ညီမလေးဖြစ်သူနှင့် တွဲပြီး အိမ်တိုင်ရာ အရောက် ဝန်ဆောင်မှုပေးမယ့် လုပ်ငန်းလေး တစ်ခုကို စတင်မိတ်ဆက်လာတဲ့ အဆိုတော် Lဆိုင်းဇီ
မင်္ဂလာပါ ပရိသတ်ကြီး ချစ်စရာကောင်းတဲ့ တိုင်းရင်းသူလေး တစ်ယောက်ဖြစ်တဲ့ Lဆိုင်းဇီကတော့ အသံကြည်ကြည် ချိုချို အေးအေးလေးနဲ့သီချင်းကောင်းတွေကို
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သီဆိုတတ်သူ တစ်ယောက် ဖြစ်ပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ စွဲနေစေတဲ့ သီချင်းလေးတွေ များစွာ ဖန်တီးသီဆိုခဲ့ သူ့ါနော်။ ပရိသတ်တွေ ချစ်ရတဲ့ L ဆိုင်းဇီဟာ အခုဆိုရင်
တည်ငြိမ် ရင့်ကျက်တဲ့ အသက်အရွယ် တစ်ခုကို ရောက်ရှိလာပြီဖြစ်တဲ့ အတွက် အနုပညာအလုပ်တွေ နဲ့အတူပြင်ပလုပ်ငန်းလေး ဖြစ်တဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခုကိုလည်း စတင်နိုင်ဖို့
ပြင်ဆင်နေသူလေး တစ်ယောက်လည်းပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း Lဆိုင်းဇီက သူမရဲ့တဝမ်းကွဲ ညီမလေးနဲ့ ပူးပေါင်းပြီး အမျိုးသမီးတွေအတွက် အိမ်အရောက်လှမ်းလာ ပေးမယ့်
ဝန်ဆောင်မှု လုပ်ငန်းတစ်ခုအကြောင်း အခုလိုပဲ အသိပေး လာခဲ့ပါတယ်။Lဆိုင်းဇီ က “Hello အားလုံးပဲ မင်္ဂလာပါ ရှင့် ဒီနေ့ ဆိုင်းဇီရဲ့ ညီမလေး တဝမ်းကွဲနဲ့ အတူ ပေါင်းပြီး လုပ်ဆောင်တဲ့
Business အသေးလေး အကြောင်းမိတ်ဆက် ချင်ပါတယ်ရှင့် အစကတော့ ” GLORY GIRL BEAUTYSALOON ” အသေးလေးစပြီး ဖွင့် လုပ်မယ်လို့ စီစဉ်ခဲ့ စဉ်းစားခဲ့ပေမဲ့ ကိုဗစ် 2020 မှာ စဖြစ်သွားခဲ့တော့ စီစဉ်ထားသမျှ
အစီအဉ်လေးတွေပျက်သွားခဲ့တာ ပေါ့နော်။ သို့သော်လဲ တဖက်က ကြည့်ရင် ဘုရားသခင်ကျေးဇူးတော် အထူးပင် အထူးပင်ချီးမွမ်းမိပါတယ်။ ဆိုင်များ ဖွင့်ဖြစ်ခဲ့ရင် ဒီအချိန် မလွယ်ကူလောက် ပါဘူး။
ဆိုင်ခန်းခတွေ ဘာတွေနဲ့ ဆိုတော့လေ၊ ဆိုင်လဲ ကိုဗစ်နဲ့မို့ ဖွင့်တဲ့ရက်နည်းပြီး ပိတ်တဲ့ရက်က များနေမှာ မဟုတ်လားလေနော်။ ဒါကြောင့် ဆိုင်းဇီ စဉ်းစားမိလိုက်တာကတော့ အခုအချိန် အိမ်ထဲ မှာနေရင်း
အပြင်ထွက်ဖို့ အဆင်မပြေတဲ့ မိတ်ဆွေများအတွက် အိမ်အရောက်ဝန်ဆောင်မှူ့လေးကို ဈေးနှုန်း သင့်တင်စွာနဲ့ ဝန်ဆောင်မှူ့လေး ပေးပါရစေလားရှင့် ကျွန်မ ညီမလေး တဝမ်းကွဲ ညီမလေးဧလီ က
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ ဆိုင်ဖွင့်ပြီးသက်တမ်း 10 နှစ်ကျော် လုပ်ကိုင်ခဲ့တဲ့ Professional ညီမလေးပါပဲရှင့် ( ကိုယ့်ညီမမို့ ကိုယ်မြှောက်ပြောတာ မဟုတ်ပါဘူးနော့် ) ” ဆိုပြီး ပြောပြလာ ပါတယ်။
ပရိသတ်အချစ်တော် အဆိုတော် Lဆိုင်းဇီကတော့ ကုန်ဈေးနှုန်းတွေရော ဆိုင်ခန်းခတွေရော အစစ အရာရာ ဈေးတက်နေချိန်မှာ ဆိုင်မဖွင့်လှစ်တော့ဘဲ သူမရဲ့ ညီမလေးနဲ့ ပေါင်းပြီး အိမ်တိုင်ရာရောက်
အလှပြင် ဝန်ဆောင်မှု လုပ်ငန်းလေးကို လုပ်သွားမည် ဖြစ်ကြောင်း ပရိသတ်ကြီးတို့အား အသိပေးရင်း မိတ်ဆက် ကြော်ငြာလာ ခဲ့တာပဲ ဖြစ်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*