ဘုရားတရားမမေ့တဲ့ အကျိုးကြောင့်သာ အထိအခိုက်နည်းတယ်သြဂုတ်လတစ်လထဲတင် (၂)ကြိမ်တိတိ အသက်အန္တရယ်နဲ့ကြုံတွေ့ခဲ့ရကြောင်း ပြောလာတဲ့ မေမဒီ

ပရိသတ်ကြီးရေ ဂီတအနုပညာလာကမှာ အချိန်အတိုတွင်း အသံချိုချိုလေးနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို သိမ်းပိုက်နိုင်ခဲ့သူကတော့ အဆိုတော်မလေး မေမဒီ ပဲဖြစ်ပါတယ်။

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

မေမဒီဟာ Myanmar idol season – 3 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ အနုပညာနယ်ပယ်ထဲကို စတင်လျှောက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မေမဒီက ပရိသတ်တွေကို အကောင်းဆုံးဖျော်ဖြေပေးနိုင်တဲ့

အဆိုတော်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေတာကို တွေ့ရပါတယ်။ ဒီကနေ့မှာတော့ မေမဒီဟာ သြဂုတ်လအတွင်း ကံမကောင်းအကြိမ်ကြိမ်ဖြစ်ခဲ့ရတဲ့အကြောင်းကို အခုလိုပဲပြောပြလာပါတယ်။

မေမဒီက “အမှန်တိုင်းပြောရရင် ဒီ ၈ လပိုင်းဟာ သက်တန်းတလျှောက် လုံးရဲ့ နေထိုင်လာခဲ့သမျှမှာ အကြောက်တရားလွှမ်းမိုးမှု့အကြီးဆုံး လဖြစ်တယ်။ အမြန်လမ်းမှာ သေဖို့ဖြစ်ခဲ့တာ ၂ကြိမ်တိတိဖြစ်ပြီး

ကံကောင်းစွာနဲ့ အထိအခိုက်နည်းစွာပြန်ရှင်လာနိုင်ခဲ့တယ်။ မျက်စိ တစ်မှိတ်မှာ ငါသေပြီလို့တွေးပြီး သရဏဂုဏ် တည်နိုင်ခဲ့တယ် အဆိုးထဲကအကောင်းကိုယ်သိလိုက်ရတာက ‌ေသပြီဆိုတဲ့အတွေးထဲမှာတင်

စွဲလန်းမှု့တွေမပါပဲ ဘာအစွဲမှမရှိပဲ လွတ်လွတ်ကင်းကင်း ဘုရားကိုပဲအာရုံပြုနိုင်ခဲ့တယ်။ ယုံကြည်ရာ ကိုးကွယ်ရာ ဘာသာတရား ဘုရား တရား မမေ့ကြပါနဲ့။

တကယ်ဖြစ်လာတဲ့အခါမှာ ဘုရား တရား ရဲ့ ကုသိုလ်ကံနဲ့ မမြင်ရတဲ့အစောင့်အရှောက်တွေကပဲ ကယ်တင်ခဲ့တာမို့ မြင်ရတဲ့အရာတွေထက် မမြင်ရတဲ့အရာကိုပိုယုံကြည်ပြီး

အားကိုးလာမိတယ်။ အထူးသဖြင့် ” ကြာသာပတေး ” သားသမီးတွေပိုဂရုစိုက်ရမယ့် လလို့ထင်ပါတယ်။ ဒီ ၈/၉/၁၀ လတွေမှာ သွားလာနေထိုင်စားသောက် အားလုံးသတိကပ်နေထိုင်ပြီး

ဘုရား တရား ကိုလုံးဝ မမေ့ဖို့ အကြံပြုချင်ပါတယ်။ ကံကောင်းလို့သာ ဒီစာကို ဒီနေ့မှာရေးနိုင်တာပါ။ ကိုယ်တွေ့ခံစားတွေ့ကြုံရသောအရာများနှင့်ယှဉ်၍ မေတ္တာဖြင့်” ဆိုပြီး ပြောလာပါတယ်။

နှစ်ကြိမ်တိတိအန္တရယ်ကြုံတွေ့ခဲ့ရတဲ့ မေမဒီလေးဘုရားတရားမမေ့လျော့တဲ့အကျိုးအားကြောင့် ခုလိုအန္တရယ်ကင်းစွာနဲ့ပြန်ရှင်သန်လာခဲ့တာပဲဖြစ်ပါတယ်နော်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

