သူမရဲ့သားငယ်လေးနဲ့အရွယ်တူ ခိုင်နှင်းဝေဂေဟာမှ ကလေးတွေကိုကြည့်ကာရင်ထဲခံစားလာရလို့ အလှူငွေသိန်းပေါင်းများစွာချက်ချင်းထလှူဒါန်းလိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်
ပရိသတ်ကြီးရေ နှိုင်းယှဉ်မြင့်မိုရ် ကတော့ လက်ရှိမှာ Live Sale ဘုရင်မတစ်ယောက်လို့ တင်စားရလောက်အောင် ကို အောင်မြင်မှုတွေရရှိနေခဲ့တဲ့ သူပဲဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အလှူအတန်းရက်ရောလှတဲ့ နှိုင်းယှဉ်ကတော့ သူကိုယ်တိုင်လည်း အဆင်ပြေလာတာနဲ့ အမျှ အလှူအတန်းတွေကို ရက်ရောစွာနဲ့ လှူဒါန်းပေးနေခဲ့ပါတယ်။ဒီနေ့မှာလည်း နှိုင်းယှဉ်ကတော့ ခိုင်နှင်းဝေရဲ့
ရင်သွေးလေးများ ဂေဟာက ကလေးငယ်တွေအတွက် သူတတ်နိုင်သလောက်လှူဒါန်းပေးခဲ့ကြောင်းသိရှိရပါတယ်။နှိုင်းယှဉ် ကတော့ အခုလို လှူဒါန်းဖြစ်ခဲ့ ပုံကို “ဟိုတနေ့ညက နိုနိုင်းလေး‌အိပ်ပျော် သွားလို့ Fb ကြည့်လိုက်မိတဲ့ အချိန်
မခိုင်နှင်းဝေ နဲ့ ခလေးလေးတွေပုံတက်လာတယ် မီးပျက်နေတာမို့ အငယ်လေးတွေ နဲ့ အောက်ထပ်ဆင်း နေတယ်လို့ရေးထားလို့ ဝင်ကြည့်မိတော့ကိုယ်ဘေးမှာ အိပ်ပျော်နေရှာတဲ့ ကိုယ့် သားငယ်လေး အရွယ်လေးတွေ ချည်း
သူတို့ဘေးက ဆရာမတွေကို ရီပြနေကြတဲ့ပုံလေးတွေ အပြစ်ကင်းလိုက်တာ ဘာမှ မသိကြရှာဘူး။ အပူအပင် ကင်းပြီး ချစ်ဖို့ကောင်း လိုက်တာ ရင်ထဲ မှာအ ရမ်းလှူချင်စိတ်ဖြစ် မိတယ် ဒိုက်ဘာ နို့မှုန့်တွေ လိုက်ဝယ်ဖို့ အချိန်မရလို့
ကိုယ်ရဲ့ လုပ်အားခထဲက ငွေဆယ်သိန်း လှုဖို့ အမကို ဆက်သွယ်ထားတယ် သူတို့လေးတွေအတွက် တထောင့်တနေရာကနေ ကူတာပါ ဒီအလုပ်ကို လုပ်နေတဲ့ အမခိုင်နှင်းဝေရဲ့စိတ်ကိုလည်း အရမ်းလေးစားမိတယ်။
ခလေးတွေရဲ့ မိဘတွေကိုယ်စ ား ကျေးဇူးလည်းတင်မိတယ်” ဆိုပြီး အခုလို ကလေးတွေ ကို စောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေကိုလည်း လေးစားမိကြော င်းပါ ရေးသားဖော်ပြထား ခဲ့ပါတယ် ပရိသတ်ကြီးရေ။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*