အိမ်တွင်းရေး အရှုပ်အရှင်း‌တွေကို ဗန်းပြပြီး အနုပညာလောကထဲဝင်ရောက်လာတဲ့ သူတွေကို အထင်မကြီး လက်မခံကြောင်းပြောလာတဲ့ မြတ်သူသူ
MRTV-4သရုပ်ဆောင်မင်းသမီးချောလေး တစ်လတ်ဖြစ်တဲ့ မြတ်သူသူကို လူတိုင်းသိကြလိမ့်မယ်လို့ထင်ပါတယ်။ သူမ ဟာ ချစ်သူလေးနဲ့အတူ စုံတွဲပုံလေးတွေဝေမျှလေ့ရှိပြီး
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သာ ယာပျော်ရွှင်စရာကောင်းတဲ့ Relationshipတစ်ခုကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သူမဟာ လူတွေရဲ့ စိတ်ဝင်စားမှုခံရအောင် တမင်လူမှုရေးပြသာနာ တွေကို
လိုင်းပေါ်တင်ပြီး ဆယ်လီယောင်ယောင်နဲ့ အနုပညာ ဘက်ကို ဝင်ရောက်လာတဲ့သူတွေကို အားမပေးကြောင်း အခု လို ပြောပြလာခဲ့ပါတယ်။”ခုတလော ဘယ်သူ့အတွက်မှ အကျိုးမရှိ မလိုအပ်တဲ့
အတင်းအဖျင်းသာသာ ခေါင်းစဉ်တွေနဲ့ ကိုယ့် Newfeed မှာ ပေါ်လာသမျှ Page တွေ လူတွေ အကုန် Block/ Hide All လုပ်ပစ်ပါတယ် အရေးမပါတာတွေ အရာပေးရင်း လူတွေ ရဲ့စိတ်ဝင်စားမှုခံရတာမှာ သာယာမိပြီး
အမှားအမှန်မခွဲခြား လုပ်သင့် မလုပ်သင့်မခွဲခြားတော့ပဲ နာမည်သိ လူသိရင်ပြီး ရော လုပ်လာတဲ့လုပ်ရပ်တွေကို အားပေးမိနေမှန်းမသိပဲ အားပေးသလိုဖြစ်နေတာမျိုး မလုပ်နိုင်လို့ပါ လူသိလာရင် ဒီလောကထဲပဲ ဝင်လာကြဦးမယ်။
ပြီးရင် ဒီ လောကကလူတွေက ဘယ်လိုဆိုပြီး ဝါးလုံးရှည်နဲ့သိမ်းရိုက် ခံကြရပါဦးမယ်။ ခုကာလကရော တကယ်စိတ်ချမ်းသာစရာ ကောင်းနေလို့လား။ အားလုံးစိတ်ပင်ပန်းမှုတွေကို ကိုယ့် နည်းကိုယ့်ဟန်နဲ့
ကြိုးစားအားတင်းထားကြတဲ့သူတွေ အား လုံးလိုလိုပါပဲ။ မနာလိုလည်းဖြစ်စရာမရှိပါဘူး။ ကိုယ်လည်း အချိန်အတိုင်း အတာတခုထိ အနုပညာလုပ်ခဲ့ပြီးပါပြီ။ တကယ်နေရာရ သင့်တဲ့သူတွေဆိုရင်တော့ တမျိုးပေါ့လေ။
တကယ်သိက္ခာ ထိန်းပြီး ကြိုးစားခဲ့ရတဲ့ဘဝတူတွေကတော့ နေရာတွေ ခုထိပျောက်နေဆဲပဲ “ဆိုပြီး ရေးသားလာခဲ့ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*