ငယ်ငယ်ရွယ်ရွယ်နဲ့ ထီးဖြူဆောင်းခွင့်ရတဲ့ နိုင်ငံကျော် လက်ရေးလှ ကိုရင်လေးသိက္ခာတော်ရဆရာတော် ကြီးလိုမျက်လွှာချကာ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဆုပေးပွဲမှာ အပူဇော်ခံနေတဲ့ငယ်ငယ်ရွယ်ရွယ်နဲ့ ထီးဖြူဆောင်းခွင့်ရနိုင်ငံကျော် လက်ရေးလှ ကိုရင် ရှင်ခေမိဿရယနေ့၂၁-၂-၂၀၂၂ တွင်“
ပရိယတ္တိနုဂ္ဂဟ သာသနသိပ္ပံသာမဏေ ကျော်(တောင်ငူ) တိုက်တွင်းစာမေးပွဲ” ဂုဏ်ထူးဆု နှင့် စာအောင်ဆုရ သံဃာတော်များအား ဆုနှင်းသဘင် အခမ်းအနားကို
သာသနသိပ္ပံကျောင်းတိုက် တောင်ငူမြို့တွင်ပြုလုပ်ကျင်းပခဲ့ပါသည်။ ကျွန်တော်တို့ရဲ့နိုင်ငံကျော် လက်ရေးလှကိုရင် ရှင်ခေမိဿရကတော့ ဒုတိယ ဂုဏ်ထူးအောင်ဖြစ်လို့
ထီးဖြူတော်မိုးတွေနဲ့ ကြည်ညိုစရာထီးဖြူဆောင်းခွင့်ရခဲ့ပါတယ်။ သီတာရုံပရိယတ္တိစာသင်တိုက်မှလက်ရေးလှဖြင့် ထူးခြားစွာ လူသိများလာသောလက်ရေးလှကိုရင်
ရှင်ခေမိဿရ ၏ရှေ့အနာဂါတ်သည် သီတာရုံကျောင်း၏ သိက္ခာတောင်ငူ၏ ကျက်သရေသာသနာ၏ အားကိုးရာ ဖြစ်ပါစေ ဟုယုံကြည်မျှော်လင့်စွာဖြင့် ဆုတောင်း ပူဇော်လိုက်ရပါသည်။ပုံများကို ရှင်နန္ဒိသေ နထံမှကူးယူဖော်ပြသည်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply