ဓာတ်တိုင်များတွင် ချည်နှောင်ချိတ်ဆက်ထားသော အင်တာနက် ဖိုက်ဘာ (Wifi) ကြိုးများကို စည်ပင်နှင့် လျှပ်စစ်က ဖြတ်တောက်ဖယ်ရှားနေ

ရန်ကုန်တိုင်းတွင်းရှိ ဓာတ်တိုင်များတွင် ချည်နှောင်ချိတ်ဆက်ထားသော အင်တာနက် ဖိုက်ဘာနှင့် Wifi ကြိုးတွေကို စည်ပင်နှင့် လျှပ်စစ်က ဖြတ်တောက် ဖယ်ရှားနေသဖြင့်

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

မြို့နယ်အများစုတွင် အင်တာနက်များ ပြတ်တောက်နေကြောင်း သိရပါတယ်။ “ဒီဓာတ်တိုင်တွေမှာ ချိတ်ထားတဲ့ Wifi ကြိုးတွေ၊ အင်တာနက် ဖိုက်ဘာလိုင်းတွေက တရားမဝင်ဘူး။

ဒါကြောင့် ဖယ်ရှားတာဆိုပြီး ကြိုးတွေ အကုန်ဖြတ်ချနေတာ။ စီမံချက်လို့ လည်းပြောတယ်။ Wifi Box တွေဆို တူတွေနဲ့ ရိုက်ထုပြီး ဖြုတ်ချသွားတာ” ဟု ရန်ကုန်မြို့ခံတစ်ဦးက

၎င်းတွေ့ကြုံရသည့် အခြေအနေများကို ရှင်းပြပါတယ်။ ယနေ့ အင်းစိန်မြို့သစ်၊ ဘုရင့်နောင်လမ်းမကြီးပေါ်မှ ဓာတ်တိုင်တွေမှာ ချည်နှောင် ချိတ်ဆက်ထားတဲ့ Wifi အင်တာနက် ကြိုးတွေနဲ့

ဖိုက်ဘာအင်တာနက်ကြိုးတွေကို စည်ပင်နှင့် လျှပ်စစ်ဌာနက ဖယ်ရှား ဖြတ်တောက်နေကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။”အင်းစိန်မြို့သစ်၊ ဘုရင့်နောင်လမ်းမကြီး၊ ဓာတ်တွေတိုင်တွေပေါ်တက်ပြီး

Wifiကြိုးတွေလိုက်ဖြတ်နေတယ်။ ဒီညနေ ၅ နာရီလောက်က” ဟု အင်းစိန်မှ ပြည်သူတစ်ဦးကလည်း ပြောပါတယ်။ “ဖေ့ဘုတ်စ်တွေ လူမှုကွန်ရက်တွေ အင်တာနက်သုံးနေရင် စစ်တပ်က ယု တ်မာတာ၊ လူတွေသ တ်နေတာ

ကြည့်နေမှာစိုးလို့ထင်တာပဲ။ ပြည်သူတွေက Click လုပ်ပြီး PDF နှင့် NUG များ ဝင်ငွေရသည်ကိုလည်း ဖြ တ်တောက်ချင်တဲ့ သဘောကို တွေ့ရပါတယ်။ နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဒီလို ဖယ်ရှားတယ်ထင်ပါတယ်” ဟု

ရန်ကုန်မြို့ခံတစ်ဦးက ဆက်လက်ပြောခဲ့ပါတယ်။ ဓာတ်ပုံ- ယမနေ့ ညနေ ၅ နာရီအချိန် အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး ပေါ် ရှိ ဓာတ်တိုင်များမှ အင်တာနက်ဖိုက်ဘာနှင့် WiFi ကြိုးများကို စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများက ဖယ်ရှားနေစဉ်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

ရန္ကုန္တိုင္းတြင္းရွိ ဓာတ္တိုင္မ်ားတြင္ ခ်ည္ေႏွာင္ခ်ိတ္ဆက္ထားေသာ အင္တာနက္ ဖိုက္ဘာႏွင့္ Wifi ႀကိဳးေတြကို စည္ပင္ႏွင့္ လွ်ပ္စစ္က ျဖတ္ေတာက္ ဖယ္ရွားေနသျဖင့္

ၿမိဳ႕နယ္အမ်ားစုတြင္ အင္တာနက္မ်ား ျပတ္ေတာက္ေနေၾကာင္း သိရပါတယ္။ “ဒီဓာတ္တိုင္ေတြမွာ ခ်ိတ္ထားတဲ့ Wifi ႀကိဳးေတြ၊ အင္တာနက္ ဖိုက္ဘာလိုင္းေတြက တရားမဝင္ဘူး။

ဒါေၾကာင့္ ဖယ္ရွားတာဆိုၿပီး ႀကိဳးေတြ အကုန္ျဖတ္ခ်ေနတာ။ စီမံခ်က္လို႔ လည္းေျပာတယ္။ Wifi Box ေတြဆို တူေတြနဲ႕ ရိုက္ထုၿပီး ျဖဳတ္ခ်သြားတာ” ဟု ရန္ကုန္ၿမိဳ႕ခံတစ္ဦးက

၎ေတြ႕ႀကဳံရသည့္ အေျခအေနမ်ားကို ရွင္းျပပါတယ္။ ယေန႕ အင္းစိန္ၿမိဳ႕သစ္၊ ဘုရင့္ေနာင္လမ္းမႀကီးေပၚမွ ဓာတ္တိုင္ေတြမွာ ခ်ည္ေႏွာင္ ခ်ိတ္ဆက္ထားတဲ့ Wifi အင္တာနက္ ႀကိဳးေတြနဲ႕

ဖိုက္ဘာအင္တာနက္ႀကိဳးေတြကို စည္ပင္ႏွင့္ လွ်ပ္စစ္ဌာနက ဖယ္ရွား ျဖတ္ေတာက္ေနေၾကာင္း ေဒသခံတစ္ဦးက ေျပာပါတယ္။”အင္းစိန္ၿမိဳ႕သစ္၊ ဘုရင့္ေနာင္လမ္းမႀကီး၊ ဓာတ္ေတြတိုင္ေတြေပၚတက္ၿပီး

Wifiႀကိဳးေတြလိုက္ျဖတ္ေနတယ္။ ဒီညေန ၅ နာရီေလာက္က” ဟု အင္းစိန္မွ ျပည္သူတစ္ဦးကလည္း ေျပာပါတယ္။ “ေဖ့ဘုတ္စ္ေတြ လူမႈကြန္ရက္ေတြ အင္တာနက္သုံးေနရင္ စစ္တပ္က ယု တ္မာတာ၊ လူေတြသ တ္ေနတာ

ၾကည့္ေနမွာစိုးလို႔ထင္တာပဲ။ ျပည္သူေတြက Click လုပ္ၿပီး PDF ႏွင့္ NUG မ်ား ဝင္ေငြရသည္ကိုလည္း ျဖ တ္ေတာက္ခ်င္တဲ့ သေဘာကို ေတြ႕ရပါတယ္။ နိုင္ငံေရးရည္႐ြယ္ခ်က္နဲ႕ ဒီလို ဖယ္ရွားတယ္ထင္ပါတယ္” ဟု

ရန္ကုန္ၿမိဳ႕ခံတစ္ဦးက ဆက္လက္ေျပာခဲ့ပါတယ္။ ဓာတ္ပုံ- ယမေန႕ ညေန ၅ နာရီအခ်ိန္ အင္းစိန္ၿမိဳ႕နယ္၊ ဘုရင့္ေနာင္လမ္းမႀကီး ေပၚ ရွိ ဓာတ္တိုင္မ်ားမွ အင္တာနက္ဖိုက္ဘာႏွင့္ WiFi ႀကိဳးမ်ားကို စစ္ေကာင္စီလက္ေအာက္ခံ ဝန္ထမ္းမ်ားက ဖယ္ရွားေနစဥ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*