
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းထားသည် ဩဂုတ်လ ၃၀ ရက်နေ့ ညပိုင်းတွင် တစ်ဒေါ်လာ ၃၉၀၀ ကျပ် အထိရောက်ရှိသွားပြီး
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
ဝယ်ယူမရသည်အထိ ဖြစ်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ဩဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်း စျေးကွက် စတင်ဖွင့်ချိန်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၅၀၀ ကျပ်ဖြင့်
စျေးဖွင့်ခဲ့ပြီး စျေးပိတ်ချိန်အထိ ဒေါ်လာ ဝယ်ယူမှုများ များပြားခဲ့ကာ ညပိုင်းအထိ အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “စျေးကွက်မှာ ဒေါ်လာ တအားကို ဝယ်နေကြတယ်။
ဒေါ်လာဝယ်တဲ့သူတွေမှာ နှစ်ပိုင်း ရှိပါတယ်။ တစ်ပိုင်းကတော့ အလုပ်လုပ်မယ့်သူတွေ ဝယ်ကြတာ။ ရှေ့ဆက်လည်း အလုပ်လုပ်ကြရမှာဆိုတော့ ဒီစျေးမှာတင် ဝယ်ထားလိုက်တာ။
နောက်တစ်ပိုင်းကတော့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု မြန်မာကျပ်ငွေကို ဒေါ် လာ အဖြစ်ပြောင်းတာ။ အဲဒီနှစ်မျိုးစလုံးက အလုံးအရင်းနဲ့ ဒေါ်လာဝယ်ကြတယ်။ ညပိုင်း မိုးချုပ်တဲ့အထိ တစ်ဒေါ်လာ ၄၀၀၀ ပေးတောင်
ဝယ်မရတော့ဘူးဖြစ်တယ်။ မနက်ဖြန်တော့ ၄၀၀၀ အထက်သွားမယ်လို့ မှန်းရတယ်။ အခုက တစ်ရက်တည်းမှာကို တစ်ဒေါ်လာကို ငွေကျပ် ၅၀၀ လောက်တက်နေတာ ပါ” ဟု
ရန်ကုန်စီးပွားရေးသမားက ပြောသည်။ ဗဟိုဘဏ် သတ်မှတ်စျေးနှုန်း တစ်ဒေါ်လာ ၂၁၀၀ ကျပ် အလုပ်မဖြစ်၍ ပြောင်းလဲဖွယ်ရှိ စစ်ကောင်စီ၏ ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ ကျပ်
သတ်မှတ်ထားသော်လည်း အဆိုပါ ရည်ညွှန်းစျေးနှုန်းသည် လုံး၀ အလုပ်မဖြစ်တော့ဘဲ မည်သည့် စျေးကွက်မှ ယင်းစျေးနှုန်းကို အသိအမှတ်ပြု အလုပ်လုပ်ခြင်းမရှိပေ။ စစ်ကောင်စီလက်အောက်ရှိ မြန်မာ့လေကြောင်းလိုင်းက
ဩဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်းတွင် အမေရိကန်တစ်ဒေါ်လာ ၃၀၀၀ ကျပ်ဖြင့် ငွေပေးချေကြရန် လက်မှတ်အရောင်းကိုယ်စားလှယ်များကို တရားဝင် ညွှန်ကြားချက် ထုတ်ပြန်ပြီး စစ်ကောင်စီ၏ မိတ်ဖက်
MAI၊ Air KBZ ကလည်း တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၅၀ ကျပ် ဖြင့် လက်မှတ် ရောင်းချမည်ဖြစ်ကြောင်း ကြေညာသည်။” မြန်မာ့လေကြောင်းဆိုတာ အစိုးရ လေကြောင်း။ ဒီလေကြောင်းကိုယ်တိုင်က
တစ်ဒေါ်လာကို ၃၀၀၀ ကျပ် နဲ့ လက်မှတ်ရောင်းမှာဆိုတော့ ဗဟိုဘဏ်ရဲ့ စျေးနှုန်းက အလုပ်မဖြစ်တော့ဘူး။ ဒါကိုလည်း ဗဟိုဘဏ်က မသိဘဲ မနေဘူး။ စစ်ကောင်စီ လက်အောက်ခံ အချင်းချင်း အသိပေးပြီးမှ
လုပ်မှာပဲလို့ ယူဆရတယ်။ နောက်တစ်ခုက KBZ က တစ်ဒေါ်လာကို ၃၀၅၀ ပြောင်းလိုက်တာ။ အဲဒီတော့ ပြောချင်တာက ဗဟိုဘဏ်ကို အသိမပေးဘဲ ဒီလိုတွေ စာထုတ်လို့မရဘူး။ ဗဟိုဘဏ်ကို အသိပေးပြီး
ဗဟိုဘဏ်က လက်ခံလို့ ဒီလို စာထုတ်ရဲတာ။ တစ်နည်းအားဖြင့် ပြောရရင် ဗဟိုဘဏ်က ဒေါ်လာ ရည်ညွှန်းသတ်မှတ်စျေးကို တစ်ဒေါ်လာ ၃၀၀၀ ဆိုတာ လက်ခံလိုက်တဲ့သဘောပဲ” ဟု ဒေါ်လာ စျေးကွက်ကျွမ်းကျင်သူက ဆိုသည်။
ဗဟိုဘဏ်၏ ရည်ညွန်းသတ်မှတ်စျေးနှုန်း ပြောင်းလဲလျှင် စျေးကွက်ပြင်ပငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် ၄၀၀၀ မှ ၅၀၀၀ အကြား ကျိန်းသေရောက်ရှိမည်ဟုဆိုသည်။ “ရည်ညွှန်းစျေး ဘယ်လောက်ပဲ ပြောင်းပြောင်း
ဒေါ်လာ လိုအပ်ချက် Demand ကို မဖြည့်ပေးနိုင်ရင် အဲဒီရည်ညွှန်း စျေးက အလကားပဲ။ သတ်မှတ် ရည်ညွှန်းစျေးနဲ့ ဒေါ်လာ လိုအပ်ချက်ကို ဖြည့်ဆည်းမယ့် Action ပါမှ ငွေလဲနှုန်းကို ဗဟိုဘဏ်က ထိန်းနိုင်မယ်။
အခု ဗဟိုဘဏ်က သူ့မှာ ဒေါ်လာရှိတာကို ထုတ်မရောင်းဘူး။ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတယ်။ တစ်ဒေါ်လာ ၁၈၅၀ ကျပ်နဲ့ သိမ်းထားတဲ့ ပမာဏကိုပဲ ထုတ်ရောင်းတောင် ငွေလဲနှုန်းအပေါ် သက်ရောက်နိုင်မယ်” ဟု ရန်ကုန်စီးပွားရေးသမားက ဆိုသည်။
ဒေါ်လာ ပြတ်လပ်မှု လိုအပ်ချက် အလွန်ကြီးမားခြင်း
လက်ရှိတွင် စက်သုံးဆီ၊ ဆေးဝါး အပါအဝင် သွင်းကုန်သမားများအတွက် စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒေါ်လာ မရောင်းပေးနိုင်တော့ကြောင်း၊ အထူးသဖြင့် စက်သုံးဆီသမားများအတွက် ဒေါ်လာလိုအပ် ချက်သည်
အလွန်ကြီးမားကြောင်း စက်သုံးဆီသမားများထံမှ သိရှိရသည်။ မြန်မာနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှု ပမာဏသည် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၄ ဒသမ ၁၂ သန်းကျော် ပြည်ပမှ တင်သွင်း ခဲ့ရပြီး တန်ဖိုးအားဖြင့်
အမေရိကန်ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်း(အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံနီးပါး) ရှိကြောင်း၊ ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံခန့် တင်သွင်းခဲ့ရပြီးဖြစ်ကြောင်း၊
လတ်တလော စစ်ကောင်စီတွင် အမေရိကန်ဒေါ်လာ နည်းပါးလာ၍ စက်သုံးဆီ တင်သွင်းရန် အလွန်ခက်ခဲနေကြောင်း ၎င်းကဆိုသည်။ “တစ်လ ကို ဒေါ်လာ သန်း ၂၀၀ ဖိုးကျော် စက်သုံးဆီက တင်သွင်းရတာ။
အဲဒီတော့ ဒေါ်လာ လိုအပ် ချက်က ကြီးတယ်။ ရှိတဲ့ဒေါ်လာတွေကလည်း စက်သုံးဆီ ဝယ်တာနဲ့ နောက်ပြီး စက်လက်နက်ပစ္စည်းတွေ လ က်န က်ခဲယမ်းတွေကလည်း ဝယ်သေးတာကိုး။ အဲဒီတော့ စစ်ကောင်စီလက်ထဲမှာလည်း ဒေါ်လာက မရှိတော့ဘူး။
နောက်တစ်ခါ ပြည်ပ ဝင်ငွေကလည်း ရင်းနှီးမြှုပ်နှံမှုတွေက ထင်သလောက်မရှိဘူး။ ထွက်တောင် ထွက်နေကြတာ။ ပို့ကုန်ရငွေလည်း ဒီလောက်မရှိဘူး။ ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကလည်း လာဦးမယ်။
အဲဒါကြောင့် ဒေါ်လာ လိုအပ်ချက်ကြီးတယ်လို့ ပြောတာ။ ဒေါ်လာ စျေးတက် တယ်ဆိုတာ လေပတ်ကားလုပ်လို့၊ ခြောက်လှန့်လို့ တက်နေတာ မဟုတ်ဘူး။ အဲဒီအရှိတရားကို လက်ခံဖို့လိုတယ်။
Supply & Demand သဘောတရားအရ တက်တာ” ဟု ရန်ကုန်စီးပွားရေး သမားက ဆက်ပြောသည်။ ဩဂုတ်လဆန်းပိုင်းတွင် စက်သုံးဆီတင်သွင်းသူများက ဗဟိုဘဏ်ထံမှ အမေရိကန်ဒေါ်လာ မရောင်းပေး၍ ပြင်ပစျေးကွက်အတွင်းမှ
ဒေါ်လာ သန်း ၅၀ မိမိအစီအစဉ်ဖြင့် ကိုယ်တိုင် ဝယ်ယူ တင်သွင်းခဲ့ရကြောင်း၊ ယခုတွင်လည်း ပြည် တွင်းတွင် ပို့ကုန်ရငွေဒေါ်လာ နှင့် ဒေါ်လာ ငွေစာရင်းများသည် သန်း ၅၀ အောက်တွင်သာရှိ၍ ဒေါ်လာ လိုအပ်ချက်
အလွန်ကြီးမားကြောင်း၊ ဗဟိုဘဏ်က မရောင်းပေးလျှင် ဒေါ်လာ ပြတ်လပ်မှု ကြီးမားလာမည်ဖြစ်ကြောင်း စျေးကွက် ကျွမ်းကျင်သူများက ဆိုကြသည်။ အခြားတစ်ဖက်တွင်လည်း မြန်မာကျပ်ငွေကို
