ပရိသတ်တွေ စိတ်တိုင်းမကျဖြစ်စေခဲ့တဲ့” မိသားစုပြိုင်ပွဲ” ရဲ့ ပြောင်းလဲလိုက်တဲ့ အစီအစဉ်တင်ဆက်မှုအသစ်
Channel 7 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသပြီး တစ်နိုင်ငံလုံးက လူကြီး၊ လူငယ်ပရိသတ်အားလုံးရဲ့ အားပေးမှုကို ရရှိထားတဲ့ ” မိသားစုပြိုင်ပွဲ” အစီအစဉ်ဟာ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ပရိသတ်ကြီးအားလုံးသိပြီးသားအတိုင်း အမေရိကန် နာမည်ကြီးဂိမ်းရှိုးဖြစ်တဲ့ Family Feud ကို ကူးယူထားတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ” မိသားစုပြိုင်ပွဲ” အစီအစဉ်ကို
ပရိသတ်တွေကလည်း လာရောက်ယှဉ်ပြိုင်ကြသလို နာမည်ကြီးအနုပညာရှင်တွေလည်း လာရောက်ပါဝင်ကြတာပဲဖြစ်ပါတယ်။” မိသားစုပြိုင်ပွဲ” အစီအစဉ်ရဲ့ မူလတင်ဆက်သူဟာ အစီအစဉ်တင်ဆက်သူ
ကောင်းထက်ဇော်ဖြစ်ပြီး ကောင်းထက်ဇော်ကပဲ အဆိုပါအစီအစဉ်ကို နှစ်အတော်ကြာတင်ဆက်လာခဲ့ပြီး Covid ရောဂါပျံ့နှံ့နေချိန်မှာလည်း Online ပုံစံနဲ့ ကောင်းထက်ဇော်က ဆက်လက်တင်ဆက်ခဲ့ပါသေးတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့အပတ်ကစပြီး ” မိသားစုပြိုင်ပွဲ” အစီအစဉ်ဟာ ပုံစံအသစ်ပြောင်းလဲသွားခဲ့ပြီး အစီအစဉ်တင်ဆက်သူကောင်းထက်ဇော်နေရာမှာ စိုးထွန်းဝင်းက တင်ဆက်လာခဲ့တာပဲဖြစ်ပါတယ်။
ပရိသတ်တွေကတော့ နှစ်ပေါင်းများစွာ ကြည့်ရှုလာခဲ့တဲ့ ” မိသားစုပြိုင်ပွဲ” အစီအစဉ်ကို ကောင်းထက်ဇော်တင်ဆက်တာကိုပဲ ပိုမိုသဘောကျကြပြီး စိုးထွန်းဝင်းတင်ဆက်တဲ့
” မိသားစုပြိုင်ပွဲ” အစီအစဉ်ကိုတော့ စိတ်တိုင်းမကျမှုတွေရှိနေတယ်လို့ မှတ်ချက်ချနေကြတာပဲဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*