လတ်တလောအိမ်ထောင်ပြုဖို့ အစီစဉ် မရှိသေးပေမယ့် နည်းပညာ အကူအညီနဲ့ သားသမီးယူမယ် ဆိုတဲ့ “ရေဗက္ကာဝင်း”

အိမ်ထောင်ဖက်နဲ့ လမ်းခွဲပြီးတဲ့ နောက်ပိုင်း တစ်ယောက် တည်းသမား အဖြစ် ရပ်တည်နေတဲ့ တေးသံရှင် ရေဗက္ကာဝင်းက အိမ်ထောင်ဖက် မရှိလည်း နည်းပညာ အကူညီနဲ့

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

ကလေးယူဖို့စဉ်းစားထားပြီး အခုလို စဉ်းစားဖြစ်တဲ့ အကြောင်းအရင်းကို ပြောပြလာပါတယ်။“ အိမ်ထောင်ဖက် မရှိလည်း သား သမီးယူ လို့ရတယ်ပေါ့နော်၊၊ ခေတ်ကြီးကလည်း

တိုးတက် ပြောင်းလဲ နေတဲ့ ခေတ်ကို ရောက်လာပြီ။ IVF ဆိုတဲ့ နည်းပညာနဲ့ သားသမီး ယူလို့ရတယ်ပေါ့နော်။ အစ်မ အရင်ကလည်းအင်တာဗျုး တွေမှာ ခဏခဏ ပြော ခဲ့ဖူးပါတယ်။

အိမ်ထောင်ဖက် မရှိလည်း သား သမီး ယူချင်တယ်ပေါ့နော်။ အစ်မကတော့ အစ်မရဲ့မျိုးဆက်ကို ဆက်ခံမယ့် သား သမီးလိုချင်တယ်။အိမ်ထောင်ဖက် မရှိဘဲ တစ်ယောက်တည်း ဆိုတဲ့အခါ ကျတော့ လည်း

ကိုယ့်အတွက်အဖော်လည်းဖြစ်တာပေါ့” လို့ ဆိုပါတယ်။အခုလိုနည်းပညာနဲ့ သား သမီး ယူမယ့် ကိစ္စကို မိဘတွေ ကတော့ သဘောမတူတဲ့အကြောင်းကိုလည်း ရေဗက္ကာဝင်းက ဖွင့်ဟလာပါတယ်။ “အမေ နဲ့ အဖေကတော့

အားမပေးဘူးပေါ့နော်။ မိဘတွေ ကတော့ ရှေးရိုးစွဲ ဆိုတော့ ဒါမျိုးကိစ္စကို မလုပ်သင့်ဘူးလို့ပြောကြတယ်။ အခု အင်တာဗျူးကို တွေ့တဲ့ လူကြီးသူမတွေလည်း ဒါမျိုးကို အားပေးမယ်မထင်ဘူး။

ဒါအမှန်အတိုင်းပြောပြတာ။ ညီအစ်မတွေကတော့ ကိုယ်နဲ့ အသက်ချင်း လည်း သိပ်မကွာတော့ အစ်မရဲ့ ဆုံးဖြတ်ချက်ကို နားလည်ပေးသလို အားလည်းအားပါတယ်” လို့ ရေဗက္ကာဝင်းကဆိုပါတယ်။

သား သမီး ယူဖို့ စီစဉ်ထားသလို အိမ်ထောင်ဖက် အသစ် ထပ်ယူဖို့ အစီအစဉ် ရှိ မရှိဆိုတာ ကိုလည်း သူမက အခုလို ဆက်လက် ပြောပြခဲ့ပါတယ်။“စကားဆိုတာ အကုန်ပြောလို့တော့ မကောင်းဘူးထင်တယ်။

အိမ်ထောင်ဖက်အသစ် ထပ်ယူဖြစ်လား မဖြစ်လား ဆိုတာကတော့ အစ်မလည်း မသိဘူး၊ ဘုရားပဲသိလိမ့်မယ်။ လက်ရှိမှာ တစ်ယောက်တည်းနေတာ အေးချမ်းပါတယ်။

တစ်ယောက်တည်း နေချင်တဲ့သူတွေကိုလည်း အားပေးပါတယ်”လို့ ရေဗက္ကာဝင်းကပြောပါတယ်။လက်ရှိမှာ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ရေဗက္ကာဝင်းက အသက် ၄၀ မတိုင်ခင်

IVF နည်းပညာနဲ့ သား သမီးယူဖို့ စဉ်းစားထားပြီး မြနမာနိုင်ငံမှာရော ထိုင်းနိုင်ငံမှာပါ ဆရာဝန်တွေနဲ့ ဆေးနွေးထားပြီးဖြစ်တယ်လို့သိရပါတယ်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

