
အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်ဖြင့် လစဉ် တပ်ရင်းတပ်ဖွဲ့များတွင် ဒါဘာ အစည်းအဝေးများပြုလုပ်ကြရာတွင် NUG က
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
ယခုနောက်ဆုံး လုပ်ဆောင်နေသည့် ဒရုန်းစစ်ဆင်ရေးကို သတိထားကြရနှင့် ကြောက်စရာမလိုကြောင်း၊ သို့သော်လည်း မကြောက်ဘဲလည်း မနေကြရန် လိုအပ်သည်ဟု
မင်းအောင်လှိုင်က ညွှန်ကြားထားကြောင်း သိရှိရသည်။ ဩဂုတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတစ်ဝန်း တပ်ရင်း၊ တပ်ဖွဲ့များတွင် ဒါဘာအစည်းအဝေးများ ပြုလုပ်ပြီး
NUG ၏ ဒရုန်းစစ်ဆင်ရေးသည် သတိထားရမည့် ခေါင်းစဉ်အဖြစ် အကျယ်တဝင့် ဆွေးနွေး ညွှန်ကြားလာခြင်းဖြစ်သည်ဟု သိရှိရသည်။ “တပ်တွင်းဒါဘာတွေမှာ NUG ရဲ့ ဒရုန်း စစ်ဆင်ရေးကို
အဓိက အသားပေးပြောပါတယ်။ ဒီကောင်တွေကိုကြောက်စရာမလိုဘူး။ သတိထားရမယ်။ ဒါပေမယ့် မကြောက်ဘဲနဲ့လည်း မနေကြနဲ့လို့လည်း ထပ်ပြောပြန်တယ်။ အဓိပ္ပာယ်က မင်းတို့ လုံခြုံရေးကို
ဂရုစိုက်ရင် ကြောက်ဖို့မလိုဘူး။ လုံခြုံရေးလစ်ဟာရင် ဒါက ကြောက်စရာ၊ မကြောက်ရမယ့်ဟာ မဟုတ်ဘူး။ လုံခြုံရေးကို ဂရုစိုက်ဖို့ကို အဓိက ပြောချင်တဲ့သဘောပါ” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် တပ်ရင်း၊ တပ်ဖွဲ့များတွင် ဒရုန်းများကို ဖြတ်ချသည့် ဒရုန်းကာကွယ်ရေးစနစ် တပ်ဆင်ရန် ပြင်ဆင်နေသော်လည်း လိုအပ်ချက်များစွာရှိနေကြောင်း၊ ထို့ကြောင့် လ က်နက်တိုက်များကို
ဦးစားပေး တပ်ဆင်နေကြောင်း၊ သို့ရာတွင် ကိုက် ၅၀၀ အတွင်း တစ်မိုင်ပတ်လည်သာ သက်ရောက်မှုရှိနိုင်သည်ဟု သိရှိရသည်။ “တပ်ရင်းတပ်ဖွဲ့တွေကို ဒရုန်းကာကွယ်တဲ့စနစ်တွေ တပ်မယ်။ လ က်နက်တိုက်နဲ့
အရေးကြီးသောနေရာတွေမှာ တပ်ထားတယ်။ ကိုက် ၅၀၀ လို့လည်းပြောတယ်။ တစ်မိုင်ပတ်လည်လို့လည်းပြောပါတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။ တပ်ဒါဘာအစည်းအဝေးများတွင် NLD က မဲ မသမာမှု လုပ်၍
လက်ရှိ အခြေအနေဖြစ်လာရခြင်းဖြစ်ပြီး ညှိနှိုင်း ဖြေရှင်းခဲ့လျှင် လက်ရှိ အခြေအနေအထိ မဖြစ်လာနိုင်ဟုလည်းကောင်း၊ စစ်တပ်အနေဖြင့် အာဏာမထိန်းလိုဘဲ
ထိန်းရခြင်းဖြစ်သည်ဆိုသော ယခင်ပြောနေကြစကားများကိုပဲ ထပ်ခါ ထပ်ခါ ထပ်မံ ပြောဆိုသွားကြောင်း သိရှိရသည်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
အၾကမ္းဖက္စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လွိုင္၏ ၫႊန္ၾကားခ်က္ျဖင့္ လစဥ္ တပ္ရင္းတပ္ဖြဲ႕မ်ားတြင္ ဒါဘာ အစည္းအေဝးမ်ားျပဳလုပ္ၾကရာတြင္ NUG က
ယခုေနာက္ဆုံး လုပ္ေဆာင္ေနသည့္ ဒ႐ုန္းစစ္ဆင္ေရးကို သတိထားၾကရႏွင့္ ေၾကာက္စရာမလိုေၾကာင္း၊ သို႔ေသာ္လည္း မေၾကာက္ဘဲလည္း မေနၾကရန္ လိုအပ္သည္ဟု
မင္းေအာင္လွိုင္က ၫႊန္ၾကားထားေၾကာင္း သိရွိရသည္။ ဩဂုတ္လ ၃၀ ရက္ေန႕တြင္ နိုင္ငံတစ္ဝန္း တပ္ရင္း၊ တပ္ဖြဲ႕မ်ားတြင္ ဒါဘာအစည္းအေဝးမ်ား ျပဳလုပ္ၿပီး
NUG ၏ ဒ႐ုန္းစစ္ဆင္ေရးသည္ သတိထားရမည့္ ေခါင္းစဥ္အျဖစ္ အက်ယ္တဝင့္ ေဆြးေႏြး ၫႊန္ၾကားလာျခင္းျဖစ္သည္ဟု သိရွိရသည္။ “တပ္တြင္းဒါဘာေတြမွာ NUG ရဲ႕ ဒ႐ုန္း စစ္ဆင္ေရးကို
အဓိက အသားေပးေျပာပါတယ္။ ဒီေကာင္ေတြကိုေၾကာက္စရာမလိုဘူး။ သတိထားရမယ္။ ဒါေပမယ့္ မေၾကာက္ဘဲနဲ႕လည္း မေနၾကနဲ႕လို႔လည္း ထပ္ေျပာျပန္တယ္။ အဓိပၸာယ္က မင္းတို႔ လုံၿခဳံေရးကို
ဂ႐ုစိုက္ရင္ ေၾကာက္ဖို႔မလိုဘူး။ လုံၿခဳံေရးလစ္ဟာရင္ ဒါက ေၾကာက္စရာ၊ မေၾကာက္ရမယ့္ဟာ မဟုတ္ဘူး။ လုံၿခဳံေရးကို ဂ႐ုစိုက္ဖို႔ကို အဓိက ေျပာခ်င္တဲ့သေဘာပါ” ဟု တပ္တြင္းသတင္းရင္းျမစ္က ေျပာသည္။
လက္ရွိတြင္ တပ္ရင္း၊ တပ္ဖြဲ႕မ်ားတြင္ ဒ႐ုန္းမ်ားကို ျဖတ္ခ်သည့္ ဒ႐ုန္းကာကြယ္ေရးစနစ္ တပ္ဆင္ရန္ ျပင္ဆင္ေနေသာ္လည္း လိုအပ္ခ်က္မ်ားစြာရွိေနေၾကာင္း၊ ထို႔ေၾကာင့္ လ က္နက္တိုက္မ်ားကို
ဦးစားေပး တပ္ဆင္ေနေၾကာင္း၊ သို႔ရာတြင္ ကိုက္ ၅၀၀ အတြင္း တစ္မိုင္ပတ္လည္သာ သက္ေရာက္မႈရွိနိုင္သည္ဟု သိရွိရသည္။ “တပ္ရင္းတပ္ဖြဲ႕ေတြကို ဒ႐ုန္းကာကြယ္တဲ့စနစ္ေတြ တပ္မယ္။ လ က္နက္တိုက္နဲ႕
အေရးႀကီးေသာေနရာေတြမွာ တပ္ထားတယ္။ ကိုက္ ၅၀၀ လို႔လည္းေျပာတယ္။ တစ္မိုင္ပတ္လည္လို႔လည္းေျပာပါတယ္” ဟု တပ္သတင္းရင္းျမစ္က ေျပာသည္။ တပ္ဒါဘာအစည္းအေဝးမ်ားတြင္ NLD က မဲ မသမာမႈ လုပ္၍
လက္ရွိ အေျခအေနျဖစ္လာရျခင္းျဖစ္ၿပီး ညွိႏွိုင္း ေျဖရွင္းခဲ့လွ်င္ လက္ရွိ အေျခအေနအထိ မျဖစ္လာနိုင္ဟုလည္းေကာင္း၊ စစ္တပ္အေနျဖင့္ အာဏာမထိန္းလိုဘဲ
ထိန္းရျခင္းျဖစ္သည္ဆိုေသာ ယခင္ေျပာေနၾကစကားမ်ားကိုပဲ ထပ္ခါ ထပ္ခါ ထပ္မံ ေျပာဆိုသြားေၾကာင္း သိရွိရသည္။ ခရက္ဒစ္
Leave a Reply