ကိုင်မထားကြတော့ဘဲ ဒေါ်လာနှင့်ရွှေဝယ်ယူမှုများရှိနေကြောင်း၊ အများစုသော ငွေကြေးတတ်နိုင်သူများသည် ပြည်ပနိုင်ငံများသို့ ပြောင်းရွှေ့မှုများစွာရှိနေပြီး ပြောင်းရွှေ့ရန် ထပ်မံ ပြင်ဆင်နေသူများလည်း
များပြားကြောင်း၊ ယင်းအခြေအနေများကလည်း ဒေါ်လာ ဝယ်လိုအား တက်စေကြောင်း သိရှိရသည်။ “ဘန်ကောက်မှာ တိုက်ခန်း ကွန်ဒိုဝယ်တာတွေကလည်း တကယ်ကြီးကို များနေပါတယ်။
တချို့လည်း ဒေါ်လာကို အဝေးချိန်း ငွေပဲ ယူသွားပြီး ဘန်ကောက်မှာသွား ငှားနေကြတာလည်းရှိပါတယ်။ ဆိုလိုတာက ပြောင်းရွှေ့မှုတွေပေါ့ များနေတယ်။ ကိုယ့်မြေကိုယ့်ရေမှာကလည်း ပ စ်တာ ခ တ်တာ၊ မထင်ရင် မထင်သလို လုပ်နေတဲ့
ဥပဒေမဲ့ လုပ်ရပ်တွေကြောင့် လူတွေ နေမပျော်တော့ တတ်နိုင်တဲ့သူတွေကတော့ ရွှေ့ကြတယ်” ဟု ထိုင်းနှင့်မြန်မာ ခရီးသွား၊ ကုန်ပို့ဆောင်ရေးလုပ်ကိုင်သူတစ်ဦးက ဆိုသည်။
သုံးသပ်မှု။ ။ မြန်မာကျပ်ငွေသည် လက်ရှိတွင် ငွေကျပ် ဘီလီယံထောင်ချီ၍ ရိုက်ထုတ်ခဲ့ခြင်း၏ ဆိုးကျိုးရလဒ်များကို ယခုအချိန်တွင် ခံနေရပြီး စစ်တပ်က စစ်အသုံး စရိတ်နှင့် စစ်သည်များ၏
သက်စွန့်စရိတ်အဖြစ် စစ်သား ၁ ဦးလျှင် ငွေကျပ် ၃ သောင်း ထပ်မံ ပေးအပ်သည်ဆိုသော သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လျက်ရှိကြောင်း ၊ ထိုအခြေအနေများက စစ်တပ်အနေဖြင့်
ငွေကြေး လို အပ်ချက်များအတွက် မဖြစ်မနေ ငွေကျပ် ဘီလီယံထောင်ချီ ထပ်မံ ရိုက်ထုတ်ရဦးမည်ဟု စီးပွားရေးကျွမ်းကျင်သူများက ဆိုသည်။ “စစ်သားတွေ ငွေ ၃ သောင်းထပ်ပြီး အပိုဆောင်းချီးမြှင့်တယ်ဆိုတာ
သတင်းတွေ အတော်ကျယ်ကျယ်ပြန့်ထွက်တယ်။ နောက်တစ်ခါ ဘီလီယံ ၄၀၀ ကို အခမ်းအနားနဲ့ ပေးတဲ့ကိစ္စ။ ဒါတွေက စစ်တပ်အနေနဲ့ ဘယ်လောက် ငွေတွေ ရိုက်ထုတ်နေတယ်ဆိုတာ သက်သေပြနေတာပဲ။
ငွေတန်ဖိုးက ထိုးကျဦးမယ်။ ထိန်းနိုင်မယ့် လက္ခဏာမမြင်ဘူး” ဟု စီးပွားရေးကျွမ်းကျင်သူက ဆိုသည်။ ကမ္ဘာ့စီးပွားရေးစျေးကွက်တွင်လည်း အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်း မြင့်မားစွာ မြှင့်တင်မည်ဟု
ကြေညာမှုကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး အညွှန်းကိန်းများ ထိုးတက်နေကြောင်း၊ ထို့ကြောင့် မခိုင်မာတော့သည့် ကျပ်ငွေတန်ဖိုးထိုးကျမှုကို ပိုမိုဆိုးဝါးစေမည်ဟုဆိုသည်။
ဩဂုတ်လ ၃၀ ရက်နေ့တွင် အခေါက်ရွှေ (အကယ်ဒမီ မီးလင်းရွှေ) သည် တစ်ကျပ်သားလျှင် ၃၂ သိန်းအထိရောက်ရှိခဲ့ကြောင်း သိရှိရသည်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ျပည္တြင္းစီးပြားေရးေစ်းကြက္တြင္ အေမရိကန္ေဒၚလာႏွင့္ ျမန္မာက်ပ္ေငြလဲလွယ္ႏႈန္းထားသည္ ဩဂုတ္လ ၃၀ ရက္ေန႕ ညပိုင္းတြင္ တစ္ေဒၚလာ ၃၉၀၀ က်ပ္ အထိေရာက္ရွိသြားၿပီး
ဝယ္ယူမရသည္အထိ ျဖစ္ေနေၾကာင္း ေစ်းကြက္အတြင္းမွ စုံစမ္းသိရွိရသည္။ ဩဂုတ္လ ၃၀ ရက္ေန႕ နံနက္ပိုင္း ေစ်းကြက္ စတင္ဖြင့္ခ်ိန္တြင္ အေမရိကန္တစ္ေဒၚလာလွ်င္ ေငြက်ပ္ ၃၅၀၀ က်ပ္ျဖင့္
ေစ်းဖြင့္ခဲ့ၿပီး ေစ်းပိတ္ခ်ိန္အထိ ေဒၚလာ ဝယ္ယူမႈမ်ား မ်ားျပားခဲ့ကာ ညပိုင္းအထိ အေမရိကန္ေဒၚလာ တန္ဖိုး ျမင့္တက္ ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။ “ေစ်းကြက္မွာ ေဒၚလာ တအားကို ဝယ္ေနၾကတယ္။
ေဒၚလာဝယ္တဲ့သူေတြမွာ ႏွစ္ပိုင္း ရွိပါတယ္။ တစ္ပိုင္းကေတာ့ အလုပ္လုပ္မယ့္သူေတြ ဝယ္ၾကတာ။ ေရွ႕ဆက္လည္း အလုပ္လုပ္ၾကရမွာဆိုေတာ့ ဒီေစ်းမွာတင္ ဝယ္ထားလိုက္တာ။
ေနာက္တစ္ပိုင္းကေတာ့ ကိုယ့္ရဲ႕ ပိုင္ဆိုင္မႈ ျမန္မာက်ပ္ေငြကို ေဒၚ လာ အျဖစ္ေျပာင္းတာ။ အဲဒီႏွစ္မ်ိဳးစလုံးက အလုံးအရင္းနဲ႕ ေဒၚလာဝယ္ၾကတယ္။ ညပိုင္း မိုးခ်ဳပ္တဲ့အထိ တစ္ေဒၚလာ ၄၀၀၀ ေပးေတာင္
ဝယ္မရေတာ့ဘူးျဖစ္တယ္။ မနက္ျဖန္ေတာ့ ၄၀၀၀ အထက္သြားမယ္လို႔ မွန္းရတယ္။ အခုက တစ္ရက္တည္းမွာကို တစ္ေဒၚလာကို ေငြက်ပ္ ၅၀၀ ေလာက္တက္ေနတာ ပါ” ဟု
ရန္ကုန္စီးပြားေရးသမားက ေျပာသည္။ ဗဟိုဘဏ္ သတ္မွတ္ေစ်းႏႈန္း တစ္ေဒၚလာ ၂၁၀၀ က်ပ္ အလုပ္မျဖစ္၍ ေျပာင္းလဲဖြယ္ရွိ စစ္ေကာင္စီ၏ ဗဟိုဘဏ္က အေမရိကန္တစ္ေဒၚလာလွ်င္ ေငြက်ပ္ ၂၁၀၀ က်ပ္
သတ္မွတ္ထားေသာ္လည္း အဆိုပါ ရည္ၫႊန္းေစ်းႏႈန္းသည္ လုံး၀ အလုပ္မျဖစ္ေတာ့ဘဲ မည္သည့္ ေစ်းကြက္မွ ယင္းေစ်းႏႈန္းကို အသိအမွတ္ျပဳ အလုပ္လုပ္ျခင္းမရွိေပ။ စစ္ေကာင္စီလက္ေအာက္ရွိ ျမန္မာ့ေလေၾကာင္းလိုင္းက
ဩဂုတ္လ ၃၀ ရက္ေန႕ ညေနပိုင္းတြင္ အေမရိကန္တစ္ေဒၚလာ ၃၀၀၀ က်ပ္ျဖင့္ ေငြေပးေခ်ၾကရန္ လက္မွတ္အေရာင္းကိုယ္စားလွယ္မ်ားကို တရားဝင္ ၫႊန္ၾကားခ်က္ ထုတ္ျပန္ၿပီး စစ္ေကာင္စီ၏ မိတ္ဖက္
MAI၊ Air KBZ ကလည္း တစ္ေဒၚလာလွ်င္ ေငြက်ပ္ ၃၀၅၀ က်ပ္ ျဖင့္ လက္မွတ္ ေရာင္းခ်မည္ျဖစ္ေၾကာင္း ေၾကညာသည္။” ျမန္မာ့ေလေၾကာင္းဆိုတာ အစိုးရ ေလေၾကာင္း။ ဒီေလေၾကာင္းကိုယ္တိုင္က
တစ္ေဒၚလာကို ၃၀၀၀ က်ပ္ နဲ႕ လက္မွတ္ေရာင္းမွာဆိုေတာ့ ဗဟိုဘဏ္ရဲ႕ ေစ်းႏႈန္းက အလုပ္မျဖစ္ေတာ့ဘူး။ ဒါကိုလည္း ဗဟိုဘဏ္က မသိဘဲ မေနဘူး။ စစ္ေကာင္စီ လက္ေအာက္ခံ အခ်င္းခ်င္း အသိေပးၿပီးမွ
လုပ္မွာပဲလို႔ ယူဆရတယ္။ ေနာက္တစ္ခုက KBZ က တစ္ေဒၚလာကို ၃၀၅၀ ေျပာင္းလိုက္တာ။ အဲဒီေတာ့ ေျပာခ်င္တာက ဗဟိုဘဏ္ကို အသိမေပးဘဲ ဒီလိုေတြ စာထုတ္လို႔မရဘူး။ ဗဟိုဘဏ္ကို အသိေပးၿပီး
ဗဟိုဘဏ္က လက္ခံလို႔ ဒီလို စာထုတ္ရဲတာ။ တစ္နည္းအားျဖင့္ ေျပာရရင္ ဗဟိုဘဏ္က ေဒၚလာ ရည္ၫႊန္းသတ္မွတ္ေစ်းကို တစ္ေဒၚလာ ၃၀၀၀ ဆိုတာ လက္ခံလိုက္တဲ့သေဘာပဲ” ဟု ေဒၚလာ ေစ်းကြက္ကြၽမ္းက်င္သူက ဆိုသည္။
ဗဟိုဘဏ္၏ ရည္ၫြန္းသတ္မွတ္ေစ်းႏႈန္း ေျပာင္းလဲလွ်င္ ေစ်းကြက္ျပင္ပေငြလဲႏႈန္းသည္ တစ္ေဒၚလာလွ်င္ ၄၀၀၀ မွ ၅၀၀၀ အၾကား က်ိန္းေသေရာက္ရွိမည္ဟုဆိုသည္။ “ရည္ၫႊန္းေစ်း ဘယ္ေလာက္ပဲ ေျပာင္းေျပာင္း
ေဒၚလာ လိုအပ္ခ်က္ Demand ကို မျဖည့္ေပးနိုင္ရင္ အဲဒီရည္ၫႊန္း ေစ်းက အလကားပဲ။ သတ္မွတ္ ရည္ၫႊန္းေစ်းနဲ႕ ေဒၚလာ လိုအပ္ခ်က္ကို ျဖည့္ဆည္းမယ့္ Action ပါမွ ေငြလဲႏႈန္းကို ဗဟိုဘဏ္က ထိန္းနိုင္မယ္။
အခု ဗဟိုဘဏ္က သူ႕မွာ ေဒၚလာရွိတာကို ထုတ္မေရာင္းဘူး။ က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားတယ္။ တစ္ေဒၚလာ ၁၈၅၀ က်ပ္နဲ႕ သိမ္းထားတဲ့ ပမာဏကိုပဲ ထုတ္ေရာင္းေတာင္ ေငြလဲႏႈန္းအေပၚ သက္ေရာက္နိုင္မယ္” ဟု ရန္ကုန္စီးပြားေရးသမားက ဆိုသည္။
ေဒၚလာ ျပတ္လပ္မႈ လိုအပ္ခ်က္ အလြန္ႀကီးမားျခင္း
လက္ရွိတြင္ စက္သုံးဆီ၊ ေဆးဝါး အပါအဝင္ သြင္းကုန္သမားမ်ားအတြက္ စစ္ေကာင္စီ၏ ဗဟိုဘဏ္က ေဒၚလာ မေရာင္းေပးနိုင္ေတာ့ေၾကာင္း၊ အထူးသျဖင့္ စက္သုံးဆီသမားမ်ားအတြက္ ေဒၚလာလိုအပ္ ခ်က္သည္
အလြန္ႀကီးမားေၾကာင္း စက္သုံးဆီသမားမ်ားထံမွ သိရွိရသည္။ ျမန္မာနိုင္ငံ၏ စက္သုံးဆီသုံးစြဲမႈ ပမာဏသည္ ၂၀၂၁ ခုႏွစ္တြင္ တန္ခ်ိန္ ၄ ဒသမ ၁၂ သန္းေက်ာ္ ျပည္ပမွ တင္သြင္း ခဲ့ရၿပီး တန္ဖိုးအားျဖင့္
အေမရိကန္ေဒၚလာ ၂၄၉၆ ဒသမ ၆၅၂ သန္း(အေမရိကန္ေဒၚလာ ၂ ဒသမ ၅ ဘီလီယံနီးပါး) ရွိေၾကာင္း၊ ယခု ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလမွ ဇူလိုင္လအထိ အေမရိကန္ေဒၚလာ ၁ ဒသမ ၃ ဘီလီယံခန႔္ တင္သြင္းခဲ့ရၿပီးျဖစ္ေၾကာင္း၊
လတ္တေလာ စစ္ေကာင္စီတြင္ အေမရိကန္ေဒၚလာ နည္းပါးလာ၍ စက္သုံးဆီ တင္သြင္းရန္ အလြန္ခက္ခဲေနေၾကာင္း ၎ကဆိုသည္။ “တစ္လ ကို ေဒၚလာ သန္း ၂၀၀ ဖိုးေက်ာ္ စက္သုံးဆီက တင္သြင္းရတာ။
အဲဒီေတာ့ ေဒၚလာ လိုအပ္ ခ်က္က ႀကီးတယ္။ ရွိတဲ့ေဒၚလာေတြကလည္း စက္သုံးဆီ ဝယ္တာနဲ႕ ေနာက္ၿပီး စက္လက္နက္ပစၥည္းေတြ လ က္န က္ခဲယမ္းေတြကလည္း ဝယ္ေသးတာကိုး။ အဲဒီေတာ့ စစ္ေကာင္စီလက္ထဲမွာလည္း ေဒၚလာက မရွိေတာ့ဘူး။
ေနာက္တစ္ခါ ျပည္ပ ဝင္ေငြကလည္း ရင္းႏွီးျမႇုပ္ႏွံမႈေတြက ထင္သေလာက္မရွိဘူး။ ထြက္ေတာင္ ထြက္ေနၾကတာ။ ပို႔ကုန္ရေငြလည္း ဒီေလာက္မရွိဘူး။ ျပင္းထန္တဲ့ စီးပြားေရးပိတ္ဆို႔မႈေတြကလည္း လာဦးမယ္။
အဲဒါေၾကာင့္ ေဒၚလာ လိုအပ္ခ်က္ႀကီးတယ္လို႔ ေျပာတာ။ ေဒၚလာ ေစ်းတက္ တယ္ဆိုတာ ေလပတ္ကားလုပ္လို႔၊ ေျခာက္လွန႔္လို႔ တက္ေနတာ မဟုတ္ဘူး။ အဲဒီအရွိတရားကို လက္ခံဖို႔လိုတယ္။
Supply & Demand သေဘာတရားအရ တက္တာ” ဟု ရန္ကုန္စီးပြားေရး သမားက ဆက္ေျပာသည္။ ဩဂုတ္လဆန္းပိုင္းတြင္ စက္သုံးဆီတင္သြင္းသူမ်ားက ဗဟိုဘဏ္ထံမွ အေမရိကန္ေဒၚလာ မေရာင္းေပး၍ ျပင္ပေစ်းကြက္အတြင္းမွ
ေဒၚလာ သန္း ၅၀ မိမိအစီအစဥ္ျဖင့္ ကိုယ္တိုင္ ဝယ္ယူ တင္သြင္းခဲ့ရေၾကာင္း၊ ယခုတြင္လည္း ျပည္ တြင္းတြင္ ပို႔ကုန္ရေငြေဒၚလာ ႏွင့္ ေဒၚလာ ေငြစာရင္းမ်ားသည္ သန္း ၅၀ ေအာက္တြင္သာရွိ၍ ေဒၚလာ လိုအပ္ခ်က္
အလြန္ႀကီးမားေၾကာင္း၊ ဗဟိုဘဏ္က မေရာင္းေပးလွ်င္ ေဒၚလာ ျပတ္လပ္မႈ ႀကီးမားလာမည္ျဖစ္ေၾကာင္း ေစ်းကြက္ ကြၽမ္းက်င္သူမ်ားက ဆိုၾကသည္။ အျခားတစ္ဖက္တြင္လည္း ျမန္မာက်ပ္ေငြကို
ကိုင္မထားၾကေတာ့ဘဲ ေဒၚလာႏွင့္ေ႐ႊဝယ္ယူမႈမ်ားရွိေနေၾကာင္း၊ အမ်ားစုေသာ ေငြေၾကးတတ္နိုင္သူမ်ားသည္ ျပည္ပနိုင္ငံမ်ားသို႔ ေျပာင္းေ႐ႊ႕မႈမ်ားစြာရွိေနၿပီး ေျပာင္းေ႐ႊ႕ရန္ ထပ္မံ ျပင္ဆင္ေနသူမ်ားလည္း
မ်ားျပားေၾကာင္း၊ ယင္းအေျခအေနမ်ားကလည္း ေဒၚလာ ဝယ္လိုအား တက္ေစေၾကာင္း သိရွိရသည္။ “ဘန္ေကာက္မွာ တိုက္ခန္း ကြန္ဒိုဝယ္တာေတြကလည္း တကယ္ႀကီးကို မ်ားေနပါတယ္။
တခ်ိဳ႕လည္း ေဒၚလာကို အေဝးခ်ိန္း ေငြပဲ ယူသြားၿပီး ဘန္ေကာက္မွာသြား ငွားေနၾကတာလည္းရွိပါတယ္။ ဆိုလိုတာက ေျပာင္းေ႐ႊ႕မႈေတြေပါ့ မ်ားေနတယ္။ ကိုယ့္ေျမကိုယ့္ေရမွာကလည္း ပ စ္တာ ခ တ္တာ၊ မထင္ရင္ မထင္သလို လုပ္ေနတဲ့
ဥပေဒမဲ့ လုပ္ရပ္ေတြေၾကာင့္ လူေတြ ေနမေပ်ာ္ေတာ့ တတ္နိုင္တဲ့သူေတြကေတာ့ ေ႐ႊ႕ၾကတယ္” ဟု ထိုင္းႏွင့္ျမန္မာ ခရီးသြား၊ ကုန္ပို႔ေဆာင္ေရးလုပ္ကိုင္သူတစ္ဦးက ဆိုသည္။
သုံးသပ္မႈ။ ။ ျမန္မာက်ပ္ေငြသည္ လက္ရွိတြင္ ေငြက်ပ္ ဘီလီယံေထာင္ခ်ီ၍ ရိုက္ထုတ္ခဲ့ျခင္း၏ ဆိုးက်ိဳးရလဒ္မ်ားကို ယခုအခ်ိန္တြင္ ခံေနရၿပီး စစ္တပ္က စစ္အသုံး စရိတ္ႏွင့္ စစ္သည္မ်ား၏
သက္စြန႔္စရိတ္အျဖစ္ စစ္သား ၁ ဦးလွ်င္ ေငြက်ပ္ ၃ ေသာင္း ထပ္မံ ေပးအပ္သည္ဆိုေသာ သတင္းမ်ား က်ယ္ျပန႔္စြာ ထြက္ေပၚလ်က္ရွိေၾကာင္း ၊ ထိုအေျခအေနမ်ားက စစ္တပ္အေနျဖင့္
ေငြေၾကး လို အပ္ခ်က္မ်ားအတြက္ မျဖစ္မေန ေငြက်ပ္ ဘီလီယံေထာင္ခ်ီ ထပ္မံ ရိုက္ထုတ္ရဦးမည္ဟု စီးပြားေရးကြၽမ္းက်င္သူမ်ားက ဆိုသည္။ “စစ္သားေတြ ေငြ ၃ ေသာင္းထပ္ၿပီး အပိုေဆာင္းခ်ီးျမႇင့္တယ္ဆိုတာ
သတင္းေတြ အေတာ္က်ယ္က်ယ္ျပန႔္ထြက္တယ္။ ေနာက္တစ္ခါ ဘီလီယံ ၄၀၀ ကို အခမ္းအနားနဲ႕ ေပးတဲ့ကိစၥ။ ဒါေတြက စစ္တပ္အေနနဲ႕ ဘယ္ေလာက္ ေငြေတြ ရိုက္ထုတ္ေနတယ္ဆိုတာ သက္ေသျပေနတာပဲ။
ေငြတန္ဖိုးက ထိုးက်ဦးမယ္။ ထိန္းနိုင္မယ့္ လကၡဏာမျမင္ဘူး” ဟု စီးပြားေရးကြၽမ္းက်င္သူက ဆိုသည္။ ကမာၻ႔စီးပြားေရးေစ်းကြက္တြင္လည္း အေမရိကန္ဗဟိုဘဏ္က အတိုးႏႈန္း ျမင့္မားစြာ ျျမႇင့္တင္မည္ဟု
ေၾကညာမႈေၾကာင့္ အေမရိကန္ေဒၚလာတန္ဖိုး အၫႊန္းကိန္းမ်ား ထိုးတက္ေနေၾကာင္း၊ ထို႔ေၾကာင့္ မခိုင္မာေတာ့သည့္ က်ပ္ေငြတန္ဖိုးထိုးက်မႈကို ပိုမိုဆိုးဝါးေစမည္ဟုဆိုသည္။
ဩဂုတ္လ ၃၀ ရက္ေန႕တြင္ အေခါက္ေ႐ႊ (အကယ္ဒမီ မီးလင္းေ႐ႊ) သည္ တစ္က်ပ္သားလွ်င္ ၃၂ သိန္းအထိေရာက္ရွိခဲ့ေၾကာင္း သိရွိရသည္။ ခရက္ဒစ္
Leave a Reply