အိမ္ေထာင္ဖက္နဲ႕ လမ္းခြဲၿပီးတဲ့ ေနာက္ပိုင္း တစ္ေယာက္ တည္းသမား အျဖစ္ ရပ္တည္ေနတဲ့ ေတးသံရွင္ ေရဗကၠာဝင္းက အိမ္ေထာင္ဖက္ မရွိလည္း နည္းပညာ အကူညီနဲ႕

ကေလးယူဖို႔စဥ္းစားထားၿပီး အခုလို စဥ္းစားျဖစ္တဲ့ အေၾကာင္းအရင္းကို ေျပာျပလာပါတယ္။“ အိမ္ေထာင္ဖက္ မရွိလည္း သား သမီးယူ လို႔ရတယ္ေပါ့ေနာ္၊၊ ေခတ္ႀကီးကလည္း

တိုးတက္ ေျပာင္းလဲ ေနတဲ့ ေခတ္ကို ေရာက္လာၿပီ။ IVF ဆိုတဲ့ နည္းပညာနဲ႕ သားသမီး ယူလို႔ရတယ္ေပါ့ေနာ္။ အစ္မ အရင္ကလည္းအင္တာဗ်ဳး ေတြမွာ ခဏခဏ ေျပာ ခဲ့ဖူးပါတယ္။

အိမ္ေထာင္ဖက္ မရွိလည္း သား သမီး ယူခ်င္တယ္ေပါ့ေနာ္။ အစ္မကေတာ့ အစ္မရဲ႕မ်ိဳးဆက္ကို ဆက္ခံမယ့္ သား သမီးလိုခ်င္တယ္။အိမ္ေထာင္ဖက္ မရွိဘဲ တစ္ေယာက္တည္း ဆိုတဲ့အခါ က်ေတာ့ လည္း

ကိုယ့္အတြက္အေဖာ္လည္းျဖစ္တာေပါ့” လို႔ ဆိုပါတယ္။အခုလိုနည္းပညာနဲ႕ သား သမီး ယူမယ့္ ကိစၥကို မိဘေတြ ကေတာ့ သေဘာမတူတဲ့အေၾကာင္းကိုလည္း ေရဗကၠာဝင္းက ဖြင့္ဟလာပါတယ္။ “အေမ နဲ႕ အေဖကေတာ့

အားမေပးဘူးေပါ့ေနာ္။ မိဘေတြ ကေတာ့ ေရွးရိုးစြဲ ဆိုေတာ့ ဒါမ်ိဳးကိစၥကို မလုပ္သင့္ဘူးလို႔ေျပာၾကတယ္။ အခု အင္တာဗ်ဴးကို ေတြ႕တဲ့ လူႀကီးသူမေတြလည္း ဒါမ်ိဳးကို အားေပးမယ္မထင္ဘူး။

ဒါအမွန္အတိုင္းေျပာျပတာ။ ညီအစ္မေတြကေတာ့ ကိုယ္နဲ႕ အသက္ခ်င္း လည္း သိပ္မကြာေတာ့ အစ္မရဲ႕ ဆုံးျဖတ္ခ်က္ကို နားလည္ေပးသလို အားလည္းအားပါတယ္” လို႔ ေရဗကၠာဝင္းကဆိုပါတယ္။

သား သမီး ယူဖို႔ စီစဥ္ထားသလို အိမ္ေထာင္ဖက္ အသစ္ ထပ္ယူဖို႔ အစီအစဥ္ ရွိ မရွိဆိုတာ ကိုလည္း သူမက အခုလို ဆက္လက္ ေျပာျပခဲ့ပါတယ္။“စကားဆိုတာ အကုန္ေျပာလို႔ေတာ့ မေကာင္းဘူးထင္တယ္။

အိမ္ေထာင္ဖက္အသစ္ ထပ္ယူျဖစ္လား မျဖစ္လား ဆိုတာကေတာ့ အစ္မလည္း မသိဘူး၊ ဘုရားပဲသိလိမ့္မယ္။ လက္ရွိမွာ တစ္ေယာက္တည္းေနတာ ေအးခ်မ္းပါတယ္။

တစ္ေယာက္တည္း ေနခ်င္တဲ့သူေတြကိုလည္း အားေပးပါတယ္”လို႔ ေရဗကၠာဝင္းကေျပာပါတယ္။လက္ရွိမွာ အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ့ ေရဗကၠာဝင္းက အသက္ ၄၀ မတိုင္ခင္

IVF နည္းပညာနဲ႕ သား သမီးယူဖို႔ စဥ္းစားထားၿပီး ျမနမာနိုင္ငံမွာေရာ ထိုင္းနိုင္ငံမွာပါ ဆရာဝန္ေတြနဲ႕ ေဆးေႏြးထားၿပီးျဖစ္တယ္လို႔သိရပါတယ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*