
မိတ်ဆွေတို့ရေ ဒီနေ့ သြဂုတ်လ (၃၁)ရက်နေ့ကတော့ ပီပြင်လွန်းတဲ့သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်ရဲ့အချစ်ကို သိမ်းပိုက်ထားတဲ့ ဝါရင့် သရုပ်ဆောင် မင်းသမီးကြီး စိုးမြတ်သူဇာရဲ့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
မွေးနေ့ကျရောက်တဲ့ နေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စိုးမြတ်သူဇာက အသက် (၅၁)နှစ်ပြည့်မြောက်ခဲ့ပြီပဲဖြစ်ပါတယ်။ မင်းသမီးကြီး စိုးမြတ်သူဇာရဲ့ မွေးနေ့အတွက်
ချစ်ရတဲ့ ပရိသတ်တွေနဲ့ အနုပညာရှင်မောင်နှမတွေက မွေးနေ့ဆုမွန်ကောင်းတွေ အသီးသီးဆုတောင်းပေးခဲ့ကြပါသေးတယ်။ စိုးမြတ်သူဇာအတွက် မွေးနေ့ဆုတောင်းပေးကြတဲ့ သူတွေထဲမှာ
ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီးကြီး မြတ်ကေသီအောင်ကလည်း အပါအဝင်ပဲဖြစ်ပါတယ်။ မြတ်ကေသီအောင်ကတော့ သူငယ်ချင်းဖြစ်သူ စိုးမြတ်သူဇာရဲ့ မွေးနေ့အတွက် သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ
“Happy. Birthday သူငယ်ချင်း အရာအားလုံးပြည့်စုံပြီး ကျန်းမာပါစေ” ဆိုပြီးဆုတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။ မိတ်ဆွေတို့လည်း မကြီးစိုးအတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply