ပို့ကုန်သမားများနှင့် ဘဏ်များ လက်ထဲ ကိုင်ထားသည့် ဒေါ်လာ (၁၉) သန်းကို ဗဟိုဘဏ် သိမ်းမည်ဟုဆို
ပြည်ပသို့ ပို့ကုန် တင်ပို့သူများနှင့် AD လိုင်စင်ရ ဘဏ်များအနေဖြင့် မိမိတို့ လက်ထဲရှိ ဒေါ်လာ (၁၉) သန်းကို သတ်မှတ်ချိန်ထက် ကျော်လွန်ကာ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဒေါ်လာဈေးနှုန်းမြင့်လာသည့်အချိန်ကိုစောင့်ကာ ကိုင်ဆောင်ထားပါက ထိရောက်စွာအရေးယူမည်ဟု ဗဟိုဘဏ်က ​ထုတ်ဖော် ပြောဆိုလာပါတယ်။အဆိုပါ (၁၉) သန်းမှာ ဩဂုတ်လ (၂၆) ရက်အထိ
ပြည်ပပို့ကုန် ရငွေများအနက်မှ ပို့ကုန် တင်ပို့သူ၊ လွှဲပြောင်းသူနှင့် AD ဘဏ်များက ကိုင်ဆောင်ထားသည့် ပမာဏလို့ သိရပါတယ်။ ဗဟိုဘဏ်၏ အဆိုပါ ညွှန်ကြားစာတွင် သတ်မှတ်ချိန်ကျော်လွန်စွာ ကိုင်ဆောင်ထားပါက
နိုင်ငံခြားငွေစီမံခန့်ခွဲမှုစည်းမျဉ်းအတိုင်း ထိရောက်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမိန့်​ကြေငြာစာထုတ်ထားပြီးဖြစ်ပါတယ်။ လက်ရှိ ​ငွေ​ကြေး တည်ငြိမ်​ရေးနှင့်ပတ်သက်၍ ဗဟိုဘဏ်က
မည်သို့ ကိုင်တွယ်မည်နှင့်ပတ်သက်၍ ဗဟိုဘဏ် ဥက္ကဌရုံး ညွန်ချုပ် ဦး​အောင်​အောင်က ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ နိုင်ငံခြား ဝင်ငွေများနှင့်ပတ်သက်၍လည်း ​
အောက်ပါအတိုင်း ​ဖြေကြားထားပါတယ်။ ဗဟိုဘဏ်သို့ နိုင်ငံခြားငွေ လဲလှယ်ရန် ကင်း လွတ်ခွင့်ပြုထားသည့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ နိုင်ငံခြား ဝင်ငွေဖြင့် ရရှိသည့်
ဝင်ငွေများထဲမှ ဘဏ်များမှ ပြန်လည် ဝယ်ယူထားသည့် ဒေါ် လာ သန်း (၂၀) နှင့် ကုမ္ပဏီနှင့် အဖွဲ့အစည်းများမှ ဝယ် ယူထားသည့် ဒေါ်လာ သန်း (၂၀) ရှိကြောင်းလည်း သိရပါတယ်။ အဆိုပါ သန်း (၄၀) ကိုလည်း
ဒေါ်လာဈေးနှုန်း မြင့်တက် သည်အထိ မပေးဆောင်ဘဲ သတ်မှတ်ချိန်ကျော်လွန်သည်အထိ ကိုင်ဆောင်ထားပါက ထိရောက်စွာ အရေးယူမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကင်းလွတ်ခွင့်ရသည့် ကုမ္ပဏီများ
အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ နိုင်ငံခြား ဝင်ငွေများထံမှ ဝယ်ယူထားသည့် ဒေါိလာ သန်း (၄၀) မှာ ဩဂုတ်လ (၂၆) ရက်အထိ ဝယ်ယူထားသည့် ပမာဏဖြစ်ကြောင်း ဗဟိုဘဏ်မှ သိရပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
ွပည်ပသို့ ပို့ကုန် တင်ပို့သူများနှင့် AD လိုင်စင်ရ ဘဏ်များအနေဖြင့် မိမိတို့ လက်ထဲရှိ ဒေါ်လာ (၁၉) သန်းကို သတ်မှတ်ချိန်ထက် ကျော်လွန်ကာ
အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ နိုင်ငံခြား ဝင်ငွေများထံမှ ဝယ်ယူထားသည့် ဒေိါလာ သန်း (၄၀) မှာ ဩဂုတ်လ (၂၆) ရက်အထိ ဝယ်ယူထားသည့် ပမာဏဖြစ်ကြောင်း ဗဟိုဘဏ်မှ သိရပါတယ်။ ခရက်ဒစ်
Be the first to comment
Leave a Reply
Your email address will not be published.
*