
မိတ်ဆွေတို့ရေ မြန်မာပြည်ထိပ်တန်း စူပါမင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ “What Happened to the Wolf?” ရုပ်ရှင်ဇာတ်ကားကြီးကို သိကြမယ်လို့ ထင်ပါတယ်။ “What Happened to the Wolf?”
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
ရုပ်ရှင်ဇာတ်ကားကြီးကို ယခုဆိုရင် United States, Indiana, Fort Wayne မြို့တွင် ကျင်းပမယ့် Hobnobben Film Festival မှာ North America Premiere အဖြစ် အောက်တိုဘာ ၁၆ မှာ
ပါဝင်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးတော့ Hobnobben Film Festival တစ်ခုလုံးရဲ့ Closing Night Film အဖြစ်ပြသသွားမယ်လို့ လည်း သိရပါတယ်။ ဒီ ဇာတ်ကားကြီးကို ဒါရိုက်တာဏကြီးရိုက်ကူးထားပြီး
အဓိက သရုပ်ဆောင်တွေဖြစ်တဲ့ ထပ်ဆင့် အကယ်ဒမီ အိန္ဒြာကျော်ဇင်နှင့် အကယ်ဒမီ ပိုင်ဖြိုးသုတို့က သဘာဝကျကျနဲ့ သရုပ်ဆောင်ထားကြတဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။
အကယ်ဒမီ အိန္ဒြာကျော်ဇင်ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ “Oldenburg International Film Festival” မှာ Seymour Cassel Award for Best Performance ဆုအား
ချီးမြှင့်ခြင်းခံရပါတယ်။ ဂျာမနီမှာ “What happened to the wolf?” ဇာတ်ကားကြီးကို ပြသချိန်မှာလည်း မြန်မာပရိသတ်အပါအဝင် လာရောက်ကြည့်ရှုအားပေးသူ ပရိသတ်တွေလည်း အများအပြားရှိခဲ့ကြပါတယ်။
အခုလို အနောက်နိုင်ငံကြီးတွေမှာ ဒီလိုမြန်မာ့ဇာတ်ကားကောင်းတွေ ပြသခွင့်ရပြီး ဆုတွေသိမ်းပိုက်နိုင်ခဲ့တဲ့အတွက် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ လွန်စွာမှ ဝမ်းသာဂုဏ်ယူမိပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ျဖင့္ ဖတ္ရန္
မိတ္ေဆြတို႔ေရ ျမန္မာျပည္ထိပ္တန္း စူပါမင္းသမီးေတြ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “What Happened to the Wolf?” ႐ုပ္ရွင္ဇာတ္ကားႀကီးကို သိၾကမယ္လို့ ထင္ပါတယ္။ “What Happened to the Wolf?”
႐ုပ္ရွင္ဇာတ္ကားႀကီးကို ယခုဆိုရင္ United States, Indiana, Fort Wayne ၿမိဳ့တြင္ က်င္းပမယ့္ Hobnobben Film Festival မွာ North America Premiere အျဖစ္ ေအာက္တိုဘာ ၁၆ မွာ
ပါဝင္ျပသသြားမွာျဖစ္တယ္လို့ သိရပါတယ္။ ၿပီးေတာ့ Hobnobben Film Festival တစ္ခုလုံးရဲ့ Closing Night Film အျဖစ္ျပသသြားမယ္လို့ လည္း သိရပါတယ္။ ဒီ ဇာတ္ကားႀကီးကို ဒါရိုက္တာဏႀကီးရိုက္ကူးထားၿပီး
အဓိက သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ ထပ္ဆင့္ အကယ္ဒမီ အိျႏၵာေက်ာ္ဇင္ႏွင့္ အကယ္ဒမီ ပိုင္ၿဖိဳးသုတို့က သဘာဝက်က်နဲ႔ သ႐ုပ္ေဆာင္ထားၾကတဲ့ ဇာတ္ကားေကာင္း တစ္ကားျဖစ္ပါတယ္။
အကယ္ဒမီ အိျႏၵာေက်ာ္ဇင္ကေတာ့ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္က ဂ်ာမနီနိုင္ငံမွာ က်င္းပခဲ့တဲ့ “Oldenburg International Film Festival” မွာ Seymour Cassel Award for Best Performance ဆုအား
ခ်ီးျမႇင့္ျခင္းခံရပါတယ္။ ဂ်ာမနီမွာ “What happened to the wolf?” ဇာတ္ကားႀကီးကို ျပသခ်ိန္မွာလည္း ျမန္မာပရိသတ္အပါအဝင္ လာေရာက္ၾကည့္ရွုအားေပးသူ ပရိသတ္ေတြလည္း အမ်ားအျပားရွိခဲ့ၾကပါတယ္။
အခုလို အေနာက္နိုင္ငံႀကီးေတြမွာ ဒီလိုျမန္မာ့ဇာတ္ကားေကာင္းေတြ ျပသခြင့္ရၿပီး ဆုေတြသိမ္းပိုက္ႏိုင္ခဲ့တဲ့အတြက္ ျမန္မာလူမ်ိဳးတစ္ေယာက္အေနနဲ႔ လြန္စြာမွ ဝမ္းသာဂုဏ္ယူမိပါတယ္။ ေလးစားစြာျဖင့္ ခရက္ဒစ္
Leave a Reply