ပရိသတ္ႀကီးေရ ဂီတအႏုပညာလာကမွာ အခ်ိန္အတိုတြင္း အသံခ်ိဳခ်ိဳေလးနဲ႕ ပရိသတ္ေတြရဲ႕ အသည္းေတြကို သိမ္းပိုက္နိုင္ခဲ့သူကေတာ့ အဆိုေတာ္မေလး ေမမဒီ ပဲျဖစ္ပါတယ္။

ေမမဒီဟာ Myanmar idol season – 3 ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ကာ အႏုပညာနယ္ပယ္ထဲကို စတင္ေလွ်ာက္လွမ္းလာခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေမမဒီက ပရိသတ္ေတြကို အေကာင္းဆုံးေဖ်ာ္ေျဖေပးနိုင္တဲ့

အဆိုေတာ္ေကာင္းတစ္ေယာက္ျဖစ္ေအာင္လည္း ႀကိဳးစားေနတာကို ေတြ႕ရပါတယ္။ ဒီကေန႕မွာေတာ့ ေမမဒီဟာ ၾသဂုတ္လအတြင္း ကံမေကာင္းအႀကိမ္ႀကိမ္ျဖစ္ခဲ့ရတဲ့အေၾကာင္းကို အခုလိုပဲေျပာျပလာပါတယ္။

ေမမဒီက “အမွန္တိုင္းေျပာရရင္ ဒီ ၈ လပိုင္းဟာ သက္တန္းတေလွ်ာက္ လုံးရဲ႕ ေနထိုင္လာခဲ့သမွ်မွာ အေၾကာက္တရားလႊမ္းမိုးမႈ႕အႀကီးဆုံး လျဖစ္တယ္။ အျမန္လမ္းမွာ ေသဖို႔ျဖစ္ခဲ့တာ ၂ႀကိမ္တိတိျဖစ္ၿပီး

ကံေကာင္းစြာနဲ႕ အထိအခိုက္နည္းစြာျပန္ရွင္လာနိုင္ခဲ့တယ္။ မ်က္စိ တစ္မွိတ္မွာ ငါေသၿပီလို႔ေတြးၿပီး သရဏဂုဏ္ တည္နိုင္ခဲ့တယ္ အဆိုးထဲကအေကာင္းကိုယ္သိလိုက္ရတာက ‌ေသၿပီဆိုတဲ့အေတြးထဲမွာတင္

စြဲလန္းမႈ႕ေတြမပါပဲ ဘာအစြဲမွမရွိပဲ လြတ္လြတ္ကင္းကင္း ဘုရားကိုပဲအာ႐ုံျပဳနိုင္ခဲ့တယ္။ ယုံၾကည္ရာ ကိုးကြယ္ရာ ဘာသာတရား ဘုရား တရား မေမ့ၾကပါနဲ႕။

တကယ္ျဖစ္လာတဲ့အခါမွာ ဘုရား တရား ရဲ႕ ကုသိုလ္ကံနဲ႕ မျမင္ရတဲ့အေစာင့္အေရွာက္ေတြကပဲ ကယ္တင္ခဲ့တာမို႔ ျမင္ရတဲ့အရာေတြထက္ မျမင္ရတဲ့အရာကိုပိုယုံၾကည္ၿပီး

အားကိုးလာမိတယ္။ အထူးသျဖင့္ ” ၾကာသာပေတး ” သားသမီးေတြပိုဂ႐ုစိုက္ရမယ့္ လလို႔ထင္ပါတယ္။ ဒီ ၈/၉/၁၀ လေတြမွာ သြားလာေနထိုင္စားေသာက္ အားလုံးသတိကပ္ေနထိုင္ၿပီး

ဘုရား တရား ကိုလုံးဝ မေမ့ဖို႔ အႀကံျပဳခ်င္ပါတယ္။ ကံေကာင္းလို႔သာ ဒီစာကို ဒီေန႕မွာေရးနိုင္တာပါ။ ကိုယ္ေတြ႕ခံစားေတြ႕ႀကဳံရေသာအရာမ်ားႏွင့္ယွဥ္၍ ေမတၱာျဖင့္” ဆိုၿပီး ေျပာလာပါတယ္။

ႏွစ္ႀကိမ္တိတိအႏၲရယ္ႀကဳံေတြ႕ခဲ့ရတဲ့ ေမမဒီေလးဘုရားတရားမေမ့ေလ်ာ့တဲ့အက်ိဳးအားေၾကာင့္ ခုလိုအႏၲရယ္ကင္းစြာနဲ႕ျပန္ရွင္သန္လာခဲ့တာပဲျဖစ္ပါတယ္ေနာ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*