သတင်းပေါက်ကြားမူကြောင့် ကြို့ပင်ကောက် PDF စခန်းစီးနင်းခံရပြီး စခန်းကျကာ ရဲဘော် ၁၉ ဦးလည်း ဖမ်းဆီးခံခဲ့ရ…See more

ပဲခူးရိုးမအနောက်ခြမ်းမှာတပ်စွဲထားတဲ့ ကြို့ပင်ကောက် ပီဒီအက်ဖ်စခန်းဟာ သတင်းပေါက်ကြားမှုကြောင့် သြဂုတ်လ ၂၆ ရက်မနေ့က စစ်ကောင်စီတပ်တွေရဲ့ စီးနင်းမှုကိုခံခဲ့ရပြီး

(UniCode ျဖင့္ ဖတ္မရသူမ်ားအတြက္ ေအာက္တြင္ ေဇာ္ဂ်ီကုဒ္ျဖင့္ ေဖာ္ျပထားရွိပါသည္)

စခန်းကျကာ ရဲဘော် ၁၉ ဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ စစ်ကောင်စီစစ်ကြောင်းက စခန်းကိုအလွယ်တကူသိမ်းယူကာ တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

“စခန်းကျသွားတယ်၊ စခန်းမှာ ရဲဘော် ၅၀ ရှိပြီး ၁၉ ဦး ဖမ်းဆီးခံလိုက်ရတယ်၊ ၁၁ ဦးလည်း ပျောက်ဆုံးတယ်ဆိုပေမယ့် အချို့ အဆက်အသွယ်ရထားပါတယ်၊ နောက်တခုရှိတာက

ကျနော်တို့စခန်းမှာ လအတော်ကြာနေသွားပြီး စခန်းရဲ့ အတွင်းရေးကို အကုန်သိတဲ့ ကြို့ပင်ကောက် တိုင်းဒေသကြီးလွှတ်တော်အမတ် အောင်ကိုမင်းက စခန်းကနေ လွန်ခဲ့တဲ့လေးလလောက်က ပျောက်သွားပြီး

ပြီးခဲ့တဲ့ ၁ လလောက်က စစ်ကောင်စီဆီမှာ လ က်နက်ချသွားတာရှိတယ်။ အဲလိုပဲ ကျနော်တို့ စခန်းက ဘဦးကလည်း လွန်ခဲ့တဲ့ ၁၅ ရက်လောက်က အညံ့ခံသွားတယ်၊ ဒါဟာ သတင်းပေါက်ကြားမှုကြောင့်

စခန်းကို ကြက်ကလေး ဌက်လေး ဖမ်းသလို ဝင်ဖမ်းသွားတာလို့ ပြောလို့ရတယ်” လို့ စခန်းရဲ့ တာဝန်ခံက ပြောပါတယ်။ စစ်ကောင်စီတပ်ကို ကြားဖြတ်တို က်ခိုက်ဖို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ ကလမ်းကြောင်းတခုကို

ဆွဲမိုင်းဆွဲဖို့ ပြင်ဆင်နေချိန်မှာ စခန်းတည်နေရာကို သတင်းပေါက်သွားတဲ့အတွက် စခန်းအနီးကို ရောက်လာတဲ့စစ်သား ၂ ဦးနဲ့ အနီးဆုံးနေရာမှာရှိနေတဲ့ မြေပြင်စခန်းတာဝန်ခံ တပ်ခွဲမှူးအဂ္ဂက AK 47 နဲ့

အချက် ၂၀ လောက် ပ စ်ခတ်တို က်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီက လ က်နက်ကြီး ၈ ချက်ပ စ်ကာ စခန်းကိုဝင်ရောက် စီးနင်းခဲ့တာလို့လည်း သိရပါတယ်။ အဲဒီစခန်းကို အရင်ကစီးနင်းဖို့

အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ထိုးဖောက်ဖို့ မလွယ်တာကြောင့် စစ်ကောင်စီတပ်တွေဟာ အနီးဝန်းကျင်မှာပဲ တပ်စွဲနေခဲ့ရတယ်လို့လည်း သိရပါတယ်။ ခရက်ဒစ် မြေလတ်အသံ

Zawgyi code ဖြင့် ဖတ်ရန်

ပဲခူးရိုးမအေနာက္ျခမ္းမွာတပ္စြဲထားတဲ့ ႀကိဳ႕ပင္ေကာက္ ပီဒီအက္ဖ္စခန္းဟာ သတင္းေပါက္ၾကားမႈေၾကာင့္ ၾသဂုတ္လ ၂၆ ရက္မေန႕က စစ္ေကာင္စီတပ္ေတြရဲ႕ စီးနင္းမႈကိုခံခဲ့ရၿပီး

စခန္းက်ကာ ရဲေဘာ္ ၁၉ ဦးလည္း ဖမ္းဆီးခံခဲ့ရပါတယ္။ စစ္ေကာင္စီစစ္ေၾကာင္းက စခန္းကိုအလြယ္တကူသိမ္းယူကာ ေတာ္လွန္ေရးရဲေဘာ္ေတြကို ဖမ္းဆီးခဲ့တာလို႔ သိရပါတယ္။

“စခန္းက်သြားတယ္၊ စခန္းမွာ ရဲေဘာ္ ၅၀ ရွိၿပီး ၁၉ ဦး ဖမ္းဆီးခံလိုက္ရတယ္၊ ၁၁ ဦးလည္း ေပ်ာက္ဆုံးတယ္ဆိုေပမယ့္ အခ်ိဳ႕ အဆက္အသြယ္ရထားပါတယ္၊ ေနာက္တခုရွိတာက

က်ေနာ္တို႔စခန္းမွာ လအေတာ္ၾကာေနသြားၿပီး စခန္းရဲ႕ အတြင္းေရးကို အကုန္သိတဲ့ ႀကိဳ႕ပင္ေကာက္ တိုင္းေဒသႀကီးလႊတ္ေတာ္အမတ္ ေအာင္ကိုမင္းက စခန္းကေန လြန္ခဲ့တဲ့ေလးလေလာက္က ေပ်ာက္သြားၿပီး

ၿပီးခဲ့တဲ့ ၁ လေလာက္က စစ္ေကာင္စီဆီမွာ လ က္နက္ခ်သြားတာရွိတယ္။ အဲလိုပဲ က်ေနာ္တို႔ စခန္းက ဘဦးကလည္း လြန္ခဲ့တဲ့ ၁၅ ရက္ေလာက္က အညံ့ခံသြားတယ္၊ ဒါဟာ သတင္းေပါက္ၾကားမႈေၾကာင့္

စခန္းကို ၾကက္ကေလး ဌက္ေလး ဖမ္းသလို ဝင္ဖမ္းသြားတာလို႔ ေျပာလို႔ရတယ္” လို႔ စခန္းရဲ႕ တာဝန္ခံက ေျပာပါတယ္။ စစ္ေကာင္စီတပ္ကို ၾကားျဖတ္တို က္ခိုက္ဖို႔ တပ္ရင္း ၃၈၀၁၊ တပ္ခြဲ ၁ ကလမ္းေၾကာင္းတခုကို

ဆြဲမိုင္းဆြဲဖို႔ ျပင္ဆင္ေနခ်ိန္မွာ စခန္းတည္ေနရာကို သတင္းေပါက္သြားတဲ့အတြက္ စခန္းအနီးကို ေရာက္လာတဲ့စစ္သား ၂ ဦးနဲ႕ အနီးဆုံးေနရာမွာရွိေနတဲ့ ေျမျပင္စခန္းတာဝန္ခံ တပ္ခြဲမႉးအဂၢက AK 47 နဲ႕

အခ်က္ ၂၀ ေလာက္ ပ စ္ခတ္တို က္ခိုက္ခဲ့ေပမယ့္ စစ္ေကာင္စီက လ က္နက္ႀကီး ၈ ခ်က္ပ စ္ကာ စခန္းကိုဝင္ေရာက္ စီးနင္းခဲ့တာလို႔လည္း သိရပါတယ္။ အဲဒီစခန္းကို အရင္ကစီးနင္းဖို႔

အႀကိမ္ႀကိမ္ႀကိဳးစားခဲ့ေပမယ့္ ထိုးေဖာက္ဖို႔ မလြယ္တာေၾကာင့္ စစ္ေကာင္စီတပ္ေတြဟာ အနီးဝန္းက်င္မွာပဲ တပ္စြဲေနခဲ့ရတယ္လို႔လည္း သိရပါတယ္။ ခရက္ဒစ္ ေျမလတ္အသံ

Be the first to comment

Leave a Reply

Your email address will not be published.


*