုန်းဘေကံစမ်းမဲများအား ည၇နာရီမိနစ်၂၀တွင်မဲများဖောက်ပေးမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ရင်း မင်္ဂလာညချမ်းလေးမှာအမျိုးများအားလုံးကျန်းမာလို့ချမ်းသာကြပါစေ” ဆိုပြီး
သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်။ “ဝိပါက” ဇာတ်လမ်းတွဲကို လာမယ့် စက်တင်ဘာလ (၂) ရက်နေ့မှာ ထုတ်လွှင့်ပြသတော့မှာဖြစ်ပြီး ပရိသတ်ကြီးကလည်း ဇာတ်လမ်းတွဲလေးကို ဆက်လက်အားပေးကြပါဦးလို့ တောင်းဆိုပါရစေနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply