
အင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar link က ၎င်းတို့၏ အင်တာနက်လိုင်းပြတ်တောက်ခြင်းမှာ လေပေါ်မှသွယ်တန်းပေးပို့သော ပင်မအဝင်ဆက်ကြောင်းကို
(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)
အမည်မသိတစ်စုံတစ်ရာက ကို က်ဖြတ်ထားခြင်းကြောင့် ဖြစ်သည်ဟု ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် အသိပေးထုတ်ပြန် သည်။Myanmar link အနေဖြင့် အင်တာနက်ပြတ်တောက်ခြင်းပေါ်
ယခုကဲ့သို့ အသိပေး ထားသော်လည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဒိုင်နိုဆော အရုပ်ပါပုံတစ်ခုကိုပါ တင်ထားခြင်းကြောင့် သုံးစွဲသူများကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။” လိုင်းပြတ်တဲ့အတွက်
သုံးစွဲသူကို အသိပေးတာလက်ခံပေမယ့် အသိပေးစာမှာ အသုံးပြုထားတဲ့ ဒိုင်နိုဆောလို သတ္တဝါပုံကိုတော့ယုံရခက် မယုံရခက်ကြီးဗျ။ သူ့ အောက်က မန့်တွေမှာတော့ လိမ်နေတယ်ဆိုပြီးပြောထားတွေအများကြီးပဲ။
မဟုတ် မမှန် ပုံကို သုံးတယ်ဆိုတာကတော့ သုံးစွဲသူကိုစော်ကားတာပဲ” ဟု Myanmar Link သုံးစွဲသူတစ်ဦးက ပြောသည်။ Myanmar link သည် အင်တာနက်ပြတ်တောက်ရသည့် အကြောင်းရင်းနှင့်ပတ်သက်၍
၎င်းတို့၏ Facebook လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အောက်ပါအတိုင်း ထုတ်ပြန် အသိပေးသည်။” ည ၈နာရီ၃၅ မိနစ် ဝန်းကျင်တွင်အင်တာနက်လိုင်းများ ပြတ်တောက်ခြင်းအား ယနေ့ မနက်တွင်
သွားရောက်စစ်ဆေးရာ ရန်ကုန်သို့ပေးပို့ထားသော ခေတ်မီနည်းပညာဖြင့် လေပေါ်မှသွယ်တန်းထားသည့် မိန်းဝင် ဆက်ကြောင်းမှာ အမည်မသိ တစ်စုံတစ်ရာမှ ကြီးကြီးမားမား ကိုက်ဖြတ်ခြင်းအား
တွေ့ရှိခဲ့ပါသည်” ဟု ဆိုထားသည်။ယမန်နေ့ သြဂုတ် ၂၇ ရက် ည ၈နာရီ ၃၅ မိနစ်ချိန်တွင် အင်တာနက်လိုင်း ပြတ်တောက်ခြင်းကို Myanmar link အနေဖြင့် ရည်ညွှန်းပြောဆိုခြင်းဖြစ်ပြီး ထိုနေ့ ညပိုင်းတွင်ပင်
စတင်ပြုပြင်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့ပြင် လတ်တလောတွင် အရန်လိုင်းမှ ထုတ်လွှင့်ပေးထားရခြင်း ဖြစ်သည့် အတွက် အင်တာနက်လိုင်းများ မတည်မငြိမ်ဖြစ်ပေါ်နေမည် ဖြစ်ကြောင်းလည်း
Myanmar link က အသိပေးထားသည်။ ယခု သြဂုတ်လ ဒုတိယပတ်မှစတင်၍ ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် အင်တာနက် ပြတ်တောက်ခြင်း၊ အင်တာနက်လိုင်း (connection) နှေးကွေးခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။
ရန်ကုန်မြို့တွင် အင်တာနက်ဝန်ဆောင်မှုပေးနေသည့် Myanmar Net ၊ Myanmar Link စသည့် အော်ပရေတာများအပြင် အခြားသော အင်တာနက် ဝန်ဆောင်မှု ပေးနေသည့် အော်ပရေတာအားလုံး၏ အင်တာနက်ကွန်နက်ရှင်များမှာ
ကျဆင်းနေခြင်းများနှင့် ကြုံတွေ့နေရသည်။စာတည်း။ ။မောင်ကောင်း စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
အင္တာနက္ဝန္ေဆာင္မႈေပးေနေသာ ကုမၸဏီတစ္ခုျဖစ္သည့္ Myanmar link က ၎တို႔၏ အင္တာနက္လိုင္းျပတ္ေတာက္ျခင္းမွာ ေလေပၚမွသြယ္တန္းေပးပို႔ေသာ ပင္မအဝင္ဆက္ေၾကာင္းကို
အမည္မသိတစ္စုံတစ္ရာက ကို က္ျဖတ္ထားျခင္းေၾကာင့္ ျဖစ္သည္ဟု ယေန႕ ဩဂုတ္လ ၂၈ ရက္ေန႕ ရက္စြဲျဖင့္ အသိေပးထုတ္ျပန္ သည္။Myanmar link အေနျဖင့္ အင္တာနက္ျပတ္ေတာက္ျခင္းေပၚ
ယခုကဲ့သို႔ အသိေပး ထားေသာ္လည္း ၎တို႔၏ ထုတ္ျပန္ခ်က္တြင္ ဒိုင္နိုေဆာ အ႐ုပ္ပါပုံတစ္ခုကိုပါ တင္ထားျခင္းေၾကာင့္ သုံးစြဲသူမ်ားၾကား ေဝဖန္မႈမ်ား ျမင့္တက္လ်က္ရွိသည္။” လိုင္းျပတ္တဲ့အတြက္
သုံးစြဲသူကို အသိေပးတာလက္ခံေပမယ့္ အသိေပးစာမွာ အသုံးျပဳထားတဲ့ ဒိုင္နိုေဆာလို သတၱဝါပုံကိုေတာ့ယုံရခက္ မယုံရခက္ႀကီးဗ်။ သူ႕ ေအာက္က မန႔္ေတြမွာေတာ့ လိမ္ေနတယ္ဆိုၿပီးေျပာထားေတြအမ်ားႀကီးပဲ။
မဟုတ္ မမွန္ ပုံကို သုံးတယ္ဆိုတာကေတာ့ သုံးစြဲသူကိုေစာ္ကားတာပဲ” ဟု Myanmar Link သုံးစြဲသူတစ္ဦးက ေျပာသည္။ Myanmar link သည္ အင္တာနက္ျပတ္ေတာက္ရသည့္ အေၾကာင္းရင္းႏွင့္ပတ္သက္၍
၎တို႔၏ Facebook လူမႈကြန္ရက္စာမ်က္ႏွာမွတစ္ဆင့္ ေအာက္ပါအတိုင္း ထုတ္ျပန္ အသိေပးသည္။” ည ၈နာရီ၃၅ မိနစ္ ဝန္းက်င္တြင္အင္တာနက္လိုင္းမ်ား ျပတ္ေတာက္ျခင္းအား ယေန႕ မနက္တြင္
သြားေရာက္စစ္ေဆးရာ ရန္ကုန္သို႔ေပးပို႔ထားေသာ ေခတ္မီနည္းပညာျဖင့္ ေလေပၚမွသြယ္တန္းထားသည့္ မိန္းဝင္ ဆက္ေၾကာင္းမွာ အမည္မသိ တစ္စုံတစ္ရာမွ ႀကီးႀကီးမားမား ကိုက္ျဖတ္ျခင္းအား
ေတြ႕ရွိခဲ့ပါသည္” ဟု ဆိုထားသည္။ယမန္ေန႕ ၾသဂုတ္ ၂၇ ရက္ ည ၈နာရီ ၃၅ မိနစ္ခ်ိန္တြင္ အင္တာနက္လိုင္း ျပတ္ေတာက္ျခင္းကို Myanmar link အေနျဖင့္ ရည္ၫႊန္းေျပာဆိုျခင္းျဖစ္ၿပီး ထိုေန႕ ညပိုင္းတြင္ပင္
စတင္ျပဳျပင္ေနၿပီျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။ ထို႔ျပင္ လတ္တေလာတြင္ အရန္လိုင္းမွ ထုတ္လႊင့္ေပးထားရျခင္း ျဖစ္သည့္ အတြက္ အင္တာနက္လိုင္းမ်ား မတည္မၿငိမ္ျဖစ္ေပၚေနမည္ ျဖစ္ေၾကာင္းလည္း
Myanmar link က အသိေပးထားသည္။ ယခု ၾသဂုတ္လ ဒုတိယပတ္မွစတင္၍ ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ အင္တာနက္ ျပတ္ေတာက္ျခင္း၊ အင္တာနက္လိုင္း (connection) ေႏွးေကြးျခင္းမ်ား ျဖစ္ေပၚလ်က္ရွိသည္။
ရန္ကုန္ၿမိဳ႕တြင္ အင္တာနက္ဝန္ေဆာင္မႈေပးေနသည့္ Myanmar Net ၊ Myanmar Link စသည့္ ေအာ္ပေရတာမ်ားအျပင္ အျခားေသာ အင္တာနက္ ဝန္ေဆာင္မႈ ေပးေနသည့္ ေအာ္ပေရတာအားလုံး၏ အင္တာနက္ကြန္နက္ရွင္မ်ားမွာ
က်ဆင္းေနျခင္းမ်ားႏွင့္ ႀကဳံေတြ႕ေနရသည္။စာတည္း။ ။ေမာင္ေကာင္း စာမူတည္းျဖတ္။ ။ ေအာင္ေက်ာ္ၿဖိဳး။ ခရက္ဒစ္
Leave a Reply