မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ စူးရှထက်ကတော့ အဆိုတော်တစ်ယောက်နဲ့အမှုအခင်းဖြစ်ခဲ့ပြီးနောက် လူသိများလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အခုဆိုရင် အမှုအခင်းကိစ္စလည်း အေးအေးဆေးဆေးဖြစ်သွားခဲ့ကာ စူးရှထက်ကလည်း သူမရဲ့ဘဝကိုသူမ အကောင်းဆုံး ဖြတ်သန်းရင်း အနုပညာအလုပ်တွေကို
ဆက်လက်လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ ဒါ့အပြင် စူးရှထက်ဟာ သူမရဲ့ ချစ်သူဆီက လက်ထပ်ခွင့်ကိုလည်း လက်ခံရရှိထားခဲ့ပြီဖြစ်ပြီး သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး
ပရိသတ်တွေကို ပွင့်လင်းစွာချပြလာခဲ့တာပဲဖြစ်ပါတယ်။ စူးရှထက်က “ငွေရှိတာမရှိတာထက် ကျွန်မဘဝကို စိတ်ရောလူရော လုံခြုံမှု့ပေးနိုင်တဲ့သူ public မှာ ချပြနိုင်တဲ့ သူကိုပဲ ရွေးချယ်တယ်
တွဲလာတာ၄နှစ်ကျော် မျက်နှာတစ်ချက်အပျက်မခံဘူး သူတွက်ဆိုဆံပင်ဆိုင်မှာခေါင်းတောင်မလျှော်ရှာဘူး အင်္ကျီဆိုလဲဘယ်တော့မှဝယ်ဘူး ကိုဟိုဟာလေးလှတယ်နော် ဒီဟာလေးလှတယ်နော်ပြောဒါနဲ့
ဂတုံးလေးကြိုက်လို့လား ယူဆိုတာကြီးပဲ ကိုယ်ကလဲ သူချစ်မှန်းသိလို့ ဆိုးလိုက်တာဆိုတာ အဲ့တာလဲဘယ်တော့မှ အပစ်မမြင်တဲ့အပြင် သူကိုထားမသွားပါနဲ့တဲ့ သူကိုမချစ်တော့ဘူးလား အမြဲမေးနေကြ
သတိရတိုင်း အော် ဂတုံးလို့ခေါ်တာ ကျွန်မကိုနော် သူနဲ့စကြိုက်တုန်းက ကျွန်မက ဂတုံးကြီးနဲ့ မျက်နှာမှာလဲ ဝက်ခြံတွေကြီးပဲ ရုပ်ဆိုးလွန်းလို့ မှန်တောင်မကြည့်ဘူး အဲ့တာလဲ သူက
အရမ်းလှတယ်တဲ့ ဟီး ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။ စူးရှထက်ကတော့ သူမရဲ့အကောင်း၊ အဆိုးအားလုံးကို လက်ခံပေးပြီး သူမအပေါ် စွန့်လွှတ်အနစ်နာခံတဲ့စိတ်နဲ့ ချစ်တဲ့ ချစ်သူကောင်းတစ်ယောက်ကို
ပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။ စူးရှထက်တို့ချစ်သူနှစ်ယောက် အခုလိုပဲ အမြဲတမ်းပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
တွဲလာတာ၎နှစ်ကျော် မျက်နှာတစ်ချက်အပျက်မခံဘူး သူတွက်ဆိုဆံပင်ဆိုင်မှာခေါင်းတောင်မလျှော်ရှာဘူး အင်္ကျီဆိုလဲဘယ်တော့မှဝယ်ဘူး ကိုဟိုဟာလေးလှတယ်နော် ဒီဟာလေးလှတယ်နော်ပြောဒါနဲ့
Leave a Reply