လက် နက်ဝယ်ယူရေးထက် ထုတ်လုပ်ရေးပိုင်းကို ဦးစားပေးလုပ်ဆောင်နေတဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်

တော်လှန်ရေးရေချိန်မြင့်လာသည်နှင့်အမျှ ပြည်သူများပင်ပန်းလာမည်စိုးသည့်အတွက် လက် နက်ဝယ်ယူရေးထက် လက် နက်ထုတ်လုပ်ရေးကို ဦးစားပေးလုပ်ဆောင်နေပြီဖြစ်ကြောင်း ဗိုလ်နဂါးဦးဆောင်သည့်

(Uni Code ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

မြန်မာ့တော်ဝင်နဂါးတပ်တော်-MRDA Yangonမှ သိရသည်။ “မြန်မာကျပ်ငွေဈေး ကျဆင်းလာတာနဲ့အမျှ လ.က်နက်က ကျွန်တော်တို့ အခက်အခဲရှိလာတယ်ခင်ဗျ၊ တော်လှန်ရေး ရေချိန်မြင့်လာလေ

ပြည်သူပန်းလာမှာကိုကြိုတွေးပြီး ထုတ်လုပ်ရေးကိုစတင်လုပ်ဆောင်နေတာပါ” ဟု MRDA Yangon၏ ထောက်ပို့တာဝန်ခံတစ်ဦးက ပြောသည်။ MRDAအနေဖြင့် ၄၀ မမ မှစ၍ ၁၂၀ မမအထိ M16၊ AK၊ 9mm၊

MK12သနတ်များကိုထုပ်လုပ်သွားမည်ဖြစ်ပြီး လက်ရှိ MK12နှင့် ၄၀ မမ များကို ထုတ်လုပ်နေပြီဖြစ်ကြောင်း MRDAက ဆိုသည်။ “တော်လှန်ရေးမှာ ဦးစားပေးအနေနဲ့ လက် နက်လိုအပ်တဲ့ UGတွေကို

ဦးစားပေးထောက်ပို့ပေးမယ်”ဟု အထက်ပါ ထောက်ပို့တာဝန်ခံက ထပ်မံပြောသည်။ MRDAအနေဖြင့်လည်း မြို့ပြကိုပိုမိုအားစိုက်သွားမည်ဖြစ်ပြီး ကုန်ကြမ်းဝယ်ယူနိုင်ရန်နှင့် ထုတ်လုပ်ရေးစခန်းအတွက်

ငွေကြေးလိုအပ်ချက်များရှိနေခြင်းကြောင့် ကူညီပေးရန်လည်း တောင်းဆိုထားသည်။ မြန်မာ့တော်ဝင်နဂါးတပ်တော် MRDAမှာ ဗိုလ်နဂါးဦးဆောင်သည့်အဖွဲ့ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန MOD၏

လမ်းစဉ်အတိုင်းဆောင်ရွက်နေသည့် စစ်ကိုင်းတိုင်းအခြေစိုက်အဖွဲ့တစ်ဖွဲ့ဖြစ်ကာ ရန်ကုန်တွင်လည်း မြို့ပြပြောက်ကျားအဖြစ်လှုပ်ရှားရန် MRDA Yangon ကိုလည်းဖွဲ့စည်းထားသည်။ လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်








Be the first to comment

Leave a Reply

Your email address will not be published.


*