(၂)နှစ်ကျော်လောက် အပင်ပန်းခံ ကိုယ်တိုင် တန်ဖိုးထား ကြိုးစားပုံဖော်ခဲ့တဲ့ အရာတစ်ခုအား အခြေအနေအရ အခြား ကုမ္ပဏီထံ လွှဲပြောင်းရောင်းချလိုက်ရတဲ့ အိန္ဒြာကျော်ဇင်

မင်္ဂလာပါ ပရိသတ်ကြီးရေ သရုပ်ဆောင် အကယ်ဒမီများရှင် အိန္ဒြာ ကျော်ဇင် ကတော့ အနုပညာလောကမှာ နှစ်၂၀ကျော်တိုင် အောင်မြင်စွာ ရပ်တည်ထားနိုင်ခဲ့ပြီး လက်ရှိကာလမှာလည်း

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

အအောင်မြင်ဆုံး ထိပ်တန်းမင်းသမီး တစ်လက်အဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိ ပိုင်ဆိုင်ထားတဲ့ မင်းသမီးချော တစ်လက် ဖြစ်ပါတယ်နော်။ အိန္ဒြာကျော်ဇင်ဟာ သရုပ်ဆောင်ကောင်းရုံ သာမက

တည်ငြိမ် အေးချမ်းစွာ နေတတ်သူတစ်ယောက် ဖြစ်သောကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာ လည်းဖြစ်ပါတယ်။ နိုင်ငံကေကျော် စွယ်စုံရ အနုပညာရှင်မောင်နှံ နှစ်ဖော်ဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ကတော့

ပရိသတ်ပြည်သူတွေ အပေါ် အမြဲတစေ တန်ဖိုးထား အလေးပေး ဆက်ဆံသူများပီပီ အာဏာသိမ်း ခံရမှုဖြစ်စဉ်မှာလည်း ပရိသတ်ပြည်သူတွေ နှင့် သဘောဆန္ဒ တူညီစွာဖြင့် ပြည်သူနှင့်အတူ

ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့တာကြောင့် မတရားဖမ်းဆီးခြင်းခံခဲ့ရပြီး လအတန်ကြာမှ ပြန်လည် လွတ်မြောက် လာခဲ့ ရတာလည်းပဲ ဖြစ်ပါတယ်။ ပရိသတ်အချစ်တော် အနုပညာမောင်နှံ နှစ်ဖော်ဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်ဟာ

ပြန်လည်လွတ်မြောက် လာခဲ့သော်လည်း အနုပညာ အလုပ်တွေကို လုံးဝ ရပ်နားထားသလို မည်သည့် ပွဲလမ်းသဘင် အခမ်းအနား တစ်ခုမှ မတတ်ဘဲ နေခဲ့သဖြင့် ပရိသတ်တွေရှေ့မှောက်

ပေါ်ထွက်လာခဲ့ခြင်းမရှိခဲ့ပါဘူး။ သို့ပေမယ့် အိန္ဒြာကျော်ဇင်ဟာ ဒီကနေ့ မှာတော့ ပရိသတ်တွေအတွက် လွန်ခဲ့တဲ့၂နှစ်ကျော် ကာလတုန်းထဲက သူမ ရောင်းချပေးဖို့ စီစဉ်ခဲ့တဲ့ ကုန်ပစ္စည်းလေးတစ်ခု အကြောင်းကို သူမရဲ့အရောင်းဝန်ထမ်း အဖွဲ့မှ တဆင့်

အခုလိုပဲ စိတ်မကောင်းစွာ အသိပေး သတင်းစကားတစ်ခု ပါးလာခဲ့ ပါတယ်။ “အားလုံးပဲ မင်္ဂလာပါ Eaindra Kyaw Zin Merchandise Team အနေနဲ့ဒီနေ့မှာ သတင်းလေး တစ်ခု ပြောပြချင်ပါတယ်။ အစ်မ Eaindra Kyaw Zin ဟာ

လွန်ခဲ့တဲ့ ၂နှစ်ကျော်ကာလကတည်းက သူချစ်တဲ့ ပရိသတ်အတွက် ရေမွှေးကို အမှတ်တရ ဖြန့်ချီပေးချင်ခဲ့တာအားလုံးလည်း သိပြီးသား ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်နော်။ ဒါပေမယ့် အခုအချိန်မှာတော့ အစ်မဟာ ကျန်းမာရေး အခြေအနေကြောင့်

ကိုယ်တိုင် လုပ်ဆောင်နိုင်ခြင်း မရှိတော့ပါဘူး။ ပြီးတော့ ရေမွှေးပုလင်းတွေက သက်တမ်းတစ်ခုလည်း ရှိပြီး ကာလအရှည်ကြီး သိမ်းဆည်းထားဖို့လည်း မဖြစ်နိုင်တာကြောင့် Beauty Diary Co.Ltd ကို

လွှဲပြောင်းရောင်းချလိုက်ပြီ ဖြစ်ပါတယ်။ Beauty Diary ကပဲ အစ်မရဲ့ ပရိသတ်တွေအတွက် အမှတ်တရရေမွှေးပုလင်းလေး တွေကို ဖြန့်ချီပေးသွားမှာပါ။ Beauty Diaryက ဖြန့်ချီတဲ့ အချိန်ကျရင်တော့ အစ်မကိုယ်တိုင်

အပင်ပန်းခံ ကြိုးစားခဲ့တဲ့ ရေမွှေးလေးတွေကို အားပေး အကဲဖြတ်ပေးကြပါဦးလို့ သတင်းစကားလေး ပါးလိုက်ပါတယ်ခင်ဗျာ။ ပရိသတ်တွေ အားလုံးကိုသတိရကြောင်း၊ ပရိသတ်တွေနဲ့ ပြန်ဆုံနိုင်အောင်

ကျန်းမာရေးကို ဂရုစိုက်ပြီး နေထိုင်နေကြောင်းလည်း အစ်မက စကားလက်ဆောင်လေး ပါးခိုင်းလိုက် ပါတယ်။” ဆိုပြီး Eaindra Kyaw Zin Merchandise Teamမှ ပရိသတ်အချစ်တော် မင်းသမီး အူဝဲ ကိုယ်စား ထုတ်ပြန် ပြောကြားပေး လာတာပဲ ဖြစ်ပါတယ်နော်။ ခရက်ဒစ်

Zawgyi code ဖြင့် ဖတ်ရန်

မဂၤလာပါ ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ အကယ္ဒမီမ်ားရွင္ အိႏၵျာ ေက်ာ္ဇင္ ကေတာ့ အႏုပညာေလာကမွာ ႏွစ္၂၀ေက်ာ္တိုင္ ေအာင္ျမင္စြာ ရပ္တည္ထားနိုင္ခဲ့ၿပီး လက္ရွိကာလမွာလည္း

အေအာင္ျမင္ဆုံး ထိပ္တန္းမင္းသမီး တစ္လက္အျဖစ္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို ရရွိ ပိုင္ဆိုင္ထားတဲ့ မင္းသမီးေခ်ာ တစ္လက္ ျဖစ္ပါတယ္ေနာ္။ အိႏၵျာေက်ာ္ဇင္ဟာ သ႐ုပ္ေဆာင္ေကာင္း႐ုံ သာမက

တည္ၿငိမ္ ေအးခ်မ္းစြာ ေနတတ္သူတစ္ေယာက္ ျဖစ္ေသာေၾကာင့္ ပရိသတ္ေတြက အခ်စ္ပိုေနရတာ လည္းျဖစ္ပါတယ္။ နိုင္ငံေကေက်ာ္ စြယ္စုံရ အႏုပညာရွင္ေမာင္ႏွံ ႏွစ္ေဖာ္ျဖစ္တဲ့ ေျပတီဦးနဲ႕ အိႏၵျာေက်ာ္ဇင္တို႔ ကေတာ့

ပရိသတ္ျပည္သူေတြ အေပၚ အၿမဲတေစ တန္ဖိုးထား အေလးေပး ဆက္ဆံသူမ်ားပီပီ အာဏာသိမ္း ခံရမႈျဖစ္စဥ္မွာလည္း ပရိသတ္ျပည္သူေတြ ႏွင့္ သေဘာဆႏၵ တူညီစြာျဖင့္ ျပည္သူႏွင့္အတူ

ရဲရဲဝံ့ဝံ့ ရပ္တည္ခဲ့တာေၾကာင့္ မတရားဖမ္းဆီးျခင္းခံခဲ့ရၿပီး လအတန္ၾကာမွ ျပန္လည္ လြတ္ေျမာက္ လာခဲ့ ရတာလည္းပဲ ျဖစ္ပါတယ္။ ပရိသတ္အခ်စ္ေတာ္ အႏုပညာေမာင္ႏွံ ႏွစ္ေဖာ္ျဖစ္တဲ့ ေျပတီဦးနဲ႕ အိႏၵျာေက်ာ္ဇင္ဟာ

ျပန္လည္လြတ္ေျမာက္ လာခဲ့ေသာ္လည္း အႏုပညာ အလုပ္ေတြကို လုံးဝ ရပ္နားထားသလို မည္သည့္ ပြဲလမ္းသဘင္ အခမ္းအနား တစ္ခုမွ မတတ္ဘဲ ေနခဲ့သျဖင့္ ပရိသတ္ေတြေရွ႕ေမွာက္

ေပၚထြက္လာခဲ့ျခင္းမရွိခဲ့ပါဘူး။ သို႔ေပမယ့္ အိႏၵျာေက်ာ္ဇင္ဟာ ဒီကေန႕ မွာေတာ့ ပရိသတ္ေတြအတြက္ လြန္ခဲ့တဲ့၂ႏွစ္ေက်ာ္ ကာလတုန္းထဲက သူမ ေရာင္းခ်ေပးဖို႔ စီစဥ္ခဲ့တဲ့ ကုန္ပစၥည္းေလးတစ္ခု အေၾကာင္းကို သူမရဲ႕အေရာင္းဝန္ထမ္း အဖြဲ႕မွ တဆင့္

အခုလိုပဲ စိတ္မေကာင္းစြာ အသိေပး သတင္းစကားတစ္ခု ပါးလာခဲ့ ပါတယ္။ “အားလုံးပဲ မဂၤလာပါ Eaindra Kyaw Zin Merchandise Team အေနနဲ႕ဒီေန႕မွာ သတင္းေလး တစ္ခု ေျပာျပခ်င္ပါတယ္။ အစ္မ Eaindra Kyaw Zin ဟာ

လြန္ခဲ့တဲ့ ၂ႏွစ္ေက်ာ္ကာလကတည္းက သူခ်စ္တဲ့ ပရိသတ္အတြက္ ေရေမႊးကို အမွတ္တရ ျဖန႔္ခ်ီေပးခ်င္ခဲ့တာအားလုံးလည္း သိၿပီးသား ျဖစ္လိမ့္မယ္လို႔ ထင္ပါတယ္ေနာ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ အစ္မဟာ က်န္းမာေရး အေျခအေနေၾကာင့္

ကိုယ္တိုင္ လုပ္ေဆာင္နိုင္ျခင္း မရွိေတာ့ပါဘူး။ ၿပီးေတာ့ ေရေမႊးပုလင္းေတြက သက္တမ္းတစ္ခုလည္း ရွိၿပီး ကာလအရွည္ႀကီး သိမ္းဆည္းထားဖို႔လည္း မျဖစ္နိုင္တာေၾကာင့္ Beauty Diary Co.Ltd ကို

လႊဲေျပာင္းေရာင္းခ်လိဳက္ၿပီ ျဖစ္ပါတယ္။ Beauty Diary ကပဲ အစ္မရဲ႕ ပရိသတ္ေတြအတြက္ အမွတ္တရေရေမႊးပုလင္းေလး ေတြကို ျဖန႔္ခ်ီေပးသြားမွာပါ။ Beauty Diaryက ျဖန႔္ခ်ီတဲ့ အခ်ိန္က်ရင္ေတာ့ အစ္မကိုယ္တိုင္

အပင္ပန္းခံ ႀကိဳးစားခဲ့တဲ့ ေရေမႊးေလးေတြကို အားေပး အကဲျဖတ္ေပးၾကပါဦးလို႔ သတင္းစကားေလး ပါးလိုက္ပါတယ္ခင္ဗ်ာ။ ပရိသတ္ေတြ အားလုံးကိုသတိရေၾကာင္း၊ ပရိသတ္ေတြနဲ႕ ျပန္ဆုံနိုင္ေအာင္

က်န္းမာေရးကို ဂ႐ုစိုက္ၿပီး ေနထိုင္ေနေၾကာင္းလည္း အစ္မက စကားလက္ေဆာင္ေလး ပါးခိုင္းလိုက္ ပါတယ္။” ဆိုၿပီး Eaindra Kyaw Zin Merchandise Teamမွ ပရိသတ္အခ်စ္ေတာ္ မင္းသမီး အူဝဲ ကိုယ္စား ထုတ္ျပန္ ေျပာၾကားေပး လာတာပဲ ျဖစ္ပါတယ္ေနာ္။ ခရက္ဒစ္

Be the first to comment

Leave a Reply

Your email address will not be published.


*