
စတူဒီယိုတေးသံရှင်တစ်ယောက်ဖြစ်တဲ့ ကော်နီကတော့ ဂီတသက်တမ်း နှစ်(၃၀) ကျော်တိုင် အောင်မြင်မှုအရှိန်အဟုန် လုံးဝကျဆင်းသွားခြင်းမရှိတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
အသက် (၅၅) နှစ်အရွယ်နီးပါးရှိနေပြီဖြစ်တဲ့ ကော်နီဟာ ကိုဗစ်ကြောင့်ရော နိုင်ငံရေးအခြေအနေတွေကြောင့်ရော သူမရဲ့ အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာပဲဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ကော်နီက သူမရဲ့ အသံနဲ့ပတ်သက်ပြီး အရင်လိုအခြေအနေမဟုတ်တော့တဲ့အကြောင်း အခုလိုပဲပြောလာပါတယ်။ ကော်နီက “ကိုဗစ်ကြီးစဖြစ်ပါပြီဆိုကတည်းက သီချင်းမဆိုဖြစ်ခဲ့တာ
အခုတော့ ၂နှစ် ကျော် ရှိနေခဲ့ပြီပေါ့။ မဆိုဘူးဆိုတာထက် ညည်းတောင် မညည်းမိတော့တာမျိုးပါ။ ငါသီချင်းဆိုလို့မှရသေးရဲ့လားဆိုပြီး သီချင်းလေးဖွင့်ပြီးလိုက်အော်ကြည့်တော့
အသံကယိုင်ထိုးပြီးလိုရာမရောက်ပါဘူး။ အခုတော့နည်းနည်းပြန်လေ့ကျင့်ရတော့မယ့်သဘောရှိနေပါပြီ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။ ကော်နီကတော့ အသက်အရွယ်တစ်ခုကလည်းရနေပြီဖြစ်ပြီး သီချင်းလည်းမဆိုခဲ့တာကြာပြီမို့
သူမရဲ့ အသံဟာ အရင်အတိုင်းမဖြစ်တော့ပဲ ပြန်လည်လေ့ကျင့်ရတော့မယ်လို့ ပြောလာခဲ့တာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကော်နီရဲ့သီချင်းတွေကတော့ ပရိသတ်တွေက ကြိုက်နှစ်သက်အားပေးနေကြဆဲဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
စတူဒီယိုေတးသံရွင္တစ္ေယာက္ျဖစ္တဲ့ ေကာ္နီကေတာ့ ဂီတသက္တမ္း ႏွစ္(၃၀) ေက်ာ္တိုင္ ေအာင္ျမင္မႈအရွိန္အဟုန္ လုံးဝက်ဆင္းသြားျခင္းမရွိတဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။
အသက္ (၅၅) ႏွစ္အ႐ြယ္နီးပါးရွိေနၿပီျဖစ္တဲ့ ေကာ္နီဟာ ကိုဗစ္ေၾကာင့္ေရာ နိုင္ငံေရးအေျခအေနေတြေၾကာင့္ေရာ သူမရဲ႕ အႏုပညာအလုပ္ေတြကို ရပ္နားထားခဲ့တာပဲျဖစ္ပါတယ္။
ဒီကေန႕မွာေတာ့ ေကာ္နီက သူမရဲ႕ အသံနဲ႕ပတ္သက္ၿပီး အရင္လိုအေျခအေနမဟုတ္ေတာ့တဲ့အေၾကာင္း အခုလိုပဲေျပာလာပါတယ္။ ေကာ္နီက “ကိုဗစ္ႀကီးစျဖစ္ပါၿပီဆိုကတည္းက သီခ်င္းမဆိုျဖစ္ခဲ့တာ
အခုေတာ့ ၂ႏွစ္ ေက်ာ္ ရွိေနခဲ့ၿပီေပါ့။ မဆိုဘူးဆိုတာထက္ ညည္းေတာင္ မညည္းမိေတာ့တာမ်ိဳးပါ။ ငါသီခ်င္းဆိုလို႔မွရေသးရဲ႕လားဆိုၿပီး သီခ်င္းေလးဖြင့္ၿပီးလိုက္ေအာ္ၾကည့္ေတာ့
အသံကယိုင္ထိုးၿပီးလိုရာမေရာက္ပါဘူး။ အခုေတာ့နည္းနည္းျပန္ေလ့က်င့္ရေတာ့မယ့္သေဘာရွိေနပါၿပီ” ဆိုၿပီး ေျပာျပလာခဲ့ပါတယ္။ ေကာ္နီကေတာ့ အသက္အ႐ြယ္တစ္ခုကလည္းရေနၿပီျဖစ္ၿပီး သီခ်င္းလည္းမဆိုခဲ့တာၾကာၿပီမို႔
သူမရဲ႕ အသံဟာ အရင္အတိုင္းမျဖစ္ေတာ့ပဲ ျပန္လည္ေလ့က်င့္ရေတာ့မယ္လို႔ ေျပာလာခဲ့တာပဲျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ေကာ္နီရဲ႕သီခ်င္းေတြကေတာ့ ပရိသတ္ေတြက ႀကိဳက္ႏွစ္သက္အားေပးေနၾကဆဲျဖစ္ပါတယ္။ ခရက္ဒစ္
Leave a Reply