ဗီဒီယိုသရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကိုဝင်ရောက်လာခဲ့ပြီး MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် အောင်မြင်လာခဲ့တဲ့ မြတ်သူသူကို
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပရိသတ်ကြီးအားလုံး သိပြီးသားဖြစ်မှာပါ။ “မှော်ပလ္လင်”၊ “ပျားရည်အိုင်”၊ “တို့မမနဲ့တို့”၊ “အေးရိပ်ငြိမ်” ဇာတ်လမ်းတွဲတွေနဲ့ ကျော်ကြားခဲ့တဲ့ မြတ်သူသူဟာ ဒီကနေ့မှာလည်း
နာမည်ကြီးဖေ့စ်ဘုတ်ဆယ်လီ အေသင်ကိုနဲ့ ရန်တို က်ပေးခံနေရတဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။ မြတ်သူသူက သူမရေးသားခဲ့တဲ့စာတစ်ခုကို ဖေ့စ်ဘုတ်ဆယ်လီ အေသင်ကိုရဲ့ဓာတ်ပုံနဲ့တွဲပြီး
သတင်းရေးသားခံခဲ့ရတာကြောင့် “ရန်တိုက်ပေးပြန်ပြီတော် ဘယ့်နှယ် မဆီမဆိုင် သူများပုံတွေနဲ့ပါ ယူပြီးတင်ချရတာတုန်း ကျွန်မကို လူတွေသိကုန်ပြီ ” ဆိုပြီး ရေးသားခဲ့ပါတယ်။ ဒါ့အပြင် မြတ်သူသူက
“ကျွန်မကို မသိတဲ့သူတွေ သိတော့မယ် ရန်တော့မဖြစ်ရဲဘူး ကြောက်တယ်နော် ” “ကြောက်လို့ရှင်းနေတာ မဟုတ်ဘူးနော် ကိုယ်ရေးထားတဲ့ထဲ သူ့အကြောင်းမပါလို့ ရှင်းနေတာ ကြောက်စရာဘာမှမရှိဘူး” ဆိုပြီးလည်း
ဖြေရှင်းခဲ့ပါတယ်။ မြတ်သူသူဟာ သူမရေးသားထားတာနဲ့ ဒေါ်အေသင်ကိုနဲ့ သက်ဆိုင်မှုမရှိတာကြောင့် ကြောက်စရာအကြောင်းမရှိသလို သူမအနေနဲ့လည်း အေသင်ကိုကို မရည်ရွယ်တဲ့အကြောင်းကိုလည်း အားလုံးသိအောင် ရှင်းရှင်းလင်းလင်းပြောခဲ့တာပဲဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply