သူမဂေဟာဆီ လာရောက်လှူဒါန်းထားတဲ့ ဆန်တွေကို အမှန်တကယ်လိုအပ်နေတဲ့ပြည်သူတွေထံ ပြန်လည်ဝေငှပေးခဲ့တဲ့ ခိုင်နှင်းဝေ

မိတ်ဆွေတို့ရေ ခိုင်နှင်းဝေကတော့ ပရိသတ်တွေရဲ့အချစ်ကို အပြည့်အဝသီမ်းပိုက်ရရှိထားတဲ့ မင်းသမီးကြီးတစ်လက်ပဲဖြစ်ပါတယ်။ သူမ ဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း

(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)

ပရဟိတအလုပ်တွေကိုလည်း အားသွန်ခွန်စိုက် လုပ်ကိုင်နေတဲ့အပြင် ခိုကိုးရာမဲ့ ကလေးငယ်တွေကိုလည်း မိခင်ရင်းသဖွယ်စောင့်ရှောက်ထားတာကြောင့် ပရိသတ်တွေချီးကျူးနေရတဲ့ သူပဲဖြစ်ပါတယ်။

မနေ့က သြဂုတ်လ (၃၁)ရက်နေ့မှာလည်း မင်းသမီးကြီးခိုင်နှင်းဝေက သူမရဲ့ဂေဟာဆီ လာရောက်လှူဒါန်းထားတဲ့ ဆန်တွေကို အမှန်တကယ်လိုအပ်နေတဲ့ (၇)ရက်သားသမီးတွေအတွက်

ပြန်လည်လှူဒါန်းပေးခဲ့ပါတယ်။ အခုလိုလှူဒါန်းဖြစ်ခဲ့ကြောင်းကိုလည်း ခိုင်နှင်းဝေက သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “ဂေဟာမှာ လာလှူထားတဲ့ ဆန်အိတ်တွေအပြင် ထပ်တိုးဝယ်ယူထားတဲ့

ဆန်အိတ် စုစုပေါင်း အိတ် (၃၀)ကို ခုနှစ်ရက်သားသမီး ကောင်းမှုကုသိုလ်အဖြစ် ဒါနပြု ကုသိုလ်ယူဖြစ်ခဲ့ပါတယ်ရှင်”ဆိုတဲ့ captionလေးနဲ့အတူ လှူဒါန်းခဲ့တဲ့ ဗီဒီယိုလေးတွေကိုပါ မျှဝေဖော်ပြခဲ့ပါတယ်။

မိတ်ဆွေတို့ရေ ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေရဲ့ မွန်မြတ်လှတဲ့ ကောင်းမှုအလှူဒါနလေးကို ပရိသတ်တွေလည်း သာဓု ခေါ်ဆိုပေးခဲ့ကြပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်







Be the first to comment

Leave a Reply

Your email address will not be published